*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday, 8 November 2013

ယောက်ျား မိန်းမ ထိုကိစ္စ


ခုတစ်လော ဖတ်မိသော အင်တာနက် သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော သတင်းတစ်ပုဒ် ပါရှိလာ၏ ၊ ထိုသတင်းမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သန်လျင် GTCကျောင်း၏ စာသင်ခန်း အတွင်း ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူး နေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာ နက်ပေါ်လွှင့်တင် လိုက်ရာ ဂျာနယ်စာမျက်နှာများထက်ရောက်လာပြီးနောက် ယခုအခါ ဗွီဒီယိုအခွေများ အဖြစ် ရောက်ရှိလာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင် ရောင်းချနေသည် ဆိုသည့်သတင်း ဖြစ် သည် ။

မိမိစိတ်က ပထမဆုံးအကြိမ် ထွက်ရှိသောMelody World တေးစီးရီးတွင်ပါဝင်လျှက် နာမည် ထွက်လာ ခဲ့သော အဆိုတော်မလေးတစ်ယောက်ကိုလည်
း တစ်ဆက်တည်း သွားသတိရလိုက်မိသည် ၊ သူမသည် လည်း GTCကျောင်းသား ကျောင်းသူနည်းတူ အင်တာနက် မင်းသမီးဖြစ်ခဲ့ရသည် ၊

 


သူမအတွက် ပိုဆိုးတာက သူမသည် ပြည်သူသိ အဆိုတော် တစ်ယောက်ဖြစ်နေခြင်းပင် ဖြစ်သည်၊ ထို့ကြောင့် သူမအနုပညာပါ သေ သွားရသည် ၊ ယခုအခါ ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်းပင် မသိရတော့၊ သူမအကြောင်းတွေးမိတိုင်း မိမိရင်ထဲ နင့်နင့်သီးသီး သနားစိတ်ဝင်မိသည်၊ ထို့နောက် နှမျှော စိတ် လည်း ဖြစ်ရသည် ၊ အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတိုင်း မကင်းနိုင်သည့်ကိစ္စ တစ်ခုကြောင့် ဘ၀နှင့်ရင်းထားရသော အနုပညာလမ်းကြောင်းမှ သွေ ဖီသွားရသည့် အဖြစ်၊ ကိုယ်သာ သူတို့လိုအဖြစ်မျိုး ကြုံလိုက်ရမည်ဆိုလျှင် ဘယ်လောက်များ အရှက်ရလိုက်မလဲ
၊ ပတ်ဝန်းကျင်မှာ ဘယ်လိုများရပ် တည်နေ ရမလဲ ဟူသော ကိုယ်ချင်းစာနာသောစိတ်နှင့် ခံစားကြည့်မိတိုင်း မိမိအလွန်ရင်နာရသည် ၊

ထို့ပြင် အဆိုတော်တစ်ယောက်ဘ၀မှ နိုင်ငံသိ သရုပ်ဆောင်ဖြစ်လာေ
သာ မင်းသမီး တစ်ယောက်၏ ဟိုတယ် ခန်းတစ်ခုအတွင်းက အဖြစ်အပျက် ၊ ထိုအဖြစ်အပျက်သည်လည်း အင်တာနက်ပေါ်ပျံ့နှံ့၍ ညစ်ညမ်း ဗွီဒီယိုခွေ တို့ဖြင့် လုပ်စားနေကြသူတို့အတွက် အကြိုက် ဖြစ်ခဲ့ရသည် ၊ မြန်မာ့ ယဉ်ကျေး မှု ထိန်းသိမ်းရေးကို တတွတ်တွတ်ပြောတတ်ကြသော အနှိပ်ခန်းပျော်လူကြီးလူကောင်းတို့၏ လက်ညှိုးထိုး အပြစ်ဆိုစ ရာ ဖြစ်ခဲ့ရသည် ၊

