*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 3 June 2014

ချစ်စမ်းမောင်၊ မျိုးကြီး တို့ရဲ့ လှုံ့ဆော် တိုက်တွန်းမှု

  

IRON CROSS တေးဂီတ အဖွဲ့က ချစ်စမ်းမောင်၊ အဆိုတော် မျိုးကြီး တို့က   ပဋိပက္ခအတွင်း လိင် အကြမ်း ဖက်မှု ရပ်  ဆိုတဲ့ လှုံ့ဆော်မှု မှာ အခုလို ပါဝင်နေကြပါတယ်။

ရန်ကုန်မြို့ ဗြိတိသျှသံရုံး အွန်လိုင်း စာမျက်နှာ တခုက တင်လိုက်တဲ့ ဒီပုံတွေ ကို တနင်္လာနေ့ က စတင်ပြီး အွန်လိုင်း မှာ လက်ဆင့်ကမ်း ဖြန့်ဝေနေကြတာပါ။ တနင်္လာနေ့မတိုင်ခင် မှာတော့ အမျိုးသမီး တချို့ရဲ့ပုံ ၂ ပုံလည်း တက်လာ ပါတယ်။

တစ်ပုံက ကမ္ဘာကျော် မင်းသမီး အင်ဂျလီနာဂျိုလီ ကို တွေ့ရပါမယ်။ နောက်တစ်ပုံ ကတော့ မြန်မာပြည်က အမျိုးသမီး တို့ရဲ့ပုံပါ။


ဂျိုလီရဲ့ ပုံမှာတော့ … မတရားပြုကျင့်ခြင်း က အမျိုးသမီး အရေးမဟုတ်၊ လူသားမျိုးနွယ်တွေ ရဲ့အရေး မဟုတ်၊ ကမ္ဘာလုံးဆိုင်ရာ အရေးဖြစ်တယ် လို့ ရေးထားပါတယ်။
 

ဒီလ လယ်မှာ ကျင်းပမယ့် “ပဋိပက္ခ အခြေအနေ အတွင်း လိင် အကြမ်းဖက်မှု ရပ်တန့်ရေး ကမ္ဘာလုံး ဆိုင်ရာ ထိပ်သီး အစည်းအဝေး” အကြို လှုံ့ဆော်မှု တစိတ် တဒေသဖြစ်ပါလိမ့်မယ်။
 

ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။ 

 From...


 

 

 

No comments:

Post a Comment