*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 20 May 2014

တစ်ကျပ်ခွဲ တိုးဖြင့် ကျပ်သန်းပေါင်း ငါးသောင်း သမ၀ါယမ ထုတ်ချေးပေးမည်

ယခုနှစ် မိုးရာသီ လုပ်ငန်းစရိတ် ချေးငွေ မှ ကျပ်သန်းပေါင်း ငါးသောင်းကို တစ်ကျပ်ခွဲတိုးဖြင့် စတင်ချေးပေး သွားမည်ဖြစ်ကြောင်း သမ၀ါယမ ၀န်ကြီးဦးကျော်ဆန်း က မေလ ၁၉ ရက်က သုဝဏ္ဏ မိုးလုံလေလုံ ပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနား တွင် ပြောကြားသည်။

20m11

ယခင်နှစ်များက အတိုးနှုန်း နှစ်ကျပ်ခွဲ ယူခဲ့သော်လည်း ယခု မိုးရာသီလုပ်ငန်း စရိတ်ချေးငွေမှ စတင်ကာ အတိုးနှုန်း တစ်ကျပ်လျှော့ချ လိုက်ခြင်းဖြစ်သည်။
ယင်းသို့လျှော့ချ လိုက်ခြင်းသည် မူလ ချေးထားသည့် တရုတ်နိုင်ငံချေးငွေ ၏ အတိုးနှုန်းမှာ တစ်နှစ် လျှင် လေးကျပ်ခွဲနှုန်း သာ ရှိသည့်အတွက်ဖြစ်သည်။


 
ယင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် နိုင်ငံခြားချေးငွေများ ရယူ၍ လုပ်ဆောင်သည့် လုပ်နည်းလုပ်ဟန် တစ်ခု သာ ဖြစ်သည်ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က ထောက်ပြပြောဆိုသည်။

“ချေးငွေ ပမာဏ ထိရောက်မှု ရှိဖို့လိုတယ်။ နောက်ပြီး ချေးငွေ မအောင်မြင်တဲ့၊ ပြန်မဆပ် တဲ့ ကိစ္စတွေကို သမက ဘယ်လို ကျော်လွှား မလဲဆိုတာ အရေးကြီးတယ်။ချေးငွေ တာဝန်ယူရတဲ့ သူတွေရဲ့ အရည်အချင်း လို အပ်တယ်။ ချေးတာ စနစ်ကျဖို့ လိုပါတယ်။ မဟုတ်ရင် ချေးငွေလုပ်ငန်း က အောင်မြင်မှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း အတွင်း မိုးသီးနှံချေးငွေ သိန်း ၂၆,၇၄၈ ကျော် ထုတ်ချေးပြီး အရစ်ကျ ငွေချေ စနစ်ဖြင့် သိန်း ၁၀,၈၃၇ ကျော် တန်ဖိုး ရှိ လယ်ထွန်စက် ၆၃၁ စီးနှင့် သိန်း ၇,၀၁၂ သိန်း တန်ဖိုးရှိ အပ်ချုပ်စက်၊ ဆိုက္ကား အ ပါ အ၀င် လုပ်ငန်းသုံး ပစ္စည်းကိရိယာ ၂,၀၄၄ ခု အတွက် ထုတ်ချေးပေးသွား မည်ဖြစ်သည်။

ထို့ပြင် အသေးစား အရင်းအနှီးချေးငွေ မရ ရှိသေးသည့် ကျန်ပြည်နယ်နှ င့် တိုင်းများ တွင် မိုးရာသီလုပ်ငန်း စရိတ် အဖြစ် ချေးငွေကျပ် ဘီလီယံ ၅၀ (ကျပ်သန်းပေါင်း ငါး သောင်း) ကို မေလနှင့် ဇွန်လ၌ တစ်ကျပ်ခွဲ အတိုးနှုန်းဖြင့် ထုတ်ချေးပေးသွားမည် ဟု ၀န်ကြီး ဦးကျော်ဆန်းက ပြောသည်။

