အကြမ်းဖျဉ်း သိအောင် ရှင်းပြရုံလေးပါ။
ပုံမှာ မြင်တွေ့နေရတာ ကတော့ ရေအောက်
ဖိုက်ဘာ ကေဘယ်လ် ဖြစ် ပါတယ်။ ပုံသေတော့ ပြော လို့ မရ ပါဘူး။ ထုတ်လုပ်တဲ့
ကုမ္မဏီအလိုက်၊ အမျိုးအစားအ လိုက်၊ မော်ဒယ် အလိုက် ဒီဇိုင်းက ကွဲပြား
နိုင်ပါတယ်။
Optical Fiber လို့ခေါ်တဲ့ အင်တာနက် ဆက်ကြောင်းက အလင်းရောင်နဲ့ အလုပ်လုပ်တာပါ။ ကြိုး တစ်ဖက် စွန်း ဆီမှာ အလင်းအရောင် ပေး မယ့် လေဆာ သို့မဟုတ် မီးလုံး ရှိပြီး အဖွင့်အပိတ်နဲ့ အလုပ်လုပ် ပါတယ်။
Optical Fiber လို့ခေါ်တဲ့ အင်တာနက် ဆက်ကြောင်းက အလင်းရောင်နဲ့ အလုပ်လုပ်တာပါ။ ကြိုး တစ်ဖက် စွန်း ဆီမှာ အလင်းအရောင် ပေး မယ့် လေဆာ သို့မဟုတ် မီးလုံး ရှိပြီး အဖွင့်အပိတ်နဲ့ အလုပ်လုပ် ပါတယ်။
လျှပ်စစ်
စီးကြောင်းတို့ မဟုတ်ပါဘူး။ အလင်းရောင်တန်း
ဖြစ်ပါတယ်။ အလင်းရောင် ရဲ့  သွားနှုန်းက အီလက်ထရွန် ထက် ပိုမိုမြန်ဆန်ပြီး
ပိုမိုလည်း အပြည့်အဝ ရရှိပါတယ်။ သတ္တုကြားခံ ပစ္စည်းများ အသုံးပြုမှုက Loss
များပါတယ်။ ဒါကြောင့် fibre ကိုအစားထိုးတာပါ။
သူက ဖန်ပိုက်လို့
လည်း အလွယ်ခေါ်ပါ တယ်။ သေးငယ်လှတဲ့ ပိုက်ထဲမှာ အလင်းရောင် သွားတာပါ။
အလင်းရောင် ရဲ့ စက္ကန့်ပိုင်း အတွင်း ဖြစ်ပေါ်တဲ့ အဖွင့်၊ အပိတ် အကြိမ်အရေ
အတွက်ကို လိုက်လို့ ဘာသာပြန်ပြီး သတင်းအချက် အလက် ကို ပြန်ဖော်ပြတဲ့ စနစ်
ဖြစ်ပါတယ်။
ဥပမာ ... ဖွင့်ရင် 1. ပိတ်ရင် 0 ဆိုရင် 101011000101 အစရှိသဖြင့် Binary Language ကို ပြန်ကူးပြောင်းပြီး အချက် အလက်ကို ပြန်ဖော်ပြ ပေးပါတယ်။ ဒီ့  အတွက် အာရုံခံ ပစ္စည်းကိုလည်း တစ်ဖက်စွန်းဆီမှာ တပ်ဆင်ထား ပါသေးတယ်။

ဖိုက်ဘာရဲ့  အဓိက အားသာချက်က Speed မြန်တယ်။ Data
Bandwidth loss နည်းတယ်။ ပင်လယ် ရေအောက်ကနေ သွားတဲ့ fibre အတွက် ပုံမှာ
မြင်တွေ့ရတဲ့ အတိုင်း ဘေးမှာ ကာရံထားတဲ့ အထပ်တွေ မနည်းပါဘူး။
အချက်အလက်အမှန်တကယ် သွားတဲ့ ပိုက်ကို ထိခိုက်မှု မရှိ အောင် အလွှာ
အထပ်ထပ်ခံထားပါတယ်။
ဒီတော့ Standby ဖြစ်အောင် လိုင်းတစ်လိုင်းထဲမဟုတ်ပဲ
ကြိုး ၂ ကြိုးတွဲ၊ ၃ ကြိုးတွဲ အစရှိသဖြင့် တွဲလို့ အသုံးပြုပါတယ်။ Optical
Fibre ဟာ ယနေ့ခေတ် မှာ ခရီးအကွာ အဝေးများစွာ ရှည်လျားတဲ့ နေရာတစ်ခုမှ
တစ်ခု သို့ သတင်း အချက်အလက် စီးဆင်းမှု အတွက် အကောင်းဆုံး ဆက်သွယ်ရေး ကြားခံ
ပစ္စည်း ဖြစ်ကြောင်း သိရပါတယ်။
Ref: wiki,cisco
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/science-tech/internet/39960-under-water-fibre-optic-cable
Ref: wiki,cisco
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/science-tech/internet/39960-under-water-fibre-optic-cable
No comments:
Post a Comment