*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 19 August 2013

ဖို နှင့် မ ကိစ္စ။ SEX & LIVING TOGETHER ကိစ္စ။ SINGAPORE ကိစ္စနောက်ဆက်တွဲများ။




အလွန်ပင်ယဉ်ကျေးသိမ့်မွေ့ ပြီး  အနေအထိုင်အပြောအဆို၊ အပြုအမူတို့ များတွင် ကျက်သရေနှင့်မင်္ဂလာ ရှိသောကြောင့် မိန်းမတို့ ကုနြေ္ဒရွှေပေးလို့မရဟု ဆိုပါသည်။
အရှက်သိက္ခာ နှင့်နာမည် ဂုဏ်သတင်းတို့ တွင်အသက်ထက် တန်ဖိုးထားမြတ်နိုးကြသည်။
ယခု၂၁ ရာသစ်တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေး နှင့် မိသားစု စားဝတ်နေရေး ပြေလည်စေရန်အတွက် ဖခင် နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစားရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ ထို့သို့ မိဘများသည် သားသမီးများ ပညာရေး နှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ်ရုန်းကန် ရှာဖွေနေရသော်ငြားလည်း သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်းများနှင့် အပြင်ထွက်လည်ပတ်၊ အများနည်းတူ Shopping တွေထွက်ကြ၊ အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊ ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊ အသောက်အစား တတ်သူများကလည်း အသောက်အစားများနှင့် ကလပ်များတက်ကြ။ ဤကဲ့သို့ ပြုလုပ်နေကြသော သားသမီးများကြောင့် မိဘများသည် သားသမီးများအတွက် ပူပန်ရသည်က တစ်မျိုး၊ စီးပွားရှာရသည်က တစ်မျိုးနှင့် ပူပန်နေရရှာသည်။ သားသမီးများကတော့ သူတို့ မိဘ၏ ရင်တွင်းအပူမီးများကို နားလည်လိမ့်မည် မဟုတ်ပေ။ထိုသို့ ဖြစ်ရပ်များကြားထဲတွင် အဆိုးဆုံးကိစ္စတရပ်ကတော့ မိန်းကလေးများ Living Together အတူတူနေထိုင်ပေါင်းသင်းနေကြခြင်းပါပဲ။ လက်ထပ်ထားခြင်း မဟုတ်သော်ငြားလည်း အိမ်ထောင်သည်များကဲ့သို့ ပြုမူနေကြခြင်းကို အဓိကဆိုလိုပါသည်။

ယနေ့ခေတ်ကြီးတွင် ယောင်္ကျားလေးနှင့် မိန်းကလေးတူတူ နေထိုင်သောအခါတွင် ကိုယ်ဝန်မရရှိစေရန် ဆေးအမျိုးမျိုး နှင့် ထိုးဆေးများလည်း နိုင်ငံတကာမှ ထုတ်လုပ်ထားတာတွေရှိပါသည်.။သို့သော် ထိုဆေးများသုံးစွဲ၇ခြင်း၏ ဆေးအာနိသင်နှင့်မိမိ ကျန်းမာရေးအတွက် ဘာဖြစ်လာမည်ဆိုသည့် ဆိုးကျိုးများကို နားလည်မှုမရှိပဲ သုံးစွဲမှီဝဲနေကြခြင်းပင်ဖြစ်ပါသည်။မိမိတို့ လူမှူပတ်ဝန်းကျင်းတွင် မိတ်ဆွေများလည်းတွေ့ ဖူးမှာပါ ရည်းစားရှိလျှက် AIDS ဖြစ်ခြင်း ၊ ကိုယ်ဝန်ရရှိခြင်း၊ အရှက်ကြောင့်မိမိကိုယ်ကို သတ်သေခြင်း။ ကိုယ်ဝန်တားဆေးများ စား/ထိုးသည့်ကြားမှ ကိုယ်ဝန်ထွက်လာခြင်း။ တစ်ကိုယ်လုံးတွင် အနူကဲ့သို့ ဖြစ်ပေါ်လာပြီး အဖုများထွက်လာခြင်း။ တစ်ကိုယ်လုံးဖောယောင်ခြင်း။ ဖိုမ ဆက်ဆံရာမှ ကူးစက်လာသော သုတ်ရည်ကြောင့် ဆိုးကျိုးများရရှိခြင်း နှင့် အခြားအခြားသောရောဂါနှင့် ဖြစ်စဉ်ပေါင်းစုံ များသည် Living toghter နေထိုင်ခြင်းကြောင့်နှင့် ဆေးများမှီဝဲ ၊ဆေးထိုးခြင်းကြောင့်ဖြစ်ပါသည်။

