*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 14 March 2014

ယူကရိန်း အရေးကြောင့် မြန်မာ့ရွှေဈေး မြောက်လာ

 


goldshop 
  
ယူကရိန်း အရေးကြောင့် ကမ္ဘာ့ရွှေဈေး အတက်အကျများဖြစ်ပေါ်နေပြီး မြန်မာ့ရွှေဈေးမှာလည်း အခေါက်ရွှေ ရွှေတစ်ကျပ် သားလျှင် ယမန်နေ့ကထက် ကျပ်ခုနှစ်ထောင်ကျော် ဈေးနှုန်းမြင့်တက် လာကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။

အီးယူသမဂ္ဂမှ ယူကရိန်းသို့ငွေချေးမည့် အစီရင်ခံစာနှင့် အမြတ် ရ၍ရောင်းချခြင်း များကြောင့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ရွှေဈေး များကျဆင်းခဲ့ပြီးနောက် ယခုတဖန် ကမ္ဘာ့ရွှေဈေး များပြန်တက်လာခဲ့ခြင်းဖြစ်သည်။


ယူကရိန်းအရေးအပြင် ဘဏ်ငါးခု မှရွှေဈေးကွက် အားချယ်လှယ်နေသည် ဆိုသည့်သတင်း များထွက်ပေါ်နေပြီး အဆိုပါ ကိစ္စအတွက် စုံစမ်းမှုများပြုလုပ်နေသည် ဟုလည်း ကမ္ဘာ့ရွှေဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မတ်လ(၁၂)ရက်နေ့ ကမ္ဘာ့ရွှေဈေးနှုန်း မှာ တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁၃၄၆ ဖြင့်ဈေး ဖွင့်ခဲ့ပြီး မတ်လ(၁၃)ရက် နေ့၌ ကန်ဒေါ်လာ ၁၃၇၂ အထိမြင့်တက်ခဲ့သည်။

မတ်လ(၁၃)ရက်နေ့ မြန်မာ့ရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးနှုန်း အတိုင်းတွက် ရလျှင် အခေါက်ရွှေ တစ်ကျပ် သားလျှင်၇၀၈၀၀၀ကျပ် ဈေးပေါက်ရမည်ဖြစ်သော်လည်း၆၉၁၀၀၀ကျပ်သာ ဈေးပေါက်နေခြင်းဖြစ် သည်ဟု ရန်ကုန်ရွှေဆိုင်အသိုင်းအ၀ိုင်းမှသိရသည်။

“ဒီယူကရိန်း အရေးကြောင့် ကမ္ဘာ့ရွှေဈေးက တက်လိုက်ကျလိုက်ဖြစ်နေတယ်။ မနက် ကတော့ ခြောက်သိန်းရှစ်သောင်းကျော်လို့ တွက်ထားပေမဲ့ ကမ္ဘာ့ရွှေဈေးက တက်သွားတော့ အခု ခြောက်သိန်းကိုးသောင်းကျော် ပေါက်နေတယ်။” ဟု တိတ်စိန်ရွှေဆိုင်မှ ကိုဇော်အောင် က ပြောသည်။

ယခုနှစ် မတ်လရွှေပေါက်ဈေး မှာ ယခင်နှစ် မတ်လရွှေပေါက်ဈေးအောက် ကျပ်ခုသောင်းခန့် ကျဆင်းနေပြီး ပြည်တွင်းရွှေဈေး ကွက် အရောင်းအ၀ယ်မှာ တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆို ချိန်ဖြစ်သဖြင့် အနည်းငယ်အေးနေကြောင်း ရွှေကုန်သည်များထံမှ သိရသည်။

 ကောင်းမြတ်ဖြိုး ( မြစ်မခ )

No comments:

Post a Comment