*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 22 May 2014

လောက တွင် အုပ်စိုးမှု တရား ၅ ပါး

 လောကတွင် အုပ်စိုးမှုတရား ၅ ပါး

အဘိဓမ္မာ သဘောအားဖြင့် သတ္တ၀ါအားလုံးအပေါ် လွှမ်းမိုး၊ အုပ်စိုး ထားသော တရား ၅ ပါးရှိပါသည်။ 
ထိုတရား ၅ ပါးမှာကား
၁။ သဒ္ဓါတရား ၂။ ၀ီရိယတရား ၃။ သတိတရား ၄။ သမာဓိတရား ၅။ ပညာတရား တို့ဖြစ်၏ 
ထို ၅ ပါးတို့တွင် သဒ္ဓါ နှင့် ၀ီရိယ ညီမျှရသည် ၊ သမာဓိ နှင့်ပညာ ညီမျှရသည် ။ ထိုတရားများ ညီမျှနေပါမှ တိုးတက်ခြင်း၊အောင်မြင်ခြင်းသို့ ရောက်ရှိနိုင်ပါသည်။ ညီမျှခြင်းများ အသီးသီးမရှိပါက၊ တဖက်ဖက်က သာလွန်နေပါက အောင်မြင်ခြင်းများ လွဲချော်သွားနိုင်ပါသည် ။ သို့သော်လည်း သတိတရား မူကား ပိုလွန်သည်ဟူ၍ မရှိပါ။ ဆုတ်နစ်ခြင်း၊ လျော့ပါး ခြင်းသာရှိပါသည်။ 
`` အပ္ပမာဒေါ အမတံ ပဒံ ၊ ပမာဒေါ မစ္စုနော မဒံ ´´ အနက်
အကြင်သူသည် ဘ၀အပေါ်၌ သာယာပြီး မေ့လျော့စွာ နေသော်လည်း ရုပ်၊ နာမ် ဓမ္မ သင်္ခါရတရားတို့၏ ဖြစ်မှုပျက်မှု သဘာဝတရား အစုစုတို့ကို အောက်မေ့ဆင်ခြင်ခြင်းဆိုတဲ့ သတိတရား ပွားများပေါ်ပေါက်လာပါက သံသရာဝဋ်မှ ကျွတ်ချိန်နီးခဲ့ပြီ၊ နိဗ္ဗာန် လမ်းစတွေ့နေသူ ဟု ဓမ္မပဒပါဠိတော် ၁၆ ၌ဟောကြားတော်မူခဲ့ပါတယ်။ 
နောက်ဆုံး ဘုရားရှင်ကိုယ်တော်မြတ်ကြီး ခန္ဓပရိနိဗ္ဗာန် ၀င်စံခါနီးအချိန် `` ချစ်သားတို့ ငါဘုရားနောက်ဆုံးစကားဟောကြားခဲ့အံ့၊ ပြုပြင်ပြောင်းလဲ၍ ဖြစ်ပေါ်လာရသော ရုပ်နာမ်ဓမ္မ သခါင်္ရ တရားတို့သည် ပျက်စီးခြင်းမှာ အဆုံးသတ် ရှိကြကုန်၏ ၊ မမေ့လျော့သော သတိတရား အစဉ်လက်ကိုင်ထား၍ မိမိတို့၏ လုပ်စရာရှိသမျှ ကိစ္စအ၀၀တွေကို ပြီးပြည့်ကုန်စင်အောင် ကြိုးစားအားထုတ်၍ နေရစ်ကြကုန်လော့ ´´ ဟုနောက်ဆုံးအချိန်မှာပင် သတိတရားအား မမေ့ရအောင် ဘုရားရှင်သည် မိန့်မှာတော်မှုခဲ့ပါသည်။ ဘုရားရှင်၏ သတ္တ၀ါတို့အပေါ် နောက်ဆုံးအချိန်အထိ ထားတော်မူခဲ့သည် မေတ္တာတော်၊   ကရုဏာတော်များ လေးစားကြည်ညိုဖို့ကောင်းလှပါတယ်။
ဤတရားစာပေများကိုတော့ ဓမ္မဗျူဟာ စာစောင်မှ မှီငြမ်း၍ ကြိုးစားရေးသားလိုက်ပါသည်။
ဗုဒ္ဓ သာသနံစိရံ တိတ္တုပါ ဘုရား.....
                                         သူရဇော်

 အဘိဓမ္မာ သဘောအားဖြင့် သတ္တ၀ါအားလုံးအပေါ် လွှမ်းမိုး၊ အုပ်စိုး ထားသော တရား ၅ ပါးရှိပါသည်။
ထို တရား ၅ ပါးမှာကား.........
 