အထက်ပါကိစ္စတို့ကို မိမိ၏ပုဂ္ဂလိကအမြင်ဖြင့် ရိုးရိုးသားသားပြော ရလျှင် ရိုင်းသည်ဟုလည်း မမြင် ၊ ယဉ်ကျေးမှုမျက်လုံးဖြင့်လည်း
ဘယ်သောအခါမှ ကြည့်လေ့မရှိ ၊ အရွယ်ရောက် ပြီးသော မိန်းမယောက်ျား တို့၏ ဖိုမသဘာဝ သာဖြစ်၍ အပြစ်ဆိုစရာမဟုတ်ဟု ယူဆသည်၊ ဘာသာရေးအမြင်အရ ယုတ်ညံ့သော အကျင့် ဖြစ်ကောင်းဖြစ်မည် ၊ သို့ရာတွင် ဖိုမသဘာဝ လိင်ကိစ္စသည် အရွယ်ရောက်ပြီးသောမိန်းမယောက်ျား တိုင်း ကင်းနိုင်သော အရာမဟုတ်ပေ၊ ထင်ရှားခြင်း မထင်ရှားခြင်း သာကွာမည်၊ ဘ၀၏ကန့်လန့် ကာနောက် ကွယ် မှာတော့ ဒီကိစ္စသည် အရွယ်ရောက်ပြီးသော မိန်းမ ယောက်ျား တိုင်းအတွက် ကြီးမားသော အခန်း ကဏ္ဍ တစ်ရပ် အနေဖြင့် ရှိနေသည် ၊ မုဒိန်းမှုကဲ့သို့သော မတရား အနိုင်ကျင့်မှုမျိုး မဟုတ်လျှင် ကိုယ်နှင့်နှိုင်း ၍ စာနာနားလည်နိုင်ရမည်သာ ဖြစ်သည် ၊

အိပ်-စား-ကာမ ၊ ဤသုံးဝသည် လူနှင့် တိရစ္ဆာန်အတူတူဖြစ်သည်ဟု စာပေတို့တွင် ဆိုသည် ၊ ဤအဆို သည် ယေဘု ယျမှန်ကန်သော အဆိုဖြစ်သည် ၊ အထူးအားဖြင့် ကာမကိစ္စတွင် လူနှင့်တိရစ္ဆာန် များစွာ ခြား နား ခြင်းမရှိပေ၊ ဆိုလိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသား တို့သည် သူတို့၏ စိတ်အလိုဆန္ဒပြည့်ဝရေး အတွက် တိရစ္ဆာန်ကဲ့သို့ နှစ်ဦး သဘောတူ ကျင့်ကောင်း ကျင့်မည် ၊ မည်သို့ပင်ကျင့်စေ ဤကိစ္စတို့သည် ယဉ်ကျေးမှုနယ်မြေမှ ကင်းလွတ်သည်သာ ဖြစ်သည် ၊ ဤအဆိုကို တစ်ချို့လူကြီးလူကောင်းများ
က ခပ်ရှက် ရှက်နှင့် ငြင်းကောင်းငြင်း မည် ဖြစ်သော်လည်း သဘာဝတရားကို အနည်းငယ်စဉ်းစားထောက် ဆကြည့် လျှင်တော့ ငြင်းဆိုဖို့ အလွန်ခဲယဉ်းပါလိမ့်မည်၊ စာဖတ်သူကို တစ်ခုတော့ အသိပေးပန်ကြားလိုပါ၏ ၊

