*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 4 April 2014

Astute-class ရေငုတ်သင်္ဘော


Astute-class ရေငုတ်သင်္ဘော  

ဗြိတိန်တော်ဝင်ရေတပ်မှ Astute-class နျူကလီယားစွမ်းအင်သုံးရေငုတ်သင်္ဘောမှာဗြိတိန်တော်ဝင်ရေတပ်တွင်နောက်ဆုံးပေါ်နျူကလီယားစွမ်းအင်သုံးရေငုတ်သင်္ဘောဖြစ်ပြီး ခောတ်မှီဆက်သွယ်ရေးနည်းပညာများ၊ခေတ်မှီလက်နက်များ၊ကမ္ဘာ့ အကောင်းဆုံးအာရုံခံကိရိယာများနှင့်ကိုယ်ပျောက်နည်းပညာများပေါင်းစပ်ထားကာဗြိတိန်ရေတပ်သမိုင်းတွင်ရေဒါဖမ်းယူနိုင်မှူအခက်ခဲဆုံးဖြစ်အောင်ပြုလုပ်ထားတဲ့ရေငုတ်သင်္ဘောလဲဖြစ်သည်။ Astute-class နျူကလီယားစွမ်းအင်သုံးရေငုတ်သင်္ဘောမှာအလျား ၉၇ မီတာ၊တန်ချိန် ၇,၄၀၀ ရှိပြီး Rolls-Royce PWR2 နျူကလီယားဓာတ်ပေါင်းဖိုပါရှိကာအမြန်ဆုံးရေမိုင်(၃၀)ကျော်မိုင်နှူန်းခုတ်မောင်းနိုင်သည်။ Astute-class နျူကလီယားစွမ်းအင်သုံးရေငုတ်သင်္ဘောတွင်ပါရှိသည့်နျူကလီယားဓာတ်ပေါင်းဖိုမှာ(၂၅)နှစ်အထိနျူကလီယားစွမ်းအင်ထုတ်ပေးနိုင်ပြီးရေနှင့်လေအားသန့်စင်ပေသည့်စနစ်ပါရှိကာရေအောက်တွင်(၃)လခန့်ငုတ်လျှိုနိုင်ပြီးအရာရှိနှင့်ရေတပ်သား (၉၈) ယောက်
လိုက်ပါနိုင်သည်။ 
   
   Astute-class နျူကလီယားစွမ်းအင်သုံးရေငုတ်သင်္ဘောတွင်တော်ပီဒိုပြွန်ခြောက်ခုပါရှိပြီး ကီလိုမီတာ ၂,၅၀၀ (၁,၃၅၀ မိုင်) အထိပစ်ခတ်နိုင်သည့် BGM-109 Tomahawk Block IV (Tactical Tomahawk) ခရုဇ်ဒုံးကျည်နှင့် Spearfish (wire-guided) အမျိုးအစား ၅၃၃ မီလီမီတာ (၂၁ လက်မ) တော်ပီဒိုများထည့်သွင်းပစ်ခတ်နိုင်ကာ ရေငုတ်သင်္ဘောတွင် ၅၃၃ မမ တော်ပီဒိုနှင့် BGM-109 Tomahawk Block IV ခရုဇ်ဒုံးကျည်စုစုပေါင်း ၃၈ စင်း
တပ်ဆင်ထားသည်။

Photo: http://i.imgur.com/hRDXbro.jpg

စည်သူ
04, April 2014


ဗြိတိန်တော်ဝင်ရေတပ်မှ Astute-class နျူကလီယား စွမ်းအင် သုံးရေငုတ် သင်္ဘော မှာဗြိတိန်တော် ဝင်ရေတပ် တွင်နောက်ဆုံးပေါ်နျူကလီယား စွမ်းအင်သုံးရေငုတ် သင်္ဘောဖြစ်ပြီး ခောတ်မှီ ဆက် သွယ်ရေး နည်းပညာများ ၊ခေတ်မှီလက်နက်များ ၊ကမ္ဘာ့ အကောင်းဆုံး အာရုံခံကိရိယာများနှင့် ကိုယ်ပျောက်နည်း ပညာများပေါင်းစပ် ထားကာဗြိတိန်ရေတပ် သမိုင်းတွင်ရေဒါ ဖမ်းယူနိုင်မှု အခက်ခဲဆုံးဖြစ်အောင်ပြုလုပ် ထားတဲ့ရေငုတ်သင်္ဘောလဲဖြစ်သည်။ 


 Astute-class နျူကလီယား စွမ်းအင်သုံးရေငုတ် သင်္ဘောမှာ အလျား ၉၇ မီတာ၊တန်ချိန် ၇,၄၀၀ ရှိပြီး Rolls-Royce PWR2 နျူကလီယား ဓာတ်ပေါင်းဖို ပါရှိကာ အမြန်ဆုံးရေမိုင် (၃၀)ကျော် မိုင်နှူန်း ခုတ်မောင်းနိုင် သည်။ 

Astuteclass နျူကလီယား စွမ်းအင်သုံးရေငုတ် သင်္ဘောတွင်ပါရှိသည့် နျူကလီယားဓာတ်ပေါင်းဖို မှာ(၂၅) နှစ်အထိ နျူကလီယား စွမ်းအင်ထုတ်ပေးနိုင်ပြီးရေ နှင့်လေအား သန့်စင်ပေး သည့်စနစ် ပါရှိကာရေအောက် တွင်(၃)လခန့်ငုတ်လျှိုနိုင်ပြီးအရာရှိနှင့်ရေတပ်သား (၉၈) ယောက် လိုက်ပါနိုင်သည်။

Astute-class နျူကလီယား စွမ်းအင်သုံးရေငုတ် သင်္ဘောတွင်တော်ပီဒိုပြွန်ခြောက်ခု ပါရှိပြီး ကီလိုမီတာ ၂,၅၀၀ (၁,၃၅၀ မိုင်) အထိပစ်ခတ်နိုင် သည့် BGM-109 Tomahawk Block IV (Tactical Tomahawk) ခရုဇ် ဒုံးကျည်နှင့် Spearfish (wire-guided) အမျိုးအစား ၅၃၃ မီလီမီတာ (၂၁ လက်မ) တော်ပီဒို များထည့်သွင်း ပစ်ခတ်နိုင်ကာ ရေငုတ် သင်္ဘောတွင် ၅၃၃ မမ တော်ပီဒိုနှင့် BGM-109 Tomahawk Block IV ခရုဇ်ဒုံးကျည်စုစုပေါင်း ၃၈ စင်းတပ်ဆင်ထားသည်။

Photo: http://i.imgur.com/hRDXbro.jpg
စည်သူ
04, April 2014


No comments:

Post a Comment