*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 2 January 2014

ပုံပြင် ဒါမှမဟုတ် သင်ခန်းစာ

ပုံပြင် ဒါမှမဟုတ် သင်ခန်းစာ  
















ဘဝမှာ နာကျဉ်းမှုတွေ ကို ခံစားနေရတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ သူ့မှာ ပညာရှိ ဆရာတစ်ဦး ရှိ တယ်။ ဆရာဖြစ်သူက သူ့တပည့် ဘဝရဲ့ နာကျဉ်းမှုတွေ ခါးသီးမှုတွေကို ခံစားနေရတာကို မမြင်ရက်ဘူးပေါ့။


တစ်နေ့ မှာတော့ တပည့်လုပ်သူအား လပ်တစ်ဆုပ်ခန့် ဆားကို ယူစေတယ်။ ပြီးနောက် ဖန်ခွက်ထဲသို့ ထည့် ခိုင်း လိုက်ပါတယ်။ 


တပည့်ဖြစ် သူအား သောက်စေတယ်။ ဘယ်လို အရသာ ရှိသလဲ လို့ ဆရာဖြစ်သူက မေးတော့ အရမ်း ငံပါ တယ် ဟု တပည့်က ဆိုပါတယ်။

ထို့နောက် ဆရာဖြစ်သူက ၎င်းဆားကို ရေကန်အတွင်းသို့ ထည့်ကာ သောက်စေတယ်။ ဘယ်လိုနေ သလဲလို့ ဆရာဖြစ်သူက မေးတော့ ဘယ်လိုမှ မနေပါဘူး ဒီအတိုင်း ပါပဲဟု ပြန်ဖြေပါတယ်။

သင်ခန်းစာ - လောကတွင် လူတိုင်း လူတိုင်းဟာ ဘဝနာကျဉ်းမှု ဒဏ်တွေကို ခံစားရပါတယ်။ သို့သော် ခံယူပုံသာ ကွဲသွားခြင်း ဖြစ်ပါတယ်။ ဖန်ခွက်လို မခံယူပဲ ၊ ရေကန်ကြီးလို ခံယူပါ။ 


ကျော်လင်းနိုင် (ရိုးရာလေး)


ရိုးရာလေး

No comments:

Post a Comment