ယနေ့ခေတ်တွင် နိုင်ငံတိုင်း နေရာတိုင်းတွင် လွပ်လပ်စွာပျော်ပါးခွင့်နေရာများ
အမြောက်အများ ရှိပါသောကြောင့် ချစ်သူအတွဲများသည် လွယ်လင့်တကူပင် အိမ်ထောင်လင်မယားများကဲ့သို့ အ တူတူအိပ် နေထိုင်လျှက်ရှိကြပါသည်။ထို့အပြင် မီဒီယာလောကမှာလည်း Porn ဟုခေါ်သော အပြာရုပ်ရှင်များနှင့် အင်တာနက် sexual websites များသည် ထောင်သောင်းများစွာပေါ်ပေါက်နေသောကြောင့် လူငယ်များကို စိတ်ဓာတ်ကိုနှိုးဆွမှု ဖြစ်စေသဖြင့် လူငယ် ဖိုနှင့်မ များသည် လက်တွေ့ စမ်းသပ်ချင်စိတ်များ တဖွားဖွားဖြစ်နေကြသည်မှာ မုချမလွဲပါ။ လူပျိုအပျိုများကလည်း စိတ်ဆန္ဒကို အကောင်ထည်ဖော်လိုကြသလို ၊ အိမ်ထောင်ရှင်များကလည်း မိမိ ဇနီးသည်/ခင်ပွန်းနှင့်ဝေးကွာသောအခါတွင် စိတ်၏သွေးသားတောင့်တမှုကြောင့် အိမ်ထောင်မှုဖောက်ပြန်ကြတာလည်း အတော်ပင်များပါသည်။ ထိုကဲ့ သို့ကိစ္စများသည် ပြည်တွင်း နှင့် ပြည်ပ တို့တွင် တူညီစွာ ဖြစ်ပေါ်လျှက်ရှိပါသည်။ နိုင်ငံခြားရုပ်ရှင်များ နှင့်ဇတ်လမ်းတွဲများကလည်း လူငယ်များ၏ စိတ်ဓာတ်များကို နေ့စဉ်ဖျက်ဆီးလျှက်ရှိသော်ငြားလည်း ပိတ်ပင်တားဆီးမှုမရှိ/တားဆီးမှု မပြုလုပ်သောနိုင်ငံများတွင်လည်း လွတ်လပ်စွာ ထိုအခွေများနှင့်ဇတ်လမ်းတွဲများကို လွပ်လပ်စွာဝယ်ယူ ကြည့်ရှုနေကြပါပြီ။ (မြန်မာနိုင်ငံမှာဆိုလျှင်လည် လမ်းဘေးတိုင်း ၀ယ်ယူနိုင်ကြသည်ကိုတွေ့ ရှိရပါမည်။)

ထို့ အပြင် နိုင်ငံခြားတိုင်းပြည်များ  ရောက်နေသော မြန်မာပြည်သူ ပြည်သားများ၏ လိင်မှု ဆိုင်ရာနှင့် Living Together ကိစ္စကို ဆက်လက်တင်ပြပေးပါမည်။
 

