*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 1 June 2014

ကျူးကျော်လာသော ရန်သူကို ပြန်လည် တုံ့ပြန်ရန် အင်အား အပြည့်အ၀ရှိ ဟု တာဝန်ရှိသူ တစ်ဦးပြော


မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − HlaOo's Blog)



  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားမျဉ်း ကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၏ နောက် တွင် တပ်မတော် က အသင့် ရှိနေ ပြီး မည်သည့် ကျူးကျော်လာသော ရန်ကို မဆို ပြန် လည် တုံ့ပြန်နိုင် သည့် အင်အား အပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး က ပြော ကြားသည်။

‘‘အင်အားကို နာရီပိုင်း အ တွင်း တိုးမြှင့်နိုင်တဲ့ အနေအထား ရှိပါတယ်။ အခြေအနေ ကတော့ သူတို့ အပေါ် မှာပဲ မူတည် ပါတယ်။ သူတို့ ရိုးသားလို့ ရှိရင်တော့ အဆင်ပြေမှာပါ။ 

သူတို့ ဘက်က နိုင်ငံရေး အမြတ်ထုတ် ရင်တော့ တစ်မျိုးပေါ့’’ ဟု ကာကွယ်ရေး ၀န်ကြီးဌာန မှ ဗိုလ်မှူးကြီး အဆင့် တာဝန်ရှိသူ အရာရှိကြီး တစ်ဦးက7 Day Daily အား ပြောကြားသည်။



ယခုလ တတိယပတ် နံနက် ၉ နာရီ ၇၀ မိနစ် က ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (RSO) အင်အား ခြောက်ဆယ် ခန့်သည် မောင်တောမြို့နယ် နယ်စပ် မိုင်တိုင် အမှတ် (၅၂) အနီး ကင်း စခန်းကို ၀င်ရောက် ပစ်ခတ်တိုက် ခိုက်မှုကြောင့် မြန်မာနယ်ခြား စောင့် ရဲတပ်ဖွဲ့ မှ ရဲတပ်သား လေးဦး ကျဆုံးကာ အရာရှိ တစ်ဦးဒဏ်ရာ ရ၍ လက်နက်နှစ်လက်ပျောက်ဆုံး ခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက် ၍ မေလ ၂၁ ရက် က နယ် စပ် မှတ်တိုင် (၅၁) အနီး ရဲကင်း တစ်ခုတွင် နယ်ခြား စစ်တပ်နှစ် ဖက်တွေ့ဆုံဆွေးနွေးရာ ဘင်္ဂ လားဒေ့ရှ်မှ တာဝန်ခံမှု မရှိသောကြောင့် နှစ်ဖက် တင်းမာမှု ဖြစ်ပွားပြီး တစ်ဖက်နှင့် တစ်ဖက် ခြောက်လှန့် ပစ်ခတ်သည် အထိ ဖြစ်ခဲ့သည်။

မေလ ၂၈ ရက်တွင် မြန်မာ ပိုင်နက် နယ်စပ် ပေ ၈၀ ခန့် အ ကွာ အဝေးအထိ အ၀ါရောင် ပြောက်ကျား ၀တ်စုံ ၀တ်ဆင်ထား သည့် လက်နက်ကိုင် တပ်ဖွဲ့ဝင် နှစ်ဦး ခိုးဝင် လာသောကြောင့် ကင်းပုန်း ၀ပ်ကာ လုံခြုံရေးယူနေ သည့် တပ်ဖွဲ့ က ပစ်ခတ် ခဲ့၍ ခိုးဝင် လာသည့် လက်နက်ကိုင် တစ်ဦး ကျဆုံးခဲ့သည်။

ထိုအခါ မှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့က ကျဆုံး သွားသည့် လက်နက်ကိုင် မှာ ၎င်း တို့ တပ်ဖွဲ့ ၀င်ဖြစ်ကြောင်း အ ကြောင်းကြား ၍ လက်နက်နှင့် အတူ ပြန်လည် အပ်နှံရန် တောင်း ဆို ခဲ့ရာ မေလ ၃၁ ရက် နံနက် တွင် အလောင်းနှင့် သေနတ် ကို ပြန်လည် လွှဲပြောင်းပေး ခဲ့ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၁) မှ သတင်းရရှိသည်။

