*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 7 February 2014

ဘုရား ပွင့်ရာ ကပ်ကမ္ဘာ


ဘုရားပွင့်ရာကပ်ကမ္ဘာ
*****************
သတ္တ၀ါတစ်ဦးတစ်ယောက်သည်သံသရာကျင်လည်ရာ၌မရေမတွက်နိုင်သောကပ်ကမ္ဘာတို့ကိုကျော်လွှားဖြတ်သန်းခဲ့ရသည်။
 သန္တိသုခဖြစ်သောနိဗ္ဗာန်ကိုမျက်မှောက်ပြုမှသာ သံသရာအလည်ပြတ်၍ ကပ်ကမ္ဘာတို့ကို ကျော်ဖြတ်ရမှုမှ ကင်းဝေးတော့၏။  

ထိုသို့ကျော်ဖြတ်ခဲ့ရသောကပ်ကမ္ဘာများအနက်ဘုရားရှင်များပွင့်ရာကပ်ကမ္ဘာသည် လွန်မင်းစွာနည်းပါးပြီး ဘုရားရှင်များမပွင့်သောသုညကမ္ဘာများကသာမရေတွက်နိုင်လောက်အောင်များလှသည်။ ကမ္ဘာစတင်ပေါ်ပေါက်ချိန်တွင်ဗြဟ္မာများသည်ပဒုမ္မာကြာပန်းများထဲသို့လိုက်၍ရှာဖွေပြီးကြာသင်္ကန်းအစုံအရေအတွက်ပေါ်မူတညပြီး ကမ္ဘာအမည်တပ်ကြ၏။ ကြာပန်းများထဲတွင်သင်္ကန်းမတွေ့ပါက ဘုရားမပွင့်သောသုညကမ္ဘာဖြစ်၍နတ်ဗြဟ္မာတို့ငိုကြွေးကြကုန်၏။
ဘုရားရှင်များပွင့်သောကမ္ဘာသည် * *
(၁) ဘုရားတစ်ဆူသာပွင့်သော သာရကမ္ဘာ
(၂) ဘုရားနှစ်ဆူသာပွင့်သော မဏ္ဍကမ္ဘာ
( ၃) ဘုရားသုံးဆူသာပွင့်သော ၀ရကမ္ဘာ
(၄) ဘုရားဘေးဆူသာပွင့်သော သာရမဏ္ဍကမ္ဘာ
(၅) ဘုရားငါးဆူသာပွင့်သော ဘဒ္ဒကမ္ဘာဟုသတ်မှတ်၏။
        ယခုရောက်ဆဲကမ္ဘုာကတော့ဘုရားငါးဆူပွင့်မဲ့ဘဒ္ဒကမ္ဘာဖြစ်ပါတယ်။ ဒီကမ္ဘုာပျက်သွားရင်တော့ဘုရားတစ်ဆူမှမပွင့်တဲ့သုညကမ္ဘာကြုံရအုံးမှာပါ။
 ဒါကြောင့်ယခုဘုရားသာသနာနှင့်ကြုံခိုက်လူ့ဘ၀ရောက်တုန်းသစ္စာတရားနာကြားခွင့်ရချိန်လေးမှာသတိတရားလက်ကိုင်ထားပြီး သတိသံဝေဂယူ၍ဘ၀ငြိမ်းအေးမှုဆီကိုအရောက်လှမ်းနိုင်ကြပါစေ။
 
္ဘ

သတ္တ၀ါ တစ်ဦးတစ်ယောက်သည် သံသရာကျင်လည်ရာ၌ မရေမတွက်နိုင်သော ကပ်ကမ္ဘာ တို့ကိုကျော် လွှားဖြတ်သန်းခဲ့ ရသည်။
 
သန္တိသုခဖြစ်သော နိဗ္ဗာန်ကိုမျက်မှောက်ပြုမှသာ သံသရာ အလည်ပြတ်၍ ကပ်ကမ္ဘာတို့ကို ကျော်ဖြတ်ရမှု မှ ကင်းဝေးတော့၏။
ထိုသို့ကျော်ဖြတ်ခဲ့ရသော ကပ်ကမ္ဘာများ အနက်ဘုရားရှင်များ ပွင့်ရာကပ်ကမ္ဘာသည် လွန်မင်းစွာနည်း ပါးပြီး ဘုရားရှင်များ မပွင့်သောသုည ကမ္ဘာများကသာ မရေတွက်နိုင်လောက်အောင်များလှသည်။ 


ကမ္ဘာ စတင်ပေါ်ပေါက်ချိန် တွင်ဗြဟ္မာများသည် ပဒုမ္မာကြာပန်းများထဲသို့ လိုက်၍ ရှာဖွေပြီးကြာသင်္ကန်း အစုံအရေ အတွက်ပေါ်မူတည်ပြီး ကမ္ဘာအမည်တပ်ကြ၏။ ကြာပန်းများ ထဲတွင်သင်္ကန်း မတွေ့ပါက ဘုရား မပွင့်သောသုညကမ္ဘာဖြစ်၍ နတ်ဗြဟ္မာတို့ ငိုကြွေးကြကုန်၏ ။
 
ဘုရားရှင်များ ပွင့်သော ကမ္ဘာသည် * *
 
(၁) ဘုရားတစ်ဆူသာ ပွင့်သော သာရကမ္ဘာ
 
(၂) ဘုရားနှစ်ဆူသာ ပွင့်သော မဏ္ဍကမ္ဘာ
 
( ၃) ဘုရားသုံးဆူသာ ပွင့်သော ၀ရကမ္ဘာ
 
(၄) ဘုရားဘေးဆူသာ ပွင့်သော သာရမဏ္ဍကမ္ဘာ
 
(၅) ဘုရားငါးဆူသာ ပွင့်သော ဘဒ္ဒကမ္ဘာ   ဟုသတ်မှတ်၏။
 
ယခုရောက်ဆဲ ကမ္ဘုာကတော့ဘုရားငါးဆူပွင့်မဲ့   ဘဒ္ဒကမ္ဘာ  ဖြစ်ပါတယ်။ 
ဒီကမ္ဘုာပျက်သွားရင်တော့ ဘုရားတစ်ဆူမှ မပွင့်တဲ့သုည ကမ္ဘာကြုံရအုံးမှာပါ။
ဒါကြောင့် ယခုဘုရား သာသနာနှင့်ကြုံခိုက် လူ့ဘ၀ရောက်တုန်းသစ္စာတရား နာကြားခွင့်ရချိန်လေးမှာ သတိတရား လက်ကိုင်ထားပြီး သတိ သံဝေဂယူ၍ ဘ၀ငြိမ်းအေးမှုဆီကို အရောက်လှမ်းနိုင်ကြပါစေ။

From...သီလ ဝိသုဒ္ဓိ အလင်း


No comments:

Post a Comment