ယခု ၂၀၁၂ အထိပညာရှင်များ၏  ပြောကြားချက်အရ ပြည်ပရောက်နေသူများသည် လိင်မှုဆိုင်ရာနှင့် Living Together ကိစ္စတွင် ပိုမို စိတ်အားထက်သက်စွာဖြင့် ရာခိုင်းနှုန်းသည် ယခင်နှစ်တွေများထက် ပိုမိုလွန်ကဲစွာ များပြားလာသည်ကို ထောက်ပြဖော်ပြ  ပြောကြားထားကြပါသည်။
ဥပမာ နိုင်ငံခြားတွင် ပညာသင်နေကြသော ကျောင်းသား၊ကျောင်းသူများ နှင့် အလုပ်လုပ်ကိုင်နေထိုင်ကြသူများသည် သူတို့ အားလပ်ချိန်များတွင် ဆန့်ကျင်ဖက်လိင်ကိုသာ ဦးစားပေးစဉ်းစားပြီးအချိန်ကုန်ဆုံးစေလျှက်ရှိကြပါသည်။ ထိုစိတ်များကို နှုတ်ဖြင့် ဟုတ်ပါသလားမေးကြည့်လျှင် လူတိုင်းဝန်ခံမည့် မေးခွန်းမျိုးမဟုတ်ပါ။ အမြင်နှင့် အကဲခတ်လျှင်လုံးဝအသိသာဆုံး ဖြစ်နိုင်ပါသည်။
ဥပမာတခုကိုကြည့်ပါ... မိသားစု တစ်စု သို့ မဟုတ် သူငယ်ချင်းတစ်စုတွင် ,, ' အေးလှိုင် နင်ဒီနေ့ ငါတို့ နဲ့  ဘုန်းကြီးကျောင်းလိုက်ခဲ့ပါလား ' ဟုခေါ်လျှင် တုန့် ပြန်မည့်စကားသည်.....' ဆော၇ီးပါ .ငါဒီနေ့ ငါ့ချစ်သူနဲ့ချိန်ထားတာရှိလို့ သိုမဟုတ် အခြား Reason ရှင်းလင်းချက်ဖြင့် "ငါဒီနေ့ အရေးတကြီးကိစ္စရှိလို့ " စသည့်ပြောပြီး ငြင်းဆိုလိမ့်မည်ကို တွေ့ ရပါမည်။ ဤအချက်တခုသည် သာဓက တစ်ချက်ဖြစ်သည်။

ပြည်ပရောက်မြန်မာ လူမျိုးများ၏ Living Together ကိစ္စွနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုများ

စင်ကာပူနိုင်ငံအကြောင်း

စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုသည် လူမှုကျင့်ဝတ်များကို ဖောက်ဖျက်နေထိုင်လျှက်ရှိကြပါသည်။ အလားတူစွာပင် အဝေးေ၇ာက် မြန်မာအချင်းအချင်း ခေါင်းပုံ ဖြတ်အမြတ်ကြီးထုတ်။ ရန်လို။ ပြိုင်ဆိုင် ၊မနာလိုမှု၊ ဂုန်းလျှော ဂုန်းတိုက်မှုများ၊ ရာထူးအရှိန်ဝါကြောင့် မြန်မာလူမျိုး အချင်းချင်း မတူမတန်စွာ ဆက်ဆံနေကြခြင်း၊ ပညာအရည်ချင်း မိမိထက် နိမ့်သည်ကို နှိမ့်ချပြီး မိမိထက်မြင့်သည့်သူကို ကပ်ဖား နေခြင်း။ အိမ်ထောင်ရေးဖောက်ပြန်ကြခြင်း၊ ရည်းစား အများပြားထားပြီး ပြသနာများရှုပ်နေကြခြင်းနှင့် Living Together ကိစ္စကြောင့် နောက်ဆက်တွဲပြသနာ၊ လိင်မှုကိစ္စ ကြောင့် မိသားစုသားသမီးများကိုလမ်းခွဲ၇ခြင်းများသည် စင်ကာပူရောက်  ရွှေမြန်မာများတွင် အများဆုံး နေ့စဉ်ဖြစ်ပေါ်နေသော အရာကိစ္စများဖြစ်ပါသည်။
ထိုကိစ္စများထဲမှာ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် Living Together ကိစ္စများကို အဓိကဖော်ပြပေးပါမည်။

စင်ကာပူသို့ မြန်မာလူမျိုးအများစုသည် နေ့စဉ်ဆိုသလို ရောက်ရှိလာကြပြီး ကျောင်းတက်သူများနှင့် အလုပ်ရှာဖွေသူများ။ လက်ရှိအလုပ်ကိုင်နှင့်နေထိုင်သူများ။ စင်ကာပူနိုင်ငံသားခံယူထားသူများ ဆိုပြီးအမြောက်များရှိပါသည်။  ထို့ သို့စင်ကာပူသို့ ရောက်ရှိလာသူများထဲတွင်
ကျောင်းသားကျောင်းသူများ သည် Polytechnic ကျောင်းများ။ Accounting နှင့် Business School များ။ Hotel & Tourism Management ကျောင်းတို့ကို လာရောက်တက်ကြား ပညာသင်ယူကြလျှက်ရှိသည်။ 