ယခု မိမိ၏ အဆိုတို့သည် အပြင်လောကတွင် ဖြစ်ချင်ရာဖြစ်၍ အင်တာနက်ပေါ်ရောက်နေသော မြန်မာအမျိုး သားအမျိုးသမီးတို့၏ ဖိုမသဘာဝလိင်ကိစ္စတို့ကို အကာအကွယ်ပေးနေခြင်းမဟုတ်၊ ကိုယ့်အဖြစ်ကို မျက်ကွယ်ပြု၍ ယဉ်ကျေးမှုစကားကို တွင်တွင်သုံးလျှက် ပါးစပ်သရမ်းနေ ကြသော လူကြီးလူကောင်းများ စဉ်းစား ဆင်ခြင်ကြစေနိုင်ရန် မိမိ၏ရင်ထဲတွင်ရှိသော စာနာမှု တရားကို ချပြပေးခြင်းမျှသာ ဖြစ်သည် ၊ အဓိကအားဖြင့် ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာမှုတရား ထားရှိရေးပင် ဖြစ်သည် ၊ စာဖတ်သူတို့အနေဖြင့် မိမိ၏ ဦးတည်ရာကို ကောင်းစွာနားလည် နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ၊

ယခုခေတ်သည် မိမိတို့ ကြားသမျှ မြင်သမျှတို့ကို ဘယ်လိုမှ ငြင်းကွယ် မရအောင် အလွယ်တကူ ရိုက်ကူး ထားနိုင်သော စက်ပစ္စည်းများ ပေါ များသော ခေတ်ဖြစ်သည် ၊ မိမိနှစ်သက်သော ရှုခင်းရှုကွက်နှင့် ပျော် ပွဲ ရွှင်ပွဲစသည်တို့ကို မှတ်တမ်းတင်ရိုက်ကူးခြင်းဖြ
င့် ပြဿနာမရှိနိုင်သော် လည်း မိန်းမယောက်ျားတို့၏ ဖိုမ သဘာဝလိင်ဆက်ဆံသည့်ကိစ္စရပ်များ များကို ရိုက်ကူးမှတ်တမ်းတင်မိလျှင်တော့ ကြီးမားသော ပြဿနာ များ ဖြစ်နိုင်စွမ်းရှိသည် ၊ အထူးအားဖြင့် အမျိုးသမီးများ ပိုသတိထားဖို့ လိုအပ်ပါသည် ၊ ဖိုမ သဘာဝ လိင်ကိစ္စ တွင် နာမည်ပျက်စရာဖြစ် လာပြီဆိုလျှင် အမျိုးသားထက် အမျိုးသမီးက ပိုနာမည်ပျက် သည် ၊

ထို့ကြောင့် မိမိ၏ချစ်သူရည်းစားနှင့်ဖြစ
်စေ လင်ယောက်ျားနှင့် ဖြစ်စေ ဆက်ဆံဖြစ်လျှင် ကင်မရာ ထောင်ပြီး ရိုက်ကူးမထားမိဖို့ သတိကြီးစွာဆင်ခြင်သင့်သည် ၊အမျိုးသားလုပ်သူက “ ပြန်ဖျက်ပါ့ မယ် “ ဟု ပြောတိုင်း လည်း လုံးဝမယုံကြည်သင့်ပေ ၊ အင်တာနက်ပေါ် တွေ့ ရသော မြန်မာညစ်ညမ်းဇာတ်ကား အများစုသည် ပြန် ဖျက်ပါ့ မယ်ဟူသော စကားကို ယုံကြည်မှုမှ ပေါက်ထွက် လာခြင်းဖြစ်ကြောင်း လေ့ လာတွေ့ ရှိရသည် ၊

