*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 14 September 2013

ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ၌ ပရလောက သားများ ပူးကပ်မှု ဖြစ်ပွား



ပဲခူးမြို့မှ နာမည်ကြီး ကျောင်းတစ်ကျောင်း ဖြစ်သည့် ယခင်နေရှင်နယ် ကျောင်း(ခေါ်)အမျိုးသား တန်းမြင့်ကျောင်း၊ ယခုအမှတ်(၃)အခြေံပညာ ကျောင်းကြီးတွင်(၆.၉.၂၀၁၃)နေ့နှင့်(၇.၉.၂၀၁၃)နေ့ညက အဌမတန်း (C)မှကျောင်းသူ(၃)ဦးသည် စာသင်ချိန်၌ ပရလောက သား သရဲများဝင် ပူးကပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ၄င်းသတင်းသည် ပဲခူးတစ်မြို့လုံး ပျံ့နှံ့သွားခဲ့သည်။


ဖြစ်ပွားပုံမှာ ပထမနေ့(၆)ရက်နေ့၌ ကျောင်းသူ(၃)ဦး ပူးကပ်ခံရခြင်းဖြစ်ပြီး၊ ဒုတိယနေ့(၇)ရက်နေ့မှာလည်း ၄င်းကျောင်းသူ(၃)ဦးကိုသာ ပရလောက သားများက ထပ်မံဝင်ပူးခြင်း ဖြစ်သည်ကို တွေ့ရသည်။

လက်ရှိကျောင်းအုပ် ဆရာမကြီးသည် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ယခင်အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးများအား ဖိတ်ကြား၍ အကြံအဥာဏ်များ တောင်းခံပြီး၊ ပဲခူးမြို့ မဟာပဒုမစာသင်တိုက်မှ ပဓါန နာယကဆရာတော်အားပင့်ဖိတ် ၍ မေတ္တာသုတ် ပရိတ်တော်၊ ပဌာန်းဒေသနာတော်နှင့်ဥတ်ကမ္မ၀ါ များရွတ်ဖတ် ပြီး ဆရာတော်က ပရလောက သားများ ပူးနေသည့် ကျောင်းသူများ ကိုမေးမြန်း
ခဲ့သည်။

၎င်းကျောင်းသူ(၃)ဦးမှ ပြောပြရာတွင် ပူးကပ်သူ(၃)ဦးတွင် မိန်းကလေး(၂)ဦးနှင့်ယောက်ကျားလေး(၁)ဦးဖြစ်ကြောင်း၊(၁)ဦးက အဌမတန်းအခန်းရှေ့ ဗာဒံပင်တွင်နေ၍(၁)ဦးက ငွေရတုဆောင်၊ အုတ်ကန်တွင်နေကြောင်း၊(၁)ဦးက ကျောင်းအနီး ကုက္ကိုပင်ကြီးတွင် နေထိုင်ကြောင်း လူစားလဲပြီးမှ ကျွတ်မှာဖြစ်ကြောင်း၊ အမှတ်(၃)ကျောင်း ကြီးကို ခင်တွယ်နေကြောင်း၊ ပူးကပ်ခံရသောကျောင်းသူ(၃)ဦးမှပြောသည်။

ဆက်လက်၍ ဆရာတော်ကမေတ္တာပို့အမျှဝေစေကာ အမှတ်(၃)ကျောင်းမှထွက်သွားရန်၊ အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ရာ ပရလောကသားများ ၀င်ပူးနေသော ကျောင်းသူ(၃)ဦးသည် အချိန်အတန်ကြာ ကြမ်းပြင်တွင် လူးလှိမ့်ငိုယိုကာ နောက်ဆုံးတွင် အကောင်းပကတိ ဖြစ်သွားကြသည်ကို မြင်တွေ့ရကြောင်း ၄င်းသတင်းသည်ြမို့နေ ပြည်သူများထံပျံ့နှံ့သွားပြီး လူပြောသူပြောများ နေကြောင်း သိရှိရသည်။

အလင်းရောင်
Myanmar News Now

 drmyochit Friday, September 13, 2013
From...Myanmar Forward

No comments:

Post a Comment