*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***
အေးငြိမ်းသော ငြိမ်သက်ခြင်း
                    အေးငြိမ်းသော ငြိမ်သက်ခြင်း     
              ပါ၇မီဆိုတာ   " မြင့်မြတ်သူတွေ၇ဲ့အလုပ် "။ "မြင့်မြတ်သူဖြစ်ကြောင်းအ၇ာ"   ဆိုတဲ့            
            အဓိပ္ပါယ်အတိုင်း ပြောမယ်ဆို၇င် ပ၇ဟိတ စိတ်ဓါတ်ဆိုတာ ' မြင့်မြတ်သူတွေ၇ဲ့    စိတ်ဓါတ် ။         
             မြင့်မြတ်သူဖြစ်ကြောင်း စိတ်ဓါတ်ပါပဲ.......
                                                                                အ၇ှင်ဆန္ဒာဓိက...
====================================================== 
“နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာဘုရား ဖြစ်တော်စဉ်” ဓမ္မဒါနအဖြစ်ထပ်ဆင့်မျှဝေပေးပါ
အရိမေတ္တေယျမြတ်စွာဘုရား ဗုဒ္ဓ၀င်တရားတော်ကို ကျွန်တော်လိုက်ဖြန့်နေတာ ကျွန်တော့်ဆိုဒ်ကိုလေ
လာနေသူတွေသိကြမှာပါ။ အခုလည်း မထင်မှတ်ဘဲ Facebook မှာ တွေ့လိုက်တော့ အားရ၀မ်းသာနဲ့ ထပ်
ပြီး မျှဝေပေးလိုက်ပါတယ်ဗျာ။ ကျွန်တော် အရင်က မျှဝေပေးခဲ့တာက  ဗုဒ္ဓ၀င်တရားတော်-MP3 နဲ့ DVD
အခွေပါ။ အခုကတော့ အရိမေတ္တေယျမြတ်စွာဘုရား ဗုဒ္ဓ၀င် ကို ရေးသားထားတဲ့စာသားပါ။ ဒါပေမယ့် သိပ်
တော့လည်း အပြည့်အစုံမဟုတ်ပါဘူး။ ဒီထက်အပြည့်အစုံသိချင်ရင်တော့ ဒီမှာ ၀င်ကြည့်နိုင်ပါတယ်ဗျာ။
မိမိရဲ့ နီးစပ်ရာကိုလည်းဆင့်ပွါးပြီးမျှဝေပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ 
http://www.pyaephyo.com/2012/11/mp3.html [ ဒီမှာလဲဝင်ကြည့်နိုင်ပါတယ် ]
အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။
၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။
၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။
၅။ ဘုရားသာသနာ တည်စိမ့်သောငှာ စေတီ၊ပုထိုး၊ စည်းခုံဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။
၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။
၇။ ရေတွင်း ရေကန် ရေအိမ်စတုဒီသာ ကျောင်းဇရပ်တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်းလှူသော ပုဂ္ဖိုလ်။
၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။
၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်။
အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။
*အရိမေတ္တေယျမြတ်စွာဘုရား*
ကျွန်တော်တို့ဟာတကယ်လို့ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင့်တော်မူမဲ့   မြတ်စွာဘုရား အကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက်ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကိုပို့ပေးတဲ့ ရှင်ဝိမလ၀ံသကိုအထူးကျေးဇူးတင်ပါသည်ဘုရား။   နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန့်တော့လိုက်ပါတယ် ဘုရား။
ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရာ
းငါး ဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ။ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် "အလွန်ကြည်ညို စရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အား နာကြားပြီး ရှေ့တော်မှာတင် ကျွတ်တမ်းဝင် နိဗ္ဗာန် စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။"
အဲဒီအတွက် ကျွန်တော်တို့ဘုရားရှင် ဟောကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ် …သုံးချက်ထဲပါ
၁။ မကောင်းမှု ကိုရှောင်ရမယ် ။
၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရ
မယ် ။
၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။
ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရအရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင် အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့် အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျ ဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာ နတ်ပြည်မှာရှိနေမယ်။
 နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း...
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။
ကြည့်ခြင်းငါးပါးဖြင့်ကြည့်
တော်မူခြင်း..
