*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 2 January 2014

ဝဋ်ကြွေးကျေအောင် ဘယ်လိုပေးဆပ်ရပါ့ မလဲ (အားလုံးဖတ်ရှူ့ သင့်တဲ့စာစုလေးပါ)

1505021_520524838045352_1325618918_n
 
Thursday, January 2, 2014


မေး။ ။ ယခင်ဘ၀များက ၀ဋ်ကြွေးများ ပါရှိနေလျှင် ယင်းဝဋ်ကြွေးများ ကျေအောင် မြတ်စွာဘုရားထံ၌ မည်ကဲ့ သို့ ပေးဆပ်ရမည် ကိုအကျယ်တ၀င့် ရှင်းလင်းဖြေကြားပေးတော်မူပါ ဘုရား။
( မခိုင်-မရမ်းကုန်းမြို့နယ်၊ ရန်ကုန် )

ဖြေ။ ။ ၀ဋ်ကြွေးဟူသည်မှာ မိမိပြုခဲ့သော မကောင်းမှုများမှ ငရဲစသော ပဋိသန္ဓေ အကျိုးပေးပြီးနောက် အကျိုး ဆက် အနေဖြင့် ကျန်ရှိနေသော ကံကြွင်းဖြစ်သည်။ ထိုကံကြွင်းကြောင့် ဤဘ၀ ပ၀တ္တိအခါတွင် ခံစား ရသော ဘေးဒုက္ခများပင် ဖြစ်သည်၊


ဥပမာ- သူတဦး တယောက်ကို ဓားဖြင့်ခုတ်သတ်ခဲ့၍ ငရဲ၌ ကျရောက် ခံစားရသည်၊ ငရဲမှလွတ်ကာ တိရစ္ဆာန် စသည်ဖြစ်ရာ ဓားခုတ်ခံရ၍ သေခြင်း၊ လူ့ဘ၀ရောက်သည့်တိုင်အောင် ဓားလက်နက်ဖြင့် ထိပါး၍ သေရခြင်း စသည်ဖြင့် ၀ဋ်ကြွေးများကို ခံစားရတတ်ပါသည်။

သူ့အသက်ကိုသတ်ရာ၌ အသတ်ခံရသူ မသေ၍ ကမ္မပထ ကံ မမြောက်သဖြင့် ငရဲ၌ မခံရသည့် တိုင်အောင်သေလောက် သည့်လက်နက် တမျိုးမျိုး ထိခိုက် ရှနာခြင်း-စသော ၀ဋ်ကြွေးများလည်း ရှိတတ်ပါ သည်၊ ယင်းဝဋ်ကြွေးအန္တရာယ်မှ ကင်းလွတ်ရန်၊သို့မဟုတ် သက်သာရန် မြတ်စွာဘုရားထံ၌ ပေးဆပ်ရန်မလို၊ ကုသိုလ်ကောင်းမှုများကို အဆက်မပြတ် ပြုလုပ်ရန်သာ လိုပါသည်၊

အကုသိုလ် အန္တရာယ်များ ကြားဖြတ် မ၀င်နိုင်ရန် သရဏဂုံ သီလကို မပျက်အောင် ကျိုးပေါက်ပြောက် ကျား မရှိအောင် စောင့်ရှောက် ထိန်းသိမ်းခြင်း၊အမြဲတမ်း ဘုရားရှိခိုး၍ ပရိတ်မေတ္တာ ဘာဝနာတို့ကို ပွားများ ၍နေခြင်း၊ သမထ ၀ိပဿနာ တို့ကို သင့်လျော်သလို အားထုတ်ခြင်း၊ဒါနကုသိုလ်ကို သင့်လျော်သလို ပြု လုပ်ခြင်း၊ စသည်ဖြင့် ကုသိုလ်တရားဖြင့် ထုံမွမ်းနိုင်ရန်၊ ကုသိုလ်ကံ စေတနာ အားသေးမသွား ရန် အရေးကြီး ပါသည်၊

အဘယ့်ကြောင့်ဆိုသော် ၀ဋ်ကြွေးအန္တရာယ်တို့မှာ ကုသိုလ်ကံ အားနည်းအားပျော့နေချိန် တွင်ဝင်ရောက် တတ်သော ကြောင့်ပင် ဖြစ်ပါသည်။

ဘဒ္ဒန္တတိလောကသာရ ( ရဝေထွန်း ) ဆရာတော်ဖြေကြားသည်။
 
မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ


From...Search Myanmar

No comments:

Post a Comment