*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 9 May 2014

အချိန် ခရီးသွားသူတွေ တကယ် ရှိခဲ့လေသလား။

၁။ တရုတ် သင်္ချိုင်းဂူက သက်သေ အထောက်အထား တစ်ခု
***********************************************
တရုတ်လူမျိုး ရှေးဟောင်း သုတေသနပညာရှင်တွေ ဟာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ မှာ သချိုင်းဂူရဲ့ အခေါင်း တစ်ခုအတွင်းကနေ သေးငယ်တဲ့ သတ္တုအပိုင်းအစ တစ်ခု ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ ဒီအရာဟာယနေ့  ခေတ် လက်ပတ် နာရီ ပုံစံ တစ်မျိုးဖြစ်ပြီး မိန်းမပတ် အမျိုးအစားဖြစ်ပါတယ်။ ဒီ သချို င်္င်းဂူဟာ နှစ်ပေါင်း ၄၀၀ ကြာအောင် လူ အနှောင့် အယှက် မခံရဘဲ ရှိနေခဲ့တာပါ။ 


လက်ပတ်နာရီ ဘယ်လိုရောက်နေတယ်ဆိုတာ ရှင်းပြရ ခက်ပြီး အချိန် ခရီးသွား တစ်ယောက်ကများ ထားခဲ့လေရော့ သလားလို့ ခန့် မှန်းချက် ထုတ်နေကြပါတယ်။

၂။ ၁၉၄၀ ခုနှစ်က ဓာတ်ပုံထဲက အချိန်ခရီးသွား
***************************************
ကနေဒါနိုင်ငံ၊ Gold Bridge ဒေသမှာ South Fork တံတား ကို ၁၉၄၀ ခုနှစ် အစောပိုင်း မှာ ပြန်လည် ဖွင့်လှစ် ခဲ့ပါတယ်။ ဒီ တံတားဖွင့်ပွဲ ကို တက်ရောက် လာတဲ့ လူဦးရေ အများအပြားထဲ က တစ်ယောက်ဟာ အဲဒီခေတ် ၀တ်စား ဆင်ယင်မှုနဲ့ လုံးဝ မသက်ဆိုင်တဲ့ ပုံစံနဲ့ ပါဝင်နေတာ ကို ဓာတ်ပုံမှာ မြင်တွေ့ နိုင် ပါတယ်။ 

သူဟာ ဒီဘက်ခေတ် နေကာ မျက်မှန်၊ တံဆိပ်ရိုက် တီရှပ်အင်္ကျီနဲ့  တော်တော်ကြည့်ကောင်းတဲ့ ဆွယ်တာ တစ်ထည်ကို ၀တ်ဆင် ထားတာတွေ့ မြင်နိုင်မှာပါ။ ဒါ့အပြင် အဲဒီ့လူဟာ လက်ကိုင် ကင်မရာ တစ်ခုကိုပါ ကိုင်ဆောင် ထားပါသေးတယ်။ ဒီဓာတ်ပုံကို သက်ဆိုင်ရာ ပညာရှင်တွေက လုပ်ကြံ ဖန်တီးထားတာ မဟုတ်ကြောင်း စစ်ဆေး အတည်ပြုပေးထားပါတယ်။


 
၃။ ၁၉၂၈ ခုနှစ်က ဆဲလ်ဖုန်း
*********************
၁၉၂၈ ခုနှစ်က ချာလီ ချက်ပလင်ရဲ့ The Circus ဆိုတဲ့ ဇာတ်ကား တိုလေးမှာ ခေတ်ဟောင်း အမျိုးသမီး တစ်ယောက် ဟာ ဒီ ဘက်ခေတ် ဆဲလ်ဖုန်း တစ်လုံးကို အသုံးပြုနေတာ ကို တွေ့ မြင်နိုင်ပါတယ်။ ဆဲလ်ဖုန်းတွေ ဟာ ၂၀၁၀ လောက်မှ စတင်ပေါ်ပေါက် လာတာဖြစ်ပြီး ဒီ အခန်းကို ရုပ်ရှင် ရိုက်ကူးသူ George Clark က တွေ့ မြင်ခဲ့တာဖြစ်ပါတယ်။ 

၁၉၃၈ လောက်က ဆဲလ်ဖုန်း အသုံးပြုသူ တစ်ဦးကိုလည်း တွေ့  ရှိခဲ့ရ ပါသေးတယ်။ မက်ဆာချူးဆက်ပြည်နယ် DuPont စက်ရုံ အပြင်ဘက်က လူအုပ်ထဲမှာ အမျိုးသမီးတစ်ယောက်ဟာ ဆဲလ်ဖုန်း တစ်လုံးကို သူမနား မှာကပ်ထားနေတာ ကို ဗီဒီယိုထဲမှာ တွေ့  မြင်နိုင်ပါတယ်။


 






 From...Search Myanmar



No comments:

Post a Comment