*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 22 March 2014

Gmail account ဖွင့်နည်း



၁ > Gmail account လိုGoogle မှာရိုက်သွင်းပါ၊
၂ > ပေါ်လာမဲ့ စာရွက် မှာ Sign Up ကို ရှာပါ ပြီးရင်၊  
၃ > Sign Up ကို ကလ စ်နှိပ်ပြီး ဝင်ပါ၊ နောက်ပေါ်လာ မဲ့ စာရွက်မှာ ဖေါင်ဖြည့် ရပါမယ် ။
၎ > Name ရဲ့အောက်မှာ First နဲLast ကို သင့် သလိုဖြည့်ပေးပါ၊ ဖြည့်ပြီး တာနဲ့ အောက်မှာ
    မိမိ သုံး လိုတဲ့ အီးမေး နာမယ်ဖြည့်ရမယ်၊
 


 
၅ > Choose Your Username မှာ သင်ကြိုက်ရာ နာမယ် လှလှ လေး တွေရွေးပေါ့ ။
    ဥပမာ sintana လို့ရွေးရင် sintana@gmail.com လို့ ထွက်လာ မှာ ဖြစ်ပါတယ်၊ သတိထား ရမှာ
    ကတော့ ကိုယ်ရွေး လိုက်တာ နာမည် တူ ရှိ မရှိ ကို စစ်ပါ ရှိနေရင် လို သလို ပြုပြင်ပေါ့၊

၆ > Create a password မှာ မိမိနှစ်သက်ရာ Password  ကိုရွေးပါ၊  
၇ > Confirm your password မှာ မိမိ ရဲ့ Password ကို  ပြန်ဖြည့် ရပါမယ်၊ 
ဂ > Birthday အဆင့် ကတော့ မွေးနေ့ သက္ကရာဇ် ဖြည့်ပါ၊

၉ > Gender အောက်က I am စာလုံး ရဲ့ ညာဘက် မှာ မျှားလေး ရှိတယ် ကျား/မ ရွေးပါ၊  

၁၀ > Mobile Phone မှာ ဖုန်း နံပါတ်ဖြည့်ပါ၊ (မှတ်ချက် Phone နံပါတ်ထဲ့ခြင်းသည် Password ကိုလုံခြုံစေပါသည)်

၁၁ > Your current email address  ကိုဖြည့် ပါ အကယ် ၍ သင့်မှာ အီးမေး အကောင့် မရှိသေးရင်
    သင့်ရဲ့ အနီးစပ်ဆုံး မိတ်ဆွေ ရဲ့ အီးမေး ကိုဖြည့်ပါ။
 

၁၂ > Prove you're bit a robot အောက်က လေးထောင့်ဘောင် မှာ ကလစ်နှိတ်ပါ အောက်မှာ
     မြင်နေရ တဲ့ Type the two pieces of text ဆိုတာလေး ပျောက်သွား ပါလိမ့်မယ်၊
 

၁၃ > Location ကိုရွေးပါ လက်ရှိသင်နေတဲ့ နိုင်ငံပေါ့၊

၁၄ > I agree to the Google က ဘောင်လေးထဲမှာ ကလစ်နှိတ်ပါ

၁၅ > Next Step ကိုနှိပ်ပါ။ နောက်ထပ် Page အသစ်ကို ပြောင်းသွားပါမယ်။
 
၁၆ > နောက်ထပ်ပေါ်လာ တဲ့ စာရွက် မှာ ဖုန်း နံပါတ် ဖြည့်ပေးပါ ပြီးရင် အောက်က Continue ကို နှိပ်ပါ သင်ဖြည့်ပေးမဲ့ ဖုန်းထဲ ကို Code နံပါတ်ပို့ပေးပါ လိမ့်မယ်၊ နောက်ထပ် Page ကိုပြောင်းသွား ပါလိမ့်မယ်၊ သင့်ဖုန်းကို လဲ Message တစ်စောင်ရောက်လာပါမယ်။
 
၁၇ > Enter verification code ထဲမှာ သင့်ဖုန်းထဲကို ရောက်နေတဲ့ Message ထဲက Code နံပါတ်ကို ဖြည့်ပါ ပြီးရင် Continue ကိုနှိပ်ပါ၊ နောက်ထပ် Page အသစ်ကိုပြောင်းသွားပါမယ် ။
                           


အထက် မှာမြင်နေရ တဲ့ ပုံဘေး မှာ သင့် နာမည် ကို ဖေါ်ပြ ထား ပါလိမ့်မယ် ပုံ ရဲ့အောက်မှာ၊ Add Profile Photo ကနေ သင့် ပုံကို ထဲ့ လို ပါက ထဲ့ နိုင်ပါတယ် အကယ် ၍ သင် လက်ရှိ သုံးနေဆဲ စက်မှာ