ထိုသူများသည် စင်ကာပူသို့ရောက်ရှိလာပြီး လပိုင်းအနည်းငယ်အတွင်းမှာ ချစ်သူများကိုယ်စီ ရှာကြသည်။ ချစ်သူများကိုလည်း အပြိုင်အဆိုင်ထားကြသလို့ မိမိချစ်သူဟု တွဲနေသူနှင့် ကလပ်များကို အပတ်စဉ် ကြာသာပတေး နှင့် သောကြာနေ့များတွင် Night Club (student entry free of charge= just present student ID)တက်ရောက်ကြလျှက်ရှိကြပြီး ကလပ်မှမူးပြီးပြန်
လာကြလျှင် Living Together နေထိုင်ကြခြင်း ။အဖွဲ့ လိုက် မိမိတို့ အိပ်ခန်းတွင် Living Together နေထိုင်ကြခြင်းများဖြင့်  ပျော်ပါးတတ်ကြပါသည်။ နောက်ဆက်တွဲဇတ်လမ်းများကတော့ ကိုယ်ဝန် နှင့် မြန်မာပြည်သို့ပြန်သွားရခြင်း ၊ အချို့ မှာ ဆေးရုံဆေးခန်းများသို့ သွားရောက်ဖျက်ချရခြင်း နှင့် မိမိကိုယ်ကို သတ်သေကြခြင်းကြောင့် မြန်မာမိန်းကလေးများ သတင်းသည် ဆေးရုံဆေးခန်းနယ်ပယ် လောကတွင် အလွန်ပင် နာမည်ကျော်ကြားလျှက်ရှိပါသည်။ (မယုံကြည်သူများ သွားရောက် စုံးစမ်းကြည့်ခြင်းဖြင့် သက်သေထူနိုင်ပါလိမ့်မည်။ စင်ကာပူနိုင်ငံသည် ငွေပေးတိုင်း စာရင်းဖျောက်မရသောကြောင့်မြန်မာနာမည်နှင့် IC/NIRC/FIN မှတ်ပုံတင်နံပါတ်များ ဆေးရုံဆေးခန်းများစာရင်းနှင့် Computer System Record ထဲတွင်မုချရှိနေပါသည်) ။ကျောင်းသားကျောင်းသူများသည်လည်း ချစ်သူအတွဲများဖြင့် Living together တခန်းတည်းတွင် ဌားရမ်းနေထိုင်ကြသည် ကို မြန်မာ မိသားစုများကလည်း ငွေရလျှင် လက်ခံ ပြီး အခန်းဌားရမ်းထားကြပါသည်။

