*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 20 September 2013

သို့.....ချစ်သော ဇနီး


လူ တစ်ယောက် ဟာ ဟိုတယ် တစ်ခု မှာ အခန်း ယူပြီး သူ့ အခန်းထဲ ကို ဝင်တော့ အခန်း ထဲမှာ ကွန်ပျူတာ တစ်လုံးတွေ့ တာနဲ့ သူ အတော် ဝမ်းသာ သွားတယ်။ ဒီတော့ သူ့ မိန်းမဆီ ကို လှမ်းပြီး သတင်း ပို့မှပဲ ဆိုပြီး အီးမေးလ် တစ်စောင် ပို့လိုက်တယ်။ 
ဒါပေမယ့် သူ့ အီးမေးလ် လိပ်စာ မှားရေး လိုက်တာ ကို သူကိုယ် တိုင်တောင် မသိ လိုက်ဘူး။ အဲဒီ အီးမေး ကို ပို့လိုက် မိပြီလေ။


အဲဒီ အချိန်…. ရန်ကုန်မြို့ ရဲ့ တစ်နေရာ မှာ မုဆိုးမ တစ်ယောက် ဟာ သူ့ယောက်ျား ရဲ့ အသုဘ ပို့ရာ ကနေ ပြန်ရောက် လာပြီး သူ့ ကွန်ပျူတာ မှာ အီးမေးလ် စစ်ဖို့ ပြင်ဆင်နေ တယ်။
 
နိုင်ငံရပ်ခြား ရောက်နေကြ တဲ့ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းတွေ ရဲ့ အားပေး စကားလေးတွေ ကြားရ မလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏ အကြာမှာ "အောင်မလေး"လို့အော်တဲ့ အသံကြားရလို့ သူ့သား က အပြေးလေး ဝင်လာတော့ အမေ လုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက် လန်ပြီး မေ့နေပြီ။ ဒါနဲ့ ကွန်ပျူတာ ကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက

သို့…ချစ်ဇနီး
အကြောင်းအရာ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ။ ။ ၂၁ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီ က သတင်းကြား ရရင် အတော် အံ့သြသွားမယ် ဆိုတာ ကိုယ်သိနေတယ်။ သူတို့ ဆီမှာ လည်း ကွန်ပျူတာ ရှိတယ်ကွ။ ကိုယ်ချစ်တဲ့ သူတွေဆီ ကို အီးမေးလ် ပို့ ဖို့ ခွင့်ပြု ထားတယ်လေ။ 
အခုပဲရောက်တယ်။ နေစရာ လည်း အဆင်ပြေပါတယ်။ မင်း မနက်ဖြန် လာရင် အဆင်ပြေအောင် ကိုယ် အားလုံး စီစဉ်ပြီး ပါပြီ။ ကိုယ်ကိုယ် တိုင် မင်းကို လာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။
 
မင်းကိုချစ်တဲ့
မောင်….

Mon LAy

Shan News   From...Facebook

No comments:

Post a Comment