ဤနေရာတွင် ယောက်ျားတို့၏ စိတ်သဘာဝကို အနည်းငယ်ပြောချင် ပါသည် ၊ ယောက်ျားအများ စုသည် ကျန်သောကိစ္စများ ထက် လိင်ကိစ္စတွင် အချင်းချင်းကြွားလိုသော စိတ်သဘာဝရှိကြသည် ၊ ထိုစိတ် သဘာဝနှင့်ပင် သူရိုက်ကူးထားသည့်ပုံ(သို့မ
ဟုတ်) ဗွီဒီယိုမှတ်တမ်းတို့ကို သူ့အပေါင်းအ သင်း တစ်ဦး မဟုတ်တစ်ဦးကိုတော့ အလွယ်တကူ ပြမိတတ်ကြသည်၊ တစ်ချို့ဆိုလျှင် ပြရုံတင်မဟုတ်တော့ပဲ ရက်ရက် ရောရောပင် မျှဝေပေးလိုက်ပါသေးသည် ၊ ဤသို့ဖြစ်လာလျှင် သက်ဆိုင်ရာအမျိုးသမီး ၏ အရှက်နှ င့် သိက္ခာ အတွက်တော့ တွေးဝံ့စရာ မရှိတော့၊ အယုံ အကြည်လွန်ကဲသော အမျိုးသမီးများ တစ်ခုသတိ ထား ဖို့က မိမိနှင့်ဆက်ဆံ သော မိမိ၏ချစ်သူရည်းစား(သို့မဟုတ်) လင်ယောက်ျား သည် မိမိနှင့် အစဉ်ထာဝရ အဆင်ပြေနေမည်မဟုတ် ၊ တစ်ချိန်မဟုတ် တစ်ချိန်၌ တစ်ယောက်နှင့်တစ်ယောက် အဆင် မပြေမှုများ သဘောထားကွဲလွဲမှုများ မလွဲမသွေ ကြုံလာရဦးမည်သာ ဖြစ်သည် ၊

ထိုအခါ ယောက်ျား လုပ်သူက စိတ်သဘောထား ညံ့ဖျင်းမည် ၊ လိင်ဆက်ဆံမှုကို ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်း စသည်များ လည်း ကျန်ရှိမည်ဆိုလျှင် မိမိ၏အရှက်နှင့် သိက္ခာကတော့ မလွဲမသွေ ထိပါးခံရပေလိမ့်မည်
၊ ထိုကဲ့သို့ မဖြစ်ရအောင် ခပ်ရိုင်းရိုင်းအကြံ ပြုရလျှင် အိပ်ခန်းထဲကကိစ္စသည် အိပ်ခန်းထဲမှာပင် ပြီးပြတ်တာအကောင်း ဆုံး ဖြစ်သည် ၊

ထို့ပြင် ဘယ်သူနှင့်ပဲဆက်ဆံဆက်ဆံ သန်လျင်GTCကျောင်း ၏အဖြစ်အပျက် ကဲ့သို့ မသမာသူများက တိတ်တစ်ဆိတ် ရိုက်ကူးခံရခြင်းမ
ှ ကင်းဝေးအောင် လုံခြုံမှုကို အထူး ဂရုစိုက်ဖို့ လိုအပ်သည် ၊ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသော ပုထုဇဉ်လူသားတိုင်း ယခုလို လိင်ကိစ္စများ ကို နှစ်နှစ်ခြိုက်ခြိုက် ခံစားနေကြ သည်ကား မှန်၏ ၊ သို့ရာတွင် ကမ္ဘာဦးကတည်းက ဖြစ်တည်လာသော လူ့စည်းမျဉ်းဥပဒေက ကွယ်ကွယ် ၀ှက်ဝှက်သာ ခံစားခွင့်ပြုသည် ၊ တရားဝင်လင်မ ယားပင် ဖြစ်နေပါစေ ၊ မြန်မာစကားပုံဆိုရိုး အတိုင်း “ သိသာသိစေ ၊ မမြင်စေရ “အောင် ကျင့်သုံးရသည် ၊ မဟုတ်လျှင် အထက်ဖော်ပြပါ Melody World မှ တက်လာသောအဆိုတော်မလေးကဲ့သို့ မိမိတို့၏ အနာဂတ်ဘ၀သည် အလွဲမသွေ ပျောက်ဆုံးပါ လိမ့် မည်၊