အလုပ်သမားများနှင့် ချစ်သူများစင်ကာပူတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများသည် ထိုသူတို့ အလုပ်ပိတ်ရက်များတွင် ဆန့်ကျင်ဖက်လိင်များဖြင့် တူတူ နေထိုင်လျှက်ရှိကြပါသည်။ အိမ်ထောင်ရှိသော သူများကလည်း မိမိအိမ်ထောင်ဖက် ဝေးကွာနေသောကြောင့် အပျော်သဘောနှင့် ဟု အစတွင် တွဲလျှက် အတူတူ နေထိုင်ခဲ့ကြသော်လည်း အချိန်ကာလကြာမြင့်လာသည့်အခါ မြန်မာနိုင်ငံတွင် ကျန်ရစ်နေခဲ့သော မိသားစုနှင့် ကလေးကိုပင် စိတ်ထဲတွင် အေ၇းမပါတော့ပေ။ လစဉ်လည်း မိသားစုအတွက် ငွေမလွှဲနိုင် ပစ္စည်းများမပို့နိုင်တော့ပေ။ လူပျို အပျို လူလွတ်များကလည်း မိဘများကို အစဉ်အမြဲထောက်ပံ့ နေကြသော်လည်း ထိုသူတို့အတွက် အတွဲအဖော်များ ရရှိလာသောအခါ မိဘများကို လစဉ်ငွေလွှဲပို့ခြင်းထောက်ပံ့ခြင်းများ မပြုနိုင်တော့ သဖြင့် မိမိ ကို ကျွေးမွေးခဲ့ပြီး သားသမီးနိုင်ငံခြားရောက်ရန် ပေါင်နှံ ရောင်းချပေးလိုက်ရသည့် ထိုမိဘများဘ၀မှာ အလွန်ပင် သနားဖို့ကောင်းလှပါသည်။ အမျိုးသားများကလည်း အပျော်သဘော နှင့် ဆိုသလိုအချောင်ရလျှင်ရသလို အပျော် ရမ္မက်အတွက် ဖန်တီးရှာဖွေကြသလို မိန်းကလေးများကလည်း မိမိတို့
စင်ကာပူနိုင်ငံတွင် ငွေလည်ပတ်ချောင်လည်ရေး အတွက်နှင့် PR ( Parmenant Resident) အမြဲတမ်းနေထိုင်ခွင့် ရှိသည့်သူများ မည့်သည် အိမ်ထောင်ရှိသည်ဖြစ်စေ လူလွတ်ဖြစ်စေ မိမိအတွက် အခွင့်အလန်းများရှိလျှင် လက်ခံ တွဲဖက်နေထိုင် တတ်ကြသည်။ထိုကဲ့သို့  နှစ်ဦးနှစ်ဖက် Living Together နေထိုင်ကြသောကြောင့် ထိုသူများနှင့် ပတ်သတ် ဆက်နွယ်နေသော မြန်မာပြည်တွင် ကျန်ရှိခဲ့သော မိသားစုနှင့်ကလေးများ ပညာရေး/စားဝတ်နေရေးနှင့် မိဘနှစ်ပါးများအတွက် လစဉ်ငွေလွှဲ ငွေထောက်ပံ့ပေးခြင်း မပြုလုပ်နိုင်တော့ပဲ စင်ကာပူနိုင်ငံမှာ ဆန့်ကျင်ဖက်လိင် အမျိုးသမီး အမျိုးသားများပျော်မြူး ပျော်ရွှင်စွာ နေထိုင်လျှက် ရှိကြသည်။


မိမိ သည်သူတပါးထံမှ အချောင်လိုချင်သဖြင့် မိမိဘ၀ကိုရင်းခြင်း မပြုလုပ်ကြပဲ မိမိတကယ်မေတ္တာစစ်ရှိသော ဘ၀ကြင်ယာဖော်တွေ့ ရှိပြီး ဆင်းရဲချမ်းသာ အေးအတူပူအမျှနေထိုင်ခြင်းသည်
မိမိ၏ စိတ်အားတကယ့်  ပျော်ရွှင်ချမ်းမြေ့သာယာမှု အနှစ်သာ၇ အစစ်ကိုရရှိပါလိမ့်မည်။ မည့်သည်အရာမှ သူတပါးထံမှာ မည်သည့်နည်းနှင့်မျှ သွေးဆောင်ဖြားယောင်း ပေးဆပ် ယူဆောင်ခြင်းမပြုသင့်ဟု ဗုဒ္ဒ၏တရားတော် အဆိုအမိန့်များတွင်ပါရှိသလို အခြားသော ဘာသာတို့၏ ကျမ်းဂံ များတွင်လည်း ပါရှိပါလိမ့်မည်။

