၁။ ကိုယ့်ကို အကူအညီမတောင်းမချင်း သူတပါးအလုပ်ကို ၀င်မစွက်ဖက်မိအောင် ပြုမူနေထိုင်ပါ။
  ၂။ ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ စိတ်ဓာတ်မွေးမြူနိုင်အောင် ကြိုးစားပါ။
 
 ၃။ လိုချင်စိတ်တော့ထားပါ။ သို့သော် ငတ်ကြီးမကျမိအောင်ကိုယ့်လောဘကို
 
 ၄။ တဖက်သားအပေါ်မနာလိုဝန်တိုစိတ် မဖြစ်မိစေရန် ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်ထားပါ။
 
 ၅။ ကိုယ့်ဘ၀ကို ကိုယ်တိုင်ပြောင်းလဲမှ ရနိုင်မည်ဆိုသည့်အသိမျိုးကို အမြဲပျိုးထောင်ပေးထားပါ။
 
၆။ ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်ကို လွယ်ကူစွာ ကုစားနိုင်သူဖြစ်အောင် ကြိုးစားပါ။
 
 ၇။ မရဲဘဲ ကျွဲလှည်းစီးချင်တဲ့ စိတ်ဓာတ်မျိုးမမွေးမိအောင် ကြိုးစားပါ။
 
 ၈။ ကောင်းမှုတစ်ခုကို နေ့စဉ်ပြုလုပ်လိုတဲ့စိတ်ဓာတ် မွေးမြူထားပါ။
 
 ၉။ ပူဆွေးဝမ်းနည်းမှုတွေနဲ့အတူ အချိန်မဆွဲမိအောင် ကြိုးစားပါ။
 
 ၁၀။ ဘယ်တော့မှ သတိလက်လွတ်မဖြစ်စေရအောင် ကြိုးစားနေထိုင်ပါ။
 
 ထာဝရအလင်းတန်းများ  မှမျှဝေဖေါ်ပြသည်     
    
No comments:
Post a Comment