*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 14 March 2014

MH370 လေယာဉ် လက်မှတ်နှစ်စောင် ကို ၀ယ်ယူသွား ခဲ့သူမှာ Kazem Ali အမည်နှင့် အိရန်နိုင်ငံ သားဖြစ်


Myawady News's photo.Myawady News's photo.

ပျောက်ဆုံးလေယာဉ်ပေါ်သို. Passport အတုဖြင့် လိုက်ပါသွားခဲ့သူ သူတို.(၂) ဦးမှာ ခိုးယူခံထားရ သည့် passport နှစ်အုပ်နှင့် မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH370 လေယာဉ် လက် မှတ်နှစ်စောင်ကို ၀ယ်ယူသွား ခဲ့သူမှာ Kazem Ali အမည်နှင့် အိရန်နိုင်ငံ သားဖြစ်သည်ဟု ထိုင်းရဲ အရာရှိများက ပြောကြားခဲ့သည်။


 Ali က ဥရောပ ရှိနေအိမ်များ သို့ ပြန်ချင်နေသည့် သူငယ်ချင်းနှစ်ယောက်အတွက် ဟုဆို ကာ လေ ယာဉ် လက်မှတ်နှစ်စောင်ကို တယ်လီဖုံးဖြင့်ကြိုတင်မှာယူပြီး၊ ကျသင့်တန်ဖိုးကို Ali သို့မဟုတ် တစ်စုံတစ်ဦးက Ali ၏ ကိုယ်စား ငွေသားဖြင့်ပေးချေသွားခဲ့သည် ဟု ထိုင်းရဲက ဆိုသည်။

 ကွာလာလမ်ပူလေဆိပ်ရှိ လုံခြုံရေး ဗီဒီယိုမှတ်တမ်းများ အရ အခိုးခံထားရသော passport များနှင့် လိုက် ပါသွား သူနှစ်ဦးတို့မှာ အာရှတိုက်သား ရုပ်ရည်များ မဟုတ်ကြဟု မလေးရှား မြို့ပြလေကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Azharuddin Abdul Rahman က တနင်္လာနေ့ က ဆိုသည်။

"အခိုးခံထားရသည့် passport များနှင့် ပျောက်ဆုံးနေသည့်လေယာဉ်ကြီးတို့ ဘယ်လို ဆက်စပ်နေ ကြ သည်ကို ထင်ကြေးပေးပြောဆို ရန် အလွန် တရာစောလွန်းနေသေး သည် ။ 

မည်သည့်ခရီးသည် မဆို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ ၏ မှတ်တမ်း database ထဲတွင်ရှိနေသော အခိုးခံထားရ သည့် passportကို အသုံးပြု၍ နိုင်ငံတကာလေကြောင်း ခရီးစဉ်တစ်ခုတွင် လိုက်ပါ သွားသည် ဆိုခြင်းမှာ အလွန်စိုးရိမ် စရာကောင်း သည်ဟု အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Inter Pol) ၏ အတွင်းရေးမှူး ချုပ် Ronald K. Noble က twitter ပေါ်တွင် ထုတ်ပြန်ထား သည့်ကြေညာ ချက် တွင် ဖေါ်ပြထားသည်။

Source: CNN
From... Myawady News





No comments:

Post a Comment