*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 9 June 2014

Microsoft Windows ရဲ့ CD Burning Feature



Microsoft Windows ရဲ့ CD Burning Feature




Microsoft Windows ရဲ့ CD Burning Feature
     Microsoft Windows XP, Windows 7 စတာတွေ မှာ မည်သည့် CD-Burning Software မှ အသုံးပြု စရာ မလို ဘဲပုံတွေ၊ အချက် အလက်တွေ ကို CD Burn နိုင်ပါတယ်။   Windows မှ တိုက်ရိုက် CD Burn နိုင် ရန် အတွက် အရင်ဆုံး သင့် ဆီမှာ CD အလွတ်လေး တစ်ခုတော့ ရှိရ ပါမယ်။ 

ပြီးတော့ CD-RW Drive လို့ခေါ်တဲ့ ရေးနိုင် ဖတ်နိုင်တဲ့ CD-Drive တစ်ခု လည်း ရှိရ ပါမယ်။ ဒါဆိုရင်တော့ Windows မှ အခြား မည်သည့် Software မှ အသုံးပြုစရာမလိုပဲ တိုက်ရိုက် CD Burn နိုင်ပါပြီ။ 

CD နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အချက် တစ်ချက် ရှိပါတယ်။ အဲဒါ ကတော့  CD မှာ Standars CD ရယ်၊ High Capacity CD ရယ် ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Standard CD က 650 MB အထိ အချက် အလက်တွေ ကို သိမ်းဆည်းနိုင်ပြီး၊ High Capacity CD  ကတော့ 850 MB ထိ သိမ်းဆည်းနိုင် ပါလိမ့်မယ်။



      ပြီးရင်တော့ Desktop ပေါ်မှာ ရှိတဲ့ My Computer ကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။  ပြီးနောက် My Computer ထဲက မှ copy ကူး  ချင်တဲ့ File သို့မဟုတ် Folder ကို Right Click ခေါက်ပြီး Copy သို့မဟုတ် Sent to CD Drive လို့ ပြောလိုက်ပါ။ 

Fig (1)



ဒါဆိုရင် သင်ရွေးချယ်ပြီး Send လုပ်လိုက်တဲ့ File လေးဟာ သင့်ရဲ့ CD Drive ထဲ ကိုရောက် ရှိသွားတာ ကို တွေ့မြင် ရပါလိမ့်မယ်။







အခု ကျွန်တော် တို့ဟာ CD စတင် ကူးတော့ မှာ ဖြစ်တဲ့ အတွက်ကြောင့် CD Drive အပေါ်မှာ Right Click နှိပ်ပြီး Write These File to CD ကိုရွေးချယ်ပေး လိုက်ပါ။ ဒါ ဆိုရင်တော့ CD Writing Wizard ပေါ် လာတာ ကို တွေ့ရပါလိမ့်မယ်။ CD name ကိုတော့ သင်နှစ်သက်ရာ အမည် တစ်ခု ခု ပေးနိုင် ပါတယ်။ 

ပြီးနောက် Next ကိုနှိပ်လိုက်ပါ။ ထို့နောက် သူ့ရဲ့ ညွှန်ကြားချက်တွေ အတိုင်း Follow လုပ်ပြီး CD Burn လိုက်ယုံ ပါပဲ။ 






ကျန်တဲ့ အဆင့်တွေ ဟာ CD Burn လုပ်နေတဲ့ အဆင့်တွေ ဖြစ်ပါတယ်။ အလွန် လွယ်ကူ တဲ့ အတွက်ကြောင့် အဆင့် တစ်ခုခြင်းစီ မဖော်ပြတော့ ပါဘူး။ ဒီလောက် ဆိုရင်တော့ အခြား CD Burning Software များ အသုံးမပြုပဲ Windows မှ တိုက်ရိုက် CD Burn ပုံကို နားလည် သဘောပေါက် ပြီ ဖြစ် ပါတယ်။



Written by S.N.O Published in Computer Tips
 

No comments:

Post a Comment