*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 2 June 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ပြဿနာပြေလည် ပြီးစီးကြောင်း သတင်းထုတ်ပြန်


IMG 1177


မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား တွင် ဖြစ်ပွားခဲ့သော နယ်စပ် လုံခြုံရေးပြဿနာ ပြေလည် စွာ ဖြေ ရှင်းပြီး စီးပြီး အေးချမ်းလျက် ရှိကြောင်း ဇွန်လ ၁ ရက်နေ့ ညပိုင်းတွင် နေပြည်တော်က သတင်းထုတ်ပြန် သည်။
 
မေလ ၂၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် အဖွဲ့က အဖွဲ့ဝင် တစ်ဦး ပျောက် ဆုံးနေကြောင်း မြန်မာနိုင်ငံ မှ ထိန်းသိမ်း ထားရှိ ပါက ပြန်လွဲပေးစေလိုကြောင်း၊ သေဆုံးပါက အလောင်း အား ပြန်လည်ပေးအပ်စေ လိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ မြန်မာသံရုံး သို့ အကြောင်းကြားခဲ့ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။


မေလ ၂၈ ရက်နေ့ မြန်မာနိုင်ငံ နယ်စပ် မှတ်တိုင် (၅၂) အနီး မှာ အ၀ါရောင်ပြောက်ကျား ၀တ် အမျိုးသား အလောင်း ၁ လောင်း ကို လက်နက် ခဲယမ်း အချို့ ကို တွေ့ရှိသောကြောင့် သိမ်းဆည်း ထားကြောင်း မြန်မာ ဘက် က ပြန်ကြား ခဲ့ပြီး မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် အလောင်း ကို ပြန်ပေး အပ် ခဲ့ကြောင်း သိရသည်။



ဘင်္ဂလားဒေရှ့်× မြန်မာနိုင်ငံ နယ်စပ်ဒေသ တွင် RSO အဖွဲ့ မှ လက်နက်ကိုင် များ ၀င်ရောက်နေပြီး စစ်ဖြစ် ပွားတော့ မည် ဖြစ်ကြောင်း မေလ ၃၁ရက်နေ့နှင့် ဇွန်လ ၁ ၇က်နေ့ လူမှုကွန်ယက်ပေါ် တွင်ရေး သား လျက်ရှိသောကြောင့် ရခိုင်ပြည်နယ် ဒေသခံ အချို့နှင့် မြန်မာနိုင်ငံသား များမှာ စိုးရိမ်ပူပင် ခဲ့ရကြောင်း သိရှိ ရသည်။
 
`အွန်လိုင်း မှာတော့ဘင်္ဂလားဒေရှ့် နဲ့ မြန်မာ စစ်ဖြစ်တော့မယ် ဆိုပြီးရေးသားနေကြပေမဲ့ အခြေ အမြစ် မရှိတော့ မယုံပါဘူး ဒါပေမဲ့ စိတ်တော့ ပူမိတာပေါ့၊ တစ်ခုခု ဆိုရင်တော့ ခုလိုပဲ အစိုးရက သတင်း ထုတ်ပြန်ပေးတာ ကောင်းပါတယ်။ ပြည်သူတွေ အဖြစ်မှန် သိရတာပေါ့`ဟု ကမာရွတ်မြို့နယ် တွင်နေ ထိုင်သူ ဦးခင်မောင်သိန်းက ပြောသည်။
 
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံကြား ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့အား ဆက်လက်ထိန်း သိမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် တွင် ပါဝင်သည်။

No comments:

Post a Comment