ယခင် ချေးထားတဲ့ချေးငွေများ အတွက် ယခင် အတိုးနှုန်း နှစ်ကျပ်ခွဲနှင့် ဆက်လက် ဆောင်ရွက် ရ မှာဖြစ် ကြောင်း၊ ၎င်း အတိုး နှုန်းများ ကိုလည်း လျှော့ချနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ၎င်း က ထည့်သွင်းပြောကြားခဲ့သည်။

“ချေးငွေ ရရှိပြီးသား ပြည်သူ အတွက် လည်း ၂၀၁၅ ခုနှစ်မှာ ချေးငွေ ပမာဏကို တိုးမြှင့်ပေးသွားဖို့ စီစဉ်နေ တယ်။ တိုးမြှင့် တဲ့နေရာမှာ ပြည်သူ့ လိုအပ်ချက် အလိုက်စံသတ်မှတ် သွားမှာပါ”ဟု ၎င်းကဆို သည်။

ကျောက်ပန်းတောင်း မြို့နယ် ဆန်ကုန်း ကျေးရွာ တောင်သူ ဦးဝင်းအောင်က “တစ်ဧက ကျပ်တစ်သိန်း ထုတ် ချေးပေး ပါတယ်။ အများ ဆုံးချေးပေး တာတော့ ငါးဧက အတွက် ငါးသိန်း အထိပဲ ချေးပေးပါတယ်။ စုဆောင်း ငွေ အဖြစ် တစ်သိန်းကို တစ်သောင်း ထည့်ရပါတယ်။ ခြောက်လ အတွင်း အကြေ အလည် ဆပ်ပေး ရ တယ် ” ဟု ပြောသည်။

သမ၀ါယမ ၀န်ကြီးဌာနမှ အသေးစား အရင်း အနှီးချေးငွေ တွင် စိုက်စရိတ်ချေးငွေ ကို တစ်ဧကကျပ် တစ်သိန်း နှုန်းဖြင့် အများဆုံး ငါးဧက သာ ထုတ်ချေးပေးပြီး ငွေချေး ယူသူသည် ငွေချေးတိုင်း ၁၀ ရာခိုင်နှုန်း စုဆောင်း ရပြီး သီးနှံ ထွက်ရှိမှု ကာလ အလိုက် အရစ်ကျပေးချေရမည်ဖြစ်သည်။

ခိုင် သမ၀ါယမ အသင်းဥက္ကဋ္ဌ ဦးသန့်ဇော် က “စိုက်စရိတ်ချေးငွေ က ဒေသ အလိုက် သီးနှံပေါ် ချိန်ပေါ် မူတည် ပြီး အရစ်ကျပေးလို့ ရတယ်။ ၀ိုင်းကြီးချုပ် စနစ်နဲ့ ချေးပေးထားတယ်။ သမချေးငွေ မှာ အခု တစ်ကျပ် ခွဲနှုန်းက ငွေပမာဏ များတဲ့ ချေးငွေတွေ ဆိုရင်တော့ အတိုး တစ်ကျပ်ခွဲနှုန်း သတ်မှတ်လို့ ရပေမယ့်။ 

အပ်ချုပ်စက်တို့၊ ဆိုက္ကားတို့ လို တန်ဖိုးနည်း ကိရိယာတွေမှာ ဆိုရင်တော့ အတိုးက နည်းရ မယ်။ အဲ့ဒီပေါ် မှာ တစ်ကျပ်ခွဲ တိုး ကောက်လို့မရဘူး” ဟု ပြောသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အမေရိ ကန်ဒေါ်လာ သန်း ၇၀၀ ချေးယူခွင့် ရရှိထား သည့်အထဲမှ ပထမ အရစ် ဒေါ်လာသန်း ၁၀၀ ကို သမ၀ါယမ ၀န်ကြီးဌာနက ချေးငွေ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မြန်မာ တစ်နိုင်ငံ လုံး အတိုင်း အတာဖြင့် ချေးပေးရန် အနည်းဆုံး လိုအပ်သည့်ငွေ မှာ မြန်မာကျပ်ငွေ ဘီလီယံ ၆၀၀ မှ ၃,၀၀၀ ကျော် အထိဖြစ်သည် ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အဆိုပါ အခမ်းအနား တွင် ပြောသည်။

 Written by  ဇာနည်အောင်၊ လပြည့်ဝန်း 
From... searchmyanmar

No comments:

Post a Comment