*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 12 April 2014

တစ်ဖက်သားကို အရမ်းအထင်မသေးနဲ့



အဲဒီခေတ် တုန်းက ငွေက တန်ဖိုးရှိသည်။ သီးစုံရေခဲမုန့် တစ်ခွက် ပင် သိပ်ဈေး မကြီးသည့်ကာလ။
၁၀ နှစ် အရွယ် ကောင်လေး တစ်ယောက် ဟိုတယ်ကြီး တစ်ခု၏ စားသောက်ခန်း ထဲ ၀င်ကာ စားပွဲ တစ်လုံး မှာထိုင်သည်။ 


စားပွဲထိုး အမျိုးသမီးက သူ့ရှေ့ရောက်လာကာ ရေတစ်ခွက် ချပေးပြီး ဘာမှာ မလဲ စောင့် ဆိုင်းနေသည်။
‘သီးစုံရေခဲမုန့် တစ်ခွက် ဘယ်လောက်လဲ ခင်ဗျ’
‘50 Cent (တစ်ဒေါ်လာရဲ့ တစ်ဝက်) ပါ’ စားပွဲထိုးက ဖြေသည်။


 
 ကောင်လေးက သူ့အိတ်ထဲ မှ အကြွေစေ့တွေ ထုတ်ကာ ရေတွက်သည်။ ပြီးတော့ ‘ရိုးရိုး ရေခဲမုန့် တစ်ခွက် ဆိုရင်ကောဗျာ’ ဟုမေးသည်။
ဧည့်သည်တွေ က များနေသော စားပွဲထိုး အမျိုးသမီး က သိပ်စိတ် မရှည်ချင်။ ‘၃၅ ဆင့်’ ဟု တို တိုပြတ်ပြတ် ဖြေသည်။
 

ကောင်လေးက သူ့ပိုက်ဆံတွေ ကို ရေတွက်ပြီးနောက် ‘ရိုးရိုး Ice-Cream တစ်ခွက် ပဲ ပေးပါ ခင်ဗျာ’ ဟုဆိုသည်။ စားပွဲထိုးလေးက Ice-Cream ယူလာပေးသည်။ ဘီလ် စာရွက်ကို ပါ စားပွဲပေါ် တင်ပေးပြီး လှည့်ထွက် သွားသည်။
 

ကောင်လေးက ရေခဲမုန့် ကိုစား၊ ကောင်တာ မှာ ငွေရှင်းပြီးနောက် အိမ်ပြန် သွားတော့သည်။
စားပွဲထိုး အမျိုးသမီးလေး က ကောင်လေး ထိုင်ခဲ့ သည့် စားပွဲဆီပြန်လာပြီး ခုံသုတ်သည့် အခါ မြင်လိုက် ရသော မြင်ကွင်းကြောင့် သူ့ရင်ထဲ လှိုက်ခနဲ ဖြစ်သွားသည်။ ကောင်လေး စားသွားသည့် Ice-Cream ခွက် ဘေး တွင် ၁၅ ဆင့် အကြွေ ပိုက်ဆံကို ထားခဲ့သည်။
 

သူမ အတွက် Tips ပေးထားခဲ့ခြင်း ပင်။ အနောက်နိုင်ငံတွေ မှာက စားသောက်ဆိုင်တွေ ထိုင်တဲ့အခါ စားပွဲထိုးတွေ ကို Tip Money ပေးလေ့ ရှိသည်။
 

(The Best of Bits & Pieces စာအုပ်မှ စာတစ်ပုဒ်အား မှီငြမ်းပါသည်။)
Myanmar Consumer Guide

From...Search Myanmar
 

No comments:

Post a Comment