ကြုံ၍ တစ်ခု ၀န်ခံလိုက်ရပါဦးမည် ၊ မိမိ ဤဆောင်းပါး လေး ကိုရေးရန် လေ့လာသောအားဖြင့် လိင်ကိစ္စ တို့ဖြင့်နာမည်ထွက်
သော bloggerဆိုဒ် များသို့ ၀င်ကြည့်ရာ တွေ့ရသည်က အံ့သြစရာကောင်း သလို ရယ်စရာ လည်းကောင်းသည်၊ ရယ်လည်း ရယ်လိုက်မိပါသည် ၊ ကြည့်လေ ၊ vzoချက်ဆိုသော ဗွီဒီယိုဖိုင်တို့တွင် တစ်ချို့ကောင်မလေးများက သူတို့၏အမြင်မတော်ရာကို ဖော်ချွတ်ပြကြသည့်အဖြစ်၊ ဒီကောင် မလေးတွေ ဘယ်လို စိတ်ကူးနဲ့များ ဒီလိုလုပ်ရပါလိမ့်ဟု မိမိစဉ်းစားမရ ၊ ဖော်ချွတ်ပြတတ်သော သဘောသည် မိန်းမ တို့၏ ၀ါသနာတစ်ခုပေလား ၊ ဆောရီး ၊ (ဤစကားရပ်တွင် တကယ့်ကို ဣနြေ္ဒသိက္ခာ ကြီးမားသော အမျိုး သမီးများမပါဝင်ပါ၊ မိမိပတ်ဝန်းကျင်တွင် အသက်ထက် အရှက်ကို ပိုတန်ဘိုးထားသော အမျိုးသမီးများစွာ ရှိပါသည် ၊ ဤစကားရပ်သည် vzoချက်ဆိုသော ဗွီဒီယိုဖိုင်များကို လေ့လာကြည့်ပြီး နောက် အမှတ်မထင် သုံးသပ်မိသော အတွေးမျှသာ ဖြစ်ပါသည်၊ )

vzoချက်ရာတွင် ၀ါသနာကြောင့်ပဲဆိုဆို တစ်ခြား ဘာအကြောင့်ကြောင့် ပဲဖြစ်ဖြစ် ဖော်ချွတ် ပြခြင်း သည်ကား ပြဿနာမဟုတ် ၊ ကိုယ့်ကိုယ်ပိုင် အခွင့်အရေးသာ ဖြစ်သည် ၊ ပြဿနာက မိမိပြလိုက်သော တစ်ဖက်ယောက်ျားလေးက ထိုပုံရိပ်ကို ဖမ်းယူ ထားပြီး အင်တာနက်ပေါ် လွှင့်တင်ခြင်းပင် ဖြစ်သည် ၊ ယခုကဲ့သို့ဖြစ်လာလျှင် မိမိ၏အနာဂတ်ဘ၀ကို မထိခိုက်စေဦးတော၊့ မိမိကိုသိသော ပတ်ဝန်းကျင်မှာတော့ အရှက်ရဖို့ရာ များသည် ၊ ထို့ကြောင့် ခပ်လွယ် လွယ်ဖော်ချွတ်ပြတတ်သော ၊ ဖော်ချွတ်ပြ ချင်သော ကောင်မလေးများ အနေဖြင့် ဘာမဟုတ်သည့် ကိစ္စ လေး တစ်ခုနှင့် မိမိတို့၏ရည်မှန်းချက်များ ၊ အနာဂတ်ဘ၀များ အဖုအထစ်မဖြစ်စေရန် လေးလေးနက်နက် တွေးတောဆင်ခြင်သင့်ပါသည် ၊

