*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 14 September 2013

Friday 13th အကြို ကံဆိုးခဲ့သည့် နစ်ကိုးလ်ကစ်ဒ်မင်း


ဟောလီးဝုဒ် နာမည်ကျော် မင်းသမီးသည် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် ကျင်းပသည့် ဖက်ရှင်ပြပွဲ တစ်ခုမှ သူမတည်းခိုသော ဟိုတယ်သို့အပြန် စက်ဘီးတစ်စင်း ခပ်ပြင်းပြင်း ဝင်တိုက်မှုနှင့် ကြုံခဲ့ရသည်။



အနောက်တိုင်းတွင် Friday 13thသည် ကံဆိုး တတ်သည်ဟူသော အယူအစွဲ မျိုး ရှိသော်လည်း နစ်ကိုးလ်ကစ်ဒ်မင်း အနေဖြင့်မူ တစ်ရက်စောပြီး ကံဆိုးသွားခဲ့သည်။ ဟောလီးဝုဒ် နာမည်ကျော် မင်းသမီးသည် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် ကျင်းပသည့် ဖက်ရှင်ပြပွဲ တစ်ခုမှ သူမတည်းခိုသော ဟိုတယ်သို့ အပြန် စက်ဘီးတစ်စင်း ခပ်ပြင်းပြင်း ဝင်တိုက်မှုနှင့် ကြုံခဲ့ရသည်။ အသားရောင်ဖျော့ဖျော့ ပွဲတက် ဝတ်စုံနှင့် နေကာမျက်မှန် တို့ကို တွဲဖက်ဝတ်ဆင် ထားသော မင်းသမီးသည် ယင်းအခြေအနေတွင် စတိုင် မကျနိုင်တော့ဘဲ ဒေါက်ဖိနပ်များပါ ကျွတ်ထွက်ကာ ဖရိုဖရဲ လဲကျခဲ့ရသည်။ သူမကို စက်ဘီးဖြင့် ဝင်တိုက်သူမှာ ကားလ်ဝူ အမည်ရှိ ပါပါရာဇီ ဓာတ်ပုံသမား တစ်ဦးဖြစ်သည်။


ကားလ်သည် နစ်ကိုးလ်ကို ဓာတ်ပုံ ရိုက်လိုဇောဖြင့် ဒရောသောပါး စက်ဘီးစီးလာရင်း အရှိန် မထိန်းနိုင်ဖြစ်ကာ အော်စကာဆုရှင် မင်းသမီးကို ဝင်တိုက်မိခြင်းဟု သိရသည်။ နစ်ကိုးလ် အနေဖြင့် လမ်းပေါ် လဲကျသွားရာမှ လူးလဲထစဉ် နာကျင်နေဟန်ရှိပြီး ကားလ်သည်လည်း စက်ဘီးနှင့်လူ တခြားစီ ပြုတ်ကျခဲ့သည်။ Calvin Klein ဖက်ရှင်ပြပွဲမှ ပြန်လာစဉ် နစ်ကိုးလ်နှင့် တောက်လျှောက် ကပ်ပါလာသော သက်တော်စောင့် များသည်လည်း ရုတ်တရက် ကြုံလိုက်သော အခြေအနေကို တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခဲ့ချေ။ ကားလ်ကို နစ်ကိုးလ်၏ သက်တော်စောင့်များက ကြိမ်းမောင်းနေ သည်  ကိုလည်း  တွေ့ရှိရသည်။

TMZ သတင်းဌာနက နစ်ကိုးလ်သည် အဆိုပါ ပါပါရာဇီ သတင်းသမားကို အလွန်ဒေါသ ထွက်နေပြီး တရားစွဲရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။ စက်ဘီးတိုက်မှု အပြီးတွင် အဆိုပါ ဟိုတယ်သို့ ဆေးရုံကား တစ်စင်း ရောက်လာပြီး နစ်ကိုးလ်၏ အသေးစား ဒဏ်ရာများကို ကုသပေးခဲ့ရသည်။ ကားလ်ကိုလည်း လူသွား လမ်းပေါ် စက်ဘီး တက်စီးခြင်းကို မေးမြန်းစစ်ဆေးရန် ရဲကား တစ်စင်းက လာရောက် ခေါ်ဆောင်သွားသည်။ နယူးယော့ခ် တွင် လူသွားစင်္ကြန်ပေါ် စက်ဘီးစီးခြင်းကို တရားဥပဒေ အရ တားမြစ် ထားကြောင်း သိရှိရသည်။

From: Planet
Myanmar Forward မှမျှဝေဖေါ်ပြသည်..

No comments:

Post a Comment