*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 20 May 2014

နှလုံးအိမ် ကို တရားနှင့် စိမ်ပါ ။

 နှလုံးအိမ်ကို တရားနှင့်စိမ်ပါ။
••••••••••••••••••••••••
တရားအားထုတ်တယ်ဆိုတာ အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းအောင်
ဆင်းရဲခပ်သိမ်းကင်းအောင် အားထုတ်ရတာ။

အားထုတ်လို့တရားပြည့်စုံပြီဆိုတော့ စိတ်လည်းပဲ ကောင်းသွားတယ်။
တရားမပြည့်စုံလျှင် စိတ်ကိုက တယ်မကောင်းဘူး။
ကိုယ့်အကျိုးတွေကိုကြည့်ပြီး သူများအကျိုးမဲ့ ကြံလိုက်၊ စည်လိုက်၊
စိတ်ကူးလိုက်၊ ပြောဆိုလိုက်၊ အဲဒီလို မတော်မတည့်တာတွေကို
လုပ်တတ်တယ်။

တရားပြည့်စုံရင်တော့ အပြစ်တွေ့တာတောင်မှ
သူ့အပြစ်နဲ့သူဆိုပြီး သူများအပြစ်ကို မပြောဘဲ လျစ်လျူရှုနိုင်တယ်။
သူ့အပြစ်နဲ့ သူဆိုပြီး နှလုံးသွင်းနိုင်တယ်။
သူများတွေ ဒုက္ခရောက်အောင်တော့ မပြောဘူး။

အဲဒီစိတ်တွေထဲ မကောင်းတဲ့ကိလေသာတွေလည်း
ကင်းတန်သလောက် ကင်းသွားတယ်။
တော်တော်နေရာကျပါတယ်။
မတော်မသင့်တဲ့အမှုတွေလည်း အဲဒီတော့ ကင်းသွားတာပဲ။

ဒါကြောင့် တရားပြည့်စုံအောင် ..
ရိုရိုသေသေ လေးလေးစားစား တရားကို အားထုတ်ကြဖို့ အင်မတန် ကောင်းပါတယ်။

တရားမပြည့်စုံသေးတဲ့ ပုဂ္ဂိုလ်က ပြည့်စုံအောင်,
ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကလည်း တိုးတက်အောင်,
အချိန်ရသလောက် ကြိုးစားအားထုတ်ရတယ်။

(မဟာစည်ဆရာတော်ဘုရားကြီး)
3 Treasures: Buddha, Dhamma & Sangha

တရား အားထုတ်တယ် ဆိုတာ အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းအောင်
ဆင်းရဲ ခပ်သိမ်း ကင်းအောင် အားထုတ်ရတာ။

အားထုတ်လို့ တရားပြည့်စုံပြီ ဆိုတော့ စိတ်လည်း ပဲ ကောင်းသွားတယ်။
တရား မပြည့်စုံလျှင် စိတ်ကို က တယ်မကောင်းဘူး။
 

ကိုယ့် အကျိုးတွေကို ကြည့်ပြီး သူများ အကျိုးမဲ့ ကြံလိုက်၊ စည်လိုက်၊
စိတ်ကူး လိုက်၊ ပြောဆို လိုက်၊ အဲဒီ လို မတော် မတည့်တာတွေကို
လုပ်တတ်တယ်။



တရားပြည့်စုံ ရင်တော့ အပြစ်တွေ့ တာတောင်မှ
သူ့အပြစ်နဲ့ သူဆိုပြီး သူများ အပြစ်ကို မပြောဘဲ လျစ်လျူရှုနိုင်တယ်။
 

သူ့ အပြစ်နဲ့ သူ ဆိုပြီး နှလုံး သွင်းနိုင်တယ်။
သူများတွေ ဒုက္ခရောက်အောင်တော့ မပြောဘူး။


အဲဒီ စိတ်တွေထဲ မကောင်းတဲ့ ကိလေသာတွေ လည်း
ကင်းတန် သလောက် ကင်းသွားတယ်။
တော်တော်နေရာ ကျပါတယ်။
 

မတော် မသင့်တဲ့ အမှုတွေ လည်း အဲဒီတော့ ကင်းသွား တာပဲ။
ဒါကြောင့် တရားပြည့်စုံအောင် ..
ရိုရိုသေသေ လေးလေး စားစား တရား ကို အားထုတ်ကြဖို့ အင်မတန် ကောင်းပါတယ်။


တရား မပြည့်စုံသေး တဲ့ ပုဂ္ဂိုလ်က ပြည့်စုံအောင်,
ပြည့်စုံ တဲ့ ပုဂ္ဂိုလ် ကလည်း တိုးတက်အောင်,
အချိန် ရသလောက် ကြိုးစား အားထုတ်ရတယ်။


(မဟာစည်ဆရာတော်ဘုရားကြီး)
3 Treasures: Buddha, Dhamma & Sangha


From... မြ၀တီ

No comments:

Post a Comment