ထို့ပြင် မိမိ၏၀ါသနာဆန္ဒအရ အမှတ်မထင်ပြုမူလိုက်မိသော ကိစ္စရပ်လေး တစ်ခုက မိမိ၏ မိဘဆွေမျိုး မိတ်ဆွေ ညီအကိုမောင်နှမအားလုံးကိုပါ
ထိခိုက်နိုင်ကြောင်း သတိပြုသင့်ပါ သည်၊ ဤဆောင်းပါး တွင် မြန်မာ့ လိင်မှုကိစ္စများကို ပညာပေးသဘောမဟုတ်ပဲ မသမာစိတ်ဖြင့် နည်းမျိုး စုံဖြင့် ရယူပြီး အင်တာနက်ပေါ်လွှင့်တင်နေကြသူတို့အား တစ်စုံတစ်ခုပြော ချင်မိ သော်လည်း မိမိ၏ ပြော စကားသည် လုံးဝအရာထင်မည်မဟုတ်ပေ၊ ထိုသူတို့အတွက် ကုရာနတ္ထိ ဆေးမရှိပေ ၊ နှမချင်း ကိုယ်ချင်း စာနာ တတ်သောစိတ်ကလေး နည်းနည်းလောက် ထားပေးနိုင်ကြ လျှင်တော့ အထူးဝမ်းမြောက်ဖွယ် ရာ ဖြစ်ပေလိမ့်မည်၊ 

အထက်ပါစကားရပ် တို့ကို ခြုံငုံပြီး မိမိထပ်ပြောပါဦးမည် ၊ မှုဒိန်းမှုကဲ့သို့သော မတရား အနိုင်ကျင့်စော် ကားခြင်း၊ သူတစ်ပါးမယားကို ကြာခိုခြင်း ၊သူတစ်ပါး လင်ယောက်ျားနှင့် နောက်မီးလင်းခြင်း ကိစ္စမျိုး မဟုတ်လျှင် အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတို့၏ နှစ်ဦးသဘောတူချစ်ရည်လူးသည့် ကိစ္စသည် အပြစ်မဟုတ် ၊ ယဉ်ကျေးမှုနှင့် မဆိုင် ၊ ဒီကိစ္စသည် ဘ၀တစ်ခုအတွက် အရေးပါသော စည်းစိမ်ဖြစ်သည် ၊

ခံစားလိုက ခံစားပိုင်ခွင့်ရှိသည် ၊ ဘာသာရေးပုဂ္ဂိုလ်အနည်းငယ်မှတ
စ်ပါး အနန္တစကြာ ၀ဠာတစ်ခုလုံး ဒီစည်းစိမ်ကို ခံလည်း ခံစားနေကြသည် ၊သို့ရာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်ခံ ထားသော လူ့စည်းမျဉ်း ဥပဒေအရ သိုသိုဝှက်ဝှက် ခံစားဖို့လိုတော့ပါသည်၊ ဒီကိစ္စရပ်ကြောင့် မိမိတို့၏ အနာဂတ်ဘ၀ တိမ်းစောင်းသွားသည်အထိ မဖြစ်စေရပေ၊ ကိုယ့်ဘာသာရိုက်ကူး၍ အင်တာနက်ပေါ်လွှင့် တင်ခြင်းမျိုး မဟုတ်ပဲ မသမာသူများက ရိုက်ကူးလွှင့်တင်လိုက် သောကြောင့် ထင်ထင်ရှားရှားဖြစ်လာသော ချစ်ရည် လူးသည့်ကိစ္စရပ်များကိုလည်း ယဉ်ကျေးမှုအမြင်ဖြင့် အပြစ်ရှုထောင့်ကမကြည့်ပဲ ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာနားလည် ပေးနိုင်ကြစေရေးသည် ဤဆောင်းပါး၏ ပဓာနရည်ရွယ်ရာ ဖြစ်ပါသည် ၊ မြေနိမ့်ရာ လှံမစိုက်ကြဖို့ အထူး ပန်ကြားချင်ပါသည် ၊ အားလုံးကို ကျေးဇူးတင်ပါသည် ……..။

Credit: Myanmar Express

From...SHWE NEW NEWS
 

No comments:

Post a comment