‘‘ဟိုဘက်က အဖွဲ့ ကတော့ RSO ဆိုတာ သေချာတယ်။ ဟို ဘက်က အားပေးထောက်ခံမှု ပါ လားဆို တာတော့ ပြောရ ခက် တယ်။ သူတို့ ကတော့ သူတို့နိုင်ငံ ထဲမှာ မရှိ ပါဘူးငြင်းထား တာပဲ။ သူတို့ခွင့် မပြုဘဲ RSO က သူတို့ နိုင်ငံထဲ မှာ နေလို့ မရပါဘူး။ ခြံ စည်းရိုး နားကပ်လာတယ် ဆိုက တည်းက ကိုယ့်ပိုင်နက်ထဲ ကပ် လာတာပါပဲ’’ဟု ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာရှိကြီး တစ်ဦး ကပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှ ဒုတိယ ရဲမှူးကြီးမင်းအောင် ကလည်း ‘‘သဘောရိုး မှန်ရင် သောင်းကျန်းသူ ရှိတဲ့ နေရာ ကို ၀င်လာ စရာအကြောင်း မရှိဘူး လေ။ မတည် မငြိမ်ဖြစ်နေ တဲ့ နေ ရာ ကို ၀င်လာ တာကြောင့် နယ်စပ် လုံခြုံရေးအရ ပစ်ခဲ့ပြီး သေဆုံး တော့မှသာ သူတို့ လူလို့ ပြောတာ ပါ’’ဟု မှတ်ချက်ပေး ထားသည်။

လွန်ခဲ့သည့် ရခိုင် ပဋိပက္ခ ဖြစ်စဉ် များကတည်းက စစ်တပ် ကို ရခိုင်ပြည်နယ် တွင် တိုးမြှင့် ချထားပေးပြီး ပင်လယ်ပြင် ရှိ ရေ တပ် စခန်းဌာနချုပ် တွင်လည်း ဒုံး ပျံတင် သင်္ဘောများ အသင့် အနေ အထားဖြင့် အမြဲ ရှိနေကာ မြန်မာ့ တပ်မတော်(ရေ) ကလည်း ရေပြင်ပစ် သင်္ဘောဖျက် ပဲ့ထိန်း ဒုံးကျည် တစ်လုံးကို ဘင်္ဂလား ပင်လယ်အော် တွင် ပထမဆုံး အကြိမ် စမ်းသပ် ပစ်ခတ်ပြခဲ့သည်။

‘‘ပိုင်နက် ကိစ္စနဲ့ ပတ်သက် လာရင် မြန်မာ့ရေထု၊ မြေထုကို တစ်လက်မ မှ အထိမခံဘူးလို့ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်က သဘောထား ရှိပါတယ်။ အဲဒီ အတွက် တပ်ချုပ်က အ ကောင်းဆုံး စီစဉ်သွား မှာပါ’’ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ် မှူးကြီး တစ်ဦးကပြောသည်။

နိုင်ငံတော် သမ္မတရုံး ညွှန် ကြားရေးမှူး ဦးဇော်ဌေး ကလည်းဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေး တပ်ဖွဲ့များ အမှား အယွင်း တစ်စုံတစ်ရာ မရှိခဲ့ ကြောင်း၊ မိမိနိုင်ငံ ပိုင်နက်နယ်မြေ သို့ ၀င်ရောက်လာ သည့် RSO ဟု ယူဆ ရသော လက်နက်ကိုင် များ သာဖြစ်ကြောင်း၊ မိမိ တပ်ဖွဲ့များ အမှား မရှိပါဘဲ လက်မောင်း တံ ဆိပ်မပါ ပြောက်ကျား ၀တ်စုံ အ၀ါ ၀တ် လက်နက်ကိုင် များ မိမိနယ် မြေသို့ ၀င်ရောက် လာ၍ ဖြစ်ပွား ရခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ အထင်လွဲမှားမှု မရှိစေရန် သံတ မန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော် လင့်ထားကာ စိုးရိမ်ပူပန် မှုများ မရှိစေလိုကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေး သား ထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်-မောင်တောဒေသ ကို ယခင် မူဂျာဟစ် သူပုန် အဖွဲ့မှ နာမည်ပြောင်းခဲ့ သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ RSO အဖွဲ့က လက်နက် အပြည့်အစုံဖြင့် ခြေကုပ် ယူထားမှုကြောင့် ၁၉၉၄ ခုနှစ်တွင် ဒုတိယ ဗိုလ်မှူးကြီးမောင်ကို ဦးဆောင် ၍ ခြေမြန်တပ်ရင်း (၃၄၆) က မောင်တောမြို့နယ် အလယ် သံကျော်ကျေးရွာ အနီးတစ်ဝိုက်နှိမ်နင်းချေမှုန်း မှုများပြုလုပ် ခဲ့ရသည့် သမိုင်းကြောင်း ရှိခဲ့ ဖူးသည်။

‘‘အဲဒီ တုန်းက ရခိုင်ရိုးမ မှာ တောတောင်တွေ ထူထပ်တယ်။ ကျွန်တော် တို့က ပုတ်ပြတ် စစ်ဆင် ရေးနဲ့ ချခဲ့တာ။ တစ်လခွဲလောက် ကြာခဲ့တယ်။ နောက်ဆုံး နတ်မြစ် ကို လက်ပစ် ကူးပြီး ထွက်ပြေးတဲ့ သူတွေ လည်းရှိ တယ်။ အဓိက က တော့ ဘူးသီးတောင် - မောင် တော ကို သူတို့ခြေကုပ် ယူချင် တာ’’ဟု ယင်း စစ်ဆင်ရေး တွင် ပါဝင်ခဲ့သည့် တပ်မတော် အရာ ရှိတစ်ဦး ကပြောပြသည်။

