*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 7 May 2014

သင် ပိုင်ဆိုင် သမျှနှင့် ချမ်းသာစေသော နည်းလမ်း


10313617_488143837953637_522146217992657378_n

” ဘာကြောင့် တပည့်တော် အလွန် ဆင်းရဲ ရတာပါလဲဘုရား” လို့ 
သူဆင်းရဲ တစ်ယောက် က မြတ်စွာဘုရား ကိုမေးတယ်။


ထိုအခါ မြတ်ဘုရား က ” ဒါန မည်သော ပေးကမ်းခြင်း ကို တတ်သိမှု ကင်းခဲ့လို့ပါပဲ” ဟု၍ ဖြေတော် မူတယ်။

“တပည့်တော် မှာ ပေးကမ်း လှူစရာ ဘာမှ မရှိလို့ပါဘုရား” လို့ သူသိတဲ့  သူရဲ့ မရှိ ဆင်းရဲခြင်း အကြောင်းကို သူဆင်းရဲ က ဖွင့်ဟပြန်ပါတယ် ။


ထိုအခါမြတ်ဗုဒ္ဓဘုရားရှင် က သင့်မှာ..............

(က) ကြည်လင်အေးမြ ပြုံး လို့ ရတဲ့ ( မျက်နှာ ) ရှိတယ် ။
**အပြုံးဖြင့် ကုသိုလ်ယူနိုင်တယ်


(ခ) ချိုသာစကား ပီယဝါစာ များကို ပြောဆိုနိုင်ပါသော ( နူတ်ခမ်း ) ရှိတယ် ။
**သူတပါး နားမှာ မခါး ရလေအောင် ပြောဆိုခြင်းဖြင့်ကုသိုလ် ယူနိုင်တယ်


(ဂ) ကိုယ်ချင်းစာ တရားမွေးဖွားနိုင်တဲ့ ( နှလုံးသား ) လည်း ရှိတယ်
** ဂရုဏာ တရားကို လက်ကိုင် ထားခြင်းပြီး နှလုံးသားနဲ့ ကုသိုလ် ရယူပါ


(ဃ) အကောင်းမြင်လို့ ရတဲ့ ( မျက်လုံး )ရှိပါတယ် ။
**သူတပါး အပေါ် အကောင်းမြင်ပေး လို့  ကုသိုလ် အတွေး ကိုပိုင်ဆိုင်နိုင်တယ်


(င)ကူညီ နိုင်တဲ့ (ကိုယ်ခန္ဓာ ) ကိုလည်း သင်ပိုင်ဆိုင် ပါတယ် ။
**ကာယ ဒါန ပြု ခြင်းနဲ့  ကောင်းမှု ကုသိုလ် ရယူနိုင်ပါတယ် ။
 

ဤသို့ အနည်းငယ် မျှ ပိုင်ဆိုင်ခွင့် ရသော အခြင်းအရာ တို့ ဖြင့်လည်း သင်သည် ပေးကမ်းခြင်း ဟူသော ဒါန အမှုကို ပြုနိုင်ပေသောကြောင့် သင်နှင့် တကွ လူသားများ သည် သူဆင်းရဲ ဟု မဆိုထိုက်ပေ ။

ယင်းကဲ့သို့  ပေးကမ်း လှူဒါန်း မှု တရားနှင့် စိတ်နေ သဘောထား မြင့်မြတ်ခြင်း ကင်းမှ သာလျှင်
ဧကန် ပကတိ ဆင်းရဲသည့် သူဖြစ်ပေသည် ”



ကိုး ဘား
ကိုးကား။ ။Budhhist Vision and အရှင်ဇောတိပါလ(ပါရမီဗိမာန်)

No comments:

Post a Comment