*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 1 September 2013

သေမယ့်နေ့ ပြောပြတဲ့ ကိုရဲလွင်...



 
(ရန်ကုန်၊ သြဂုတ် ၁၉ )   
”အနုပညာတွေ ကျွန်တော့်ဆီမှာ မရှိတော့ တဲ့နေ့ဟာ ကျွန်တော် သေ သွားတဲ့နေ့ပါ” ဟု Bass Guitar တီးခတ်သူ ကိုရဲလွင် က ပြောသည်။
 
”အနုပညာသမား ဆိုတာ ကိုယ့် ကိုယ်ကို စောင့်ရှောက် ရမယ်။ စိတ်လွတ် လပ်နေ လို့ရအောင် ကိုယ့် စရိတ်နဲ့ ကိုယ် ရွေးချယ်ရမယ်။ ကိုယ်နဲ့ ဝါသနာတူ စရိုက်တူတဲ့ သူနဲ့ ပေါင်းရမယ်။ ဂီတ အနုပညာ ဆိုတာက အရင် ကတည်းက ထက်မြက် စူးရှတယ်။ ဥပမာ အကျဉ်း ထောင်ထဲမှာ ရေးသားတဲ့ သီချင်းတွေ ထောင်ထဲက ရေးတဲ့သူ ထွက်မလာ ရသေးပေမယ့် သီချင်းက အပြင်ကို လွတ်လပ်စွာ ရောက်လာတယ်။

 ဂီတ အနုပညာဟာ လှောင် ပိတ်ထားလို့ မရဘူး။ ဂီတမှာ တူရိယာတွေ အမျိုး စုံ ရှိတယ်။ မယ်လိုဒီ ဘယ်လောက် လှလှ ဟာမိုနီ တိုင်ပင် မကောင်းရင် လည်း မရဘူး။ ဒါကြောင့် ဂီတ ဆိုရင် အားလုံး ညီမှ လှမှ ကောင်းမှာ” ဟု ၄င်းက ဆိုသည်။

”တကယ့် အနုပညာ သမား ဆိုတာ အပေါ်ယံမှာပဲ လုပ်မှ မဟုတ်ဘူး။ အပေါ်ယံမှာပဲ လုပ်စားမယ်။ ပေါ်ပင် သီချင်း ဆိုမယ်။ ဒီဟာကိုလည်း မကျွမ်းကျင်ဘူး ဆိုရင် အလုပ် လုပ် တဲ့ သူချင်း သိကြတာပဲ။ မှားတာ မှန်တာ မတွက်ဘဲ နဲ့ ကိုယ့်ကိုယ်ကိုယ် မှန်တယ် ထင်ပြီး မပြင်ရင် မကောင်းဘူး”

”အနုပညာမှာ သူ့ရဲ့ လူ့စရိုက် ဆိုတာ ရှိတယ်။ လူတစ်ယောက်မှာ ဒေါသစိတ်၊ မာနစိတ်၊ ကရုဏာစိတ် ဆိုတာ ရှိတာပဲ။ ဒေါသဖြစ်သံစဉ် ကလည်း ဒေါသပေါက်ကွဲတဲ့ အလျောက် နှေးကွေးတဲ့ သံယောဇဉ်၊ ရဲရင့်တဲ့ သံစဉ်၊ ကြောက်လန့်တဲ့ သံစဉ်၊ ပူဆွေးသောက၊ ကရုဏာ သံစဉ် ဒါတွေအားလုံး ဖန်တီးတဲ့ လူတွေ စိတ်ထဲဖြစ်တာကို သံစဉ် အဖြစ် လုပ် လိုက်တာပါ။ ဒါကြောင့် သံစဉ် နဲ့လူ စိတ်ဆက်နွယ်မှု တစ်အားကို ထပ်တူကျ ပါတယ်”

”တစ်ကယ်ကို ဝါသနာ ပါရင် တစ်ကယ် ဖန်တီးနိုင်တယ်။ တစ်ချို့က ဒီ အတိုင်း ဖန်တီး လိုက်ရင်း အင်မတန် ပြောင်မြောက် သွားတာလည်း ရှိတယ်။ တစ်ချို့ က ပြောင်မြောက်အောင် လှည့် ပတ်ချဲ့ထွင် ဖန်တီးရင်း နဲ့လည်း ပြောင် မြောက် သွားတာ ရှိတယ်။ တစ်ချို့က ရိုးရိုးလေး မယ်လိုဒီလေးကို ဟာမိုနီ ကောင်း နဲ့ ချဲ့တယ်။ တစ်ချို့က ဘယ် လောက် ဖန်တီး ဖန်တီး မကောင်းနိုင် တာလဲရှိတယ်” ဟု ကိုရဲလွင်က ပြော သည်။

ထူးထူး
                Popularmyanmar.com မှမျှဝေဖေါ်ပြသည်....

No comments:

Post a Comment