ထို့ အပြင် ယနေ့ခေတ်သည် အွန်လိုင်းသည် အင်မတန် တိုးတက် နေသောကြောင့် Facebook။Twitter နှင့် Gtalk ၊ VZO ။ Skype နှင့် Pfingo တို့ ကို အသုံးပြုကာ Online Chatting များဖြင့် ဆန့်ကျင်ဘက် ဖိုနှင့်မ များကို အွန်လိုင်းမှ ရှာဖွေပြီး
ချစ်သူများ ပြုလုပ်ကာ အပြင်မှာချိန်းကြ ပြီး ရက်အနည်းငယ်ကြာသောအခါ Living Together များပြုလုပ်သော လုပ်ရပ်များသည် စင်ကာပူရှိ မြန်မာများ အတွက် ပေါ်ပြူလာ Popular and Famous ဖြစ်လာပြီး နာမည်ကျော်ကြားနေပါသည်။ ရည်းစားလက်ရှိ ရှိနေကြသော သူများကလည်း နောက်ထပ်ချစ်သူများကို အွန်လိုင်း ချက်တင် (Online Chatting ) မှတစ်ဆင့် ထပ်မှာရှာဖွေကြသည်။ နောက်ထပ်တွေ့ သောသူသည် အပြောလည်းကောင်းပြီး ရာထူး နှင့်ငွေပိုရှိ ဂုဏ်ပိုရှိလျှင် ပထမ ချစ်သူကိုခွာပြီး  နောက်တစ်ယောက်ထံသို့ လိုက်သွားလေ့ရှိသည်မှာလည်း အစဉ်အလာ တစ်ခုကဲ့သို့ဖြစ်ပါသည်။ လေလှိုင်းတွင် ပြောချင်ရာပြောပြီး ယုံချင်ရာယုံသူများ သာဓက တခုပြောရလျှင် ကျွန်ုပ်နှင့်အွန်လိုင်းတွင်သိရှိသော အမကြီးတယောက်သည် ၈ နှစ်တိတိ ချစ်သူဖြစ်ခဲ့သော်ငြားလည်း မိမိချစ်သူတွင် ကလေး ၂ ယောက်ရှိသည်ကိုပင် မသိရှိခဲ့ပေ။ ထိုမျှပိရိစွာ လိမ်လည်တက်သောသူ အားနိုင်ငံခြားသွားရန် အတွက်ငွေများလည်း  ထောက်ပံ့ဖူးသည်ဟု သိရှိခဲ့ရပါသည်။ ထို့ ကြောင့် မိတ်ဆွေများအနေဖြင့် မိမိသည် Internet အသုံးပြုပြီး ချစ်သူရှာဖွေလျှင် ဒုက္ခအကြီးအကျယ်ရောက်မည်ကို သဘောပေါက်လက်မခံသေးပါက မိမိကိုယ်တိုင်စမ်းကြည့်ပါ။ ထို့သို့ စမ်းကြည့်လျှင့် တနေ့အဖြေမှန်ပေါ်ပေါက်ပြီးနောင်တရခဲ့လျှင် ကျွန်ုပ်ဖော်ပြသော ဘလော့ပို့စ် ကို သတိပြန်ရကြည့်ပါ။

ထို့ကြောင့် Online သည် လူလိမ်လူညာများ လျှာရိုးမရှိသကဲ့သို့ မိမိအားဘ၀ဖျက်ဆီးရန် အတွက် လာရောက်ကြသော ဆန့်ကျင့်ဘက်လိင်များ ဖိုနှင့်မ များဟု မိမိစိတ်ထဲတွင် နားလည်သဘောပေါက်ထားသင့်ပါသည်။ မိမိသည် မိမိအ၇မ်းအယုံလွယ်ပါက သူငယ်ချင်းများ မိတ်မဖွဲ့ပါနှင့်။ သို့မဟုတ်ပါက မိကောင်းဖခင်သားသမီးမဟုတ် သူများနှင့် လျှာရိုးမရှိသော သူများနှင့် တဏှာရမ္မက်မုဆိုးများ၏ ပြောဆိုကောင်းမှု့အောက်တွင် မေ့မျောသွားပါလိမ့်မည်။ ထိုသို့မေ့မျောသွားပါက ပြင်ပတွင် တွေ့ ရှိသောအခါ မိမိဘ၀သည် ရေတိမ်နစ်မည်ကိုသာ စဉ်းစားကြပါတော့.။

လူသားအားလုံး မိမိ၏အပြုအမူအနေအထိုင် အကျင့်စရိုက်များသည် မိမိတစ်ဦးထဲတင်သာမက မိမိအားမွေးထုတ်ခဲ့သော မိဘနှစ်ပါးနှင့် ဆွေမျိုးအသိုင်းအ၀ိုင်းကိုပါ ထိခိုက်နိုင် အထင်သေးခံ၇နိုင်ပါသောကြောင့် အရာရာတိုင်း ကိုယ် ၊နှုတ် ၊စိတ် ထိုသုံးပါးအား အစဉ်အမြဲ သတိဖြင့် မိမိ
ဦးနှောက်ဖြင့်ထိန်းချုပ်တွေးတော လုပ်ဆောင်ရင်းဖြင့် အနာဂတ်ဘ၀ လမ်းခရီးတွင် ပျော်ရွှင်ချောမွေ့ ဖြောင့်ဖြူးစွာဖြင့် ဘ၀၏ ကြင်ယာဖက် အစစ်မှန်များလည်း တွေ့ ရှိနိုင်ကြပါစေလို့ဆုတောင်းရင်း ဖြင့်.........


           Lamin Maung မှမျှဝေဖေါ်ပြသည်.

No comments:

Post a Comment