သင့် ပုံ အရန် သင့် ရှိ မနေ ရင်တော့ သူ့ဘေးက Next Step ကိုနှိပ်ပါ၊
 

သင့် အနေနဲ့ သင့်ပုံ အဆင် သင့် ရှိလို့ ပုံကို ထဲ့မယ် ဆိုရင် Add Profile Photo ကိုနှိပ်ပါ Box တစ်ခုပေါ်လာ ပါ မယ်၊ အဲဒီ Box ထဲက Select a photo from your computer ကိုနှိပ် ပြီး ပုံကိုရွေးပါ သင်ပုံ ပေါ် လာရင် သင် လိုသလို အနည်း ငယ် ပြင်ပါ ပြီးရင် Set as profile photo ကိုနှိပ်ပါ။ ပြီးရင်  Next Step ကိုနှိပ်ပါ၊ နောက်ထပ် Page အသစ်ပြောင်းသွား ပါမယ် သင့် ရဲ့ အီးမေး အကောင့် နာမည်နဲ့ အီးမေး လိပ်စာ အပြည့် အစုံ ကို သင်မြင်ရပါမယ်၊
 

 ဒီ Page အသစ်မှာ Continue to Gmail ကလစ် ဆက်နှိတ်ပါ၊ ဒါဆိုရင် သင် အီးမေး အသစ်ဖန် တည်း တာ ပြိး သွား ပါပြိ ဗဟုသုတ အနေ နဲ့ ပေါ့ ခုသင် အသုံး ပြုတော့ မယ့် အီးမေးဟာ 5GB အထိပေး ထား ပါတယ်၊ ခု သင် ဖန်တည်း ခဲ့တဲ့ အဆင့် အရ ရောက်နေတဲ့ Page မှာ သင့် အကောင့်ကို သင်လို သလို ပြောင်း လည်း လို့ရ ပါသေး တယ်၊ Gamil ထဲ ဝင်ကြည့် ချင်တာ ဆို ရင်တော့ အပေါ် က အနက်ရောင် ဘား တန်းမှာ Gmail ကိုကလစ်နှိတ်ပါ၊ တစ်ခု သတိ ထားရမှာ က သင်က သင့်ရဲ့ အီးမေး အဟောင်းကြီး ပြန်ပေါ်နေတယ် ဆိုရင်တော့ Sign Out လုပ်ပြိး မှ အသစ်ကို ပြန်ဝင်ပါ။

နောက်တစ်ဆင့်ပေါ့ Password ပြောင်းကြရအောင်

မိမိ အီးမေးကို သူငယ်ချင်း ကသော်၎င်း ဘယ်သူက ဘဲဖြစ်စေ ဖန်တည်းပေးထား လို့ ဒါမှ မဟုတ် အကြောင်း အမျိုးမျိုး ကြောင့် Password ပြောင်းမယ် ဆိုရင် သင့် ရဲ့ အီးမေး ထဲကိုဝင်ပါ၊ အီးမေး ထဲ ဝင်ပြီးရင် ညာ ဘက် အပေါ်ထောင့် ကို ကြည့်ပါ ပင်နယံ ပုံလေး အထက် နားမှာ + Share ဘေးမှာ သင်ပုံကိုသော်၎င်း
အကယ် ၍ သင့်ပုံ မထဲ့ ထားပါ က အောက်ပါ ကဲ့သို့သော ပုံ ကို၎င်း တွေရပါမယ် ။အဲဒိ ပုံဘေးမှာ Drop Down Arrow အသေးလေး ကို နှိတ်ပါ Pop Up Box လေးကျလာပါမယ်၊



အဲဒိ ထဲမှာ Account, Privacy နဲ့ View Profile တို့ကိုတွေ့ ရ ပါမယ် Account ကို ကလစ်နှိတ်ပါ၊
Page အသစ်ပေါ်လာ ပါမယ် ။ ဒီ Page ရဲ့ ဘယ်ဘက် အထက်မှာ Account ကို အနီရောင် နဲ့ရေးထား
ပါတယ် သူ့အောက်မှာ မှ Security ကိုရှာပြီး ကလစ်နှိတ်ပါ Page အသစ် ကိုပြောင်း သွား ပါလိမ့်မယ် ။
Page အသစ်မှာ Change password ကိုရှာပြီး နှိတ်ပါ Page အသစ် ပြောင်းသွား ပါမယ်၊
 

 ၁ > Page အသစ်က Current password မှာ လက်ရှိသုံးနေတဲ့ Password ကိုဖြည့်ပါ၊ 
၂ > New password မှာသင်ပြောင်းလိုတဲ့ Password အသစ်ကိုဖြည့်ပါ၊
၃ > Confirm new password သင် အသစ်ပြောင်း ထားတဲ့ Password ကို အတည်ပြုပြီး ထပ်မံရိုက်ပါ၊
၎ > Change password ကို နှိပ် လိုက်ပါ သင် Password ပြောင်း ပြီးသွား ပါပြိ၊

အထူးသတိပြု၇န်

သင် Password ကို မဖြည့်ခင် သင် ရိုက်သွင်း မည့် Fount သည် မြန်မာ လား အင်္ဂလိပ် လား ဆိုတာ ကို အထူး ဂရုပြုပါ၊ သင်က အင်္ဂလိပ် စာ ထင်၍ ရိုက်နေသော Password သည် မြန်မာစာ  ဖြစ်နေ ပါက သင် ရွာလည်ပြီ သာ မှတ်ပေတော့။ 


ဆက်လက်ဖေါ်ပြပေးနိုင်အောင် ကြိုးစား ပါမည်။ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ကျမ်းမာချမ်းသာကြ ပါစေ။

ကိုယ်တိုင်ရေး Post လေးပါ။ 


From...မြန်မာတို့အတွက် ဗဟုသုတ ၀က်ဆိုဒ်


No comments:

Post a Comment