ယင်းအချိန် က RSO အဖွဲ့ ၀င် တစ်ရာနီးပါးနှင့် တင့်ကား ဖျက်၊ လေယာဉ်ဖျက် လက်နက် များ အပါအ၀င် လက်နက် ခဲယမ်း အမြောက်အမြား ကို အလယ်သံ ကျော်ကျေးရွာ အနီး လျှိုမြောင် များအတွင် မြန်မာ့ တပ်မတော် က သိမ်းဆည်း ရမိခဲ့သည်။ ထိုစဉ် ကလည်း ဘင်္ဂလား ဒေ့ရှ် အစိုးရသည် ယင်းဖြစ်စဉ်နှင့်  ပတ်သက် ၍ မှတ်ချက် တစ်စုံတစ်ရာ မပေးခဲ့ပေ။

ယခု လတ်တလောတွင် မြန် မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အရေး ကို လူအများ စိတ်ဝင်စား မှုမြင့် တက်နေပြီး လူမှု ကွန်ရက်အွန်လိုင်း စာမျက်နှာ များတွင် တက်ကြွသည့် စာသား များကို ရေးသား လျက်ရှိသည့် အပြင် ကောလာဟ လ သတင်းမှား လွှင့်ထုတ်မှု များ လည်းရှိနေခဲ့သည်။

မေလ ၃၀ ရက်က ဘင်္ဂလား ဒေ့ရှ်ပိုင်နက် နတ်ချောင်း စရီ ရဲစ ခန်းတွင် သေဆုံးသူ ရုပ်အလောင်းနှင့် လက်နက် ကို မြန်မာနယ်ခြားစောင့် ရဲက ပြန်အပ်စဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်က တင့်ကား ခြောက် စီးဖြင့် အင်အားပြ သည့် ပုံစံမျိုးပြုလုပ် ခဲ့ကြောင်း အမှတ် (၁) နယ်ခြား စောင့်လုံခြုံရေး ရဲအရာရှိ တစ်ဦးကပြောသည်။ 

ယင်းညနေ က ၄၅ မိနစ်ကြာ မျှ ပစ်ခတ် မှု အမှန်တကယ်ဖြစ်ပွား ခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် စကားပြော စက်နှင့် ချိတ်ဆက် ၍ တိုက်ပွဲကို ရပ်တန့် ခဲ့ရကြောင်း သိရသည်။

‘‘အလောင်း အပ်ဖို့လုပ်နေ တုန်း ဘယ်အဖွဲ့မှန်း မသိရတဲ့ လက်နက်ကိုင် အဖွဲ့ကနေ သေ နတ်နဲ့ စပစ် တယ်။ ဒီ ဘက်က လည်း ပြန်ပစ်တော့ BGB ဒုတိယ ဗိုလ်မှူးကြီး တစ်ယောက်က တိုက် ပွဲ ရပ်ဖို့ စက်နဲ့ လှမ်းပေါက်တယ်။ ထိခိုက် ဒဏ်ရာ ရတာတော့ မရှိခဲ့ ဘူး။ 

ပစ်ခတ်မှု မဖြစ်ခင်မှာ အ လောင်းရော၊ သေနတ်ရော ပေး ထားပြီး လို့ နောက်ထပ် ဇယား မရှုပ်တော့တာ။ ဒီနေ့ ကတော့ ငြိမ်နေတယ်’’ဟု အဆိုပါ ရဲအရာရှိ ကပြောသည်။
ထို့အပြင် နယ်စပ်တစ် လျှောက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့် ရဲတပ်ဖွဲ့က အင်အား တိုးချဲ့ ထားသည့် သတင်း များအခိုင်အ မာ ရရှိထားကြောင်း အနောက် ပိုင်းတိုင်း စစ်ဌာန ချုပ်နှင့် နီးစပ် သည့် တပ်မတော် အရာရှိတစ်ဦး ကပြောသည်။ 

ထို့အပြင် မောင် တော နယ်စပ်တစ်လျှောက် ဘင်္ဂ လားဒေ့ရှ် ဘက်ခြမ်းတွင် ပုံမှန် ထက်ပိုသော လှုပ်ရှား မှုများတွေ့ နေရပြီး မောင်တောဒေသ လုံခြုံ ရေးအတွက် အသင့် အနေအထား ရှိနေ ရန် ညွှန်ကြား ထား သည်ကို သိရကြောင်း ကာကွယ်ရေး ၀န် ကြီးဌာန မှ အရာရှိ တစ်ဦးက ပြော ပါသည်။


Author: ဥက္ကာကိုကို   အောင်သစ်လွင်

From...7daydaily

No comments:

Post a Comment