၁။ သဒ္ဓါ တရား ၂။ ၀ီရိယ တရား ၃။ သတိ တရား ၄။ သမာဓိ တရား ၅။ ပညာ တရား တို့ဖြစ်၏ ။
 

ထို ၅ ပါး တို့တွင် သဒ္ဓါ နှင့် ၀ီရိယ ညီမျှ ရသည် ၊ သမာဓိ နှင့်ပညာ ညီမျှ ရသည် ။ ထို တရားများ ညီမျှနေပါ မှ တိုးတက်ခြင်း၊အောင်မြင်ခြင်း သို့ ရောက်ရှိနိုင်ပါသည်။ 

ညီမျှခြင်း များ အသီးသီး မရှိပါက၊ တဖက်ဖက် က သာလွန်နေပါ က အောင်မြင်ခြင်း များ လွဲချော် သွားနိုင် ပါသည် ။ သို့သော်လည်း သတိ တရား မူကား ပိုလွန်သည် ဟူ၍ မရှိပါ။ ဆုတ်နစ်ခြင်း၊ လျော့ပါး ခြင်းသာရှိပါသည်။
 


`` အပ္ပမာဒေါ အမတံ ပဒံ ၊ ပမာဒေါ မစ္စုနော မဒံ ´´ 
အနက်....
အကြင်သူသည် ဘ၀ အပေါ်၌ သာယာပြီး မေ့လျော့စွာ နေသော် လည်း ရုပ်၊ နာမ် ဓမ္မ သင်္ခါရ တရား တို့၏ ဖြစ်မှု ပျက်မှု သဘာဝ တရား အစုစု တို့ကို အောက်မေ့ ဆင်ခြင်ခြင်း ဆိုတဲ့ သတိတရား ပွားများပေါ်ပေါက် လာပါက သံသရာ ၀ဋ်မှ ကျွတ်ချိန် နီးခဲ့ပြီ၊ နိဗ္ဗာန် လမ်းစတွေ့နေသူ ဟု ဓမ္မပဒပါဠိတော် ၁၆ ၌ဟောကြားတော်မူခဲ့ပါတယ်။
 

နောက်ဆုံး ဘုရားရှင် ကိုယ်တော်မြတ်ကြီး ခန္ဓပရိနိဗ္ဗာန် ၀င်စံ ခါနီးအချိန် .......

`` ချစ်သားတို့ ငါဘုရားနောက်ဆုံး စကားဟောကြား ခဲ့အံ့၊ ပြုပြင်ပြောင်းလဲ ၍ ဖြစ်ပေါ် လာရသော ရုပ်နာမ် ဓမ္မ သခါင်္ရ တရား တို့သည် ပျက်စီးခြင်း မှာ အဆုံး သတ် ရှိကြကုန်၏ ၊ မမေ့လျော့သော သတိတရား အစဉ် လက်ကိုင်ထား ၍ မိမိတို့၏ လုပ်စရာ ရှိသမျှ ကိစ္စ အ၀၀တွေ ကို ပြီးပြည့် ကုန်စင်အောင် ကြိုးစား အားထုတ် ၍ နေရစ်ကြကုန်လော့ ´´ ဟုနောက်ဆုံး အချိန်မှာ ပင် သတိတရား အား မမေ့ရအောင် ဘုရားရှင်သည် မိန့်မှာတော်မှုခဲ့ပါသည်။ 

ဘုရားရှင် ၏ သတ္တ၀ါတို့ အပေါ် နောက်ဆုံး အချိန်အထိ ထားတော်မူခဲ့သည် မေတ္တာတော်၊ ကရုဏာတော် များ လေးစား ကြည်ညို ဖို့ကောင်းလှပါတယ်။
 

ဤတရား စာပေများကိုတော့ ဓမ္မဗျူဟာ စာစောင် မှ မှီငြမ်း၍ ကြိုးစားရေးသား လိုက်ပါသည်။
ဗုဒ္ဓ သာသနံစိရံ တိတ္တုပါ ဘုရား.....
 

သူရဇော်
From... မှတ်သားမိသမျှ ဗဟုသုတများ

No comments:

Post a Comment