(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလ
ကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)
(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြာ
းကား ဘုရားလောင်းမွေးပြီး ခုနစ်ရက်သာနေရခြင်း
ပဋိသန္ဓေယူုခြင်း...
ကေတုမတီပြည်………..သင်္ခစင်္ကြာဝတေး
မင်းနှင့်တိုင်ပင်ကြံစည်ဘက် ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကို သိမြင်နိုင်ပြီး ပစ္စုပန်သံသရာ အစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မ ပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီ ပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။
ဗြဟ္မဏဝတီ ပုဏ္ဏေးမဝမ်းမှာ ဆယ်လ
ပြည့် တဲ့အခါမှာ ဣသိပတေန သမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည် ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်း မဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏ အကိုင်းအခက်ကို ကိုင်လျက် မေတ္တေယျ ကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်း ဖွားတော်မူတဲ့ ဖွားဘက်တော် ၁၈ ကုဋေအားလုံး အမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသော အမည်ကိုသာေ ပးလိမ့်မယ်။ ဘုရားလောင်း အဇိတမင်းသားဟာ ဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်း ချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
္တ့" ဟူသောစကားကို အရပ်လေးမျက်နှာ ကို ကြည့်ပြီးပြောဆိုလိမ့်မယ်။
ပြာသာဒ်လေးဆောင်ပေါ်လာခြင်း.
..
အဇိတ မင်းသားလောကစည်းစိမ်ခံစ
ားဖို့ရာ နေမင်း၏ရောင်ခြည် ကဲ့သို့ လူသားတွေ မျက်စိဖြင့် စိန်းစိန်း မကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင် ထွန်းလင်းပြောင်တဲ့ တင့်တယ်ခံ့ညားသော ပြာသာဒ်လေးဆောင် ပေါ်ပေါက်လာလိမ့်မည်။ ပြာသာဒ်  လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂ အသုံးအဆောင် အပြည့်အစုံ ပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက် တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲ စီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်း ခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ် တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။ ရွှေအိုး တစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသော ရထားခုနစ်ရာ မောင်းမပေါင်း တစ်သောင်းခြောက်ေ ထာင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ ဖြင့်ဖျော်ဖြေကြလိမ့်မည်။
အဇိတမင်းသားအိမ်ထောင်ပြုခြင
်း...
အချိန်တန်လို့ အရွယ်ရောက်တဲ့
အခါ စန္ဒမုက္ခီ အမျိုးသမီးနဲ့ အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီ အမျိုးသမီး ကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင် အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်း ထိန်နေမယ်။ အရိမေတ္တေ ယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေ နတ်သားတွေက ဝေယျဝစ္စ လုပ်ပေးချင်လို့ ပြုလုပ်ခွင့်ပေးဖို့လြာ ပီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။
သားတော်ဖွားမြင်ခြင်း...
အဇိတ မင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ် ခံစားနေစဉ်မှာ
အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့ သားယောကျာ်းလေးမွေးဖွားလိမ့်မယ် ။
နိမိတ်လေးပါးမြင်ခြင်း...
ဗြဟ္မာဝံသ သားယောကျာ်းလေး  မွေးဖွားပြီး
တဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်က ထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါး  တွေ့မြင်ရရင် သံဝေဂတရားတွေ ရလာပြီးတော့ တောထွက်မည့် အကြံဖြစ်ပေါ်လာလိမ့် မည်။ ဒိဗျာဝဒါန မေတ္တေယျ ဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်း ပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီး  တောထွက်လိမ့်မည်လို့ ပြဆိုထားတာ ရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင် ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံ ခစားနေကြလိမ့် မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာ  ပျော်အောင်ဖြေဖျော်နေကြတာ။
အဇိတမင်းသားတောထွက်တော်မူခြ
င်း...
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုတွေ အားလုံးသိသွားကြတဲ့အခ
ါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်း တန်ခိုးတော်ကြာင့်လည်းကောင်း စင်္ကြာဝတေးမင်း အာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း   ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီး လိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကို ကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကို ကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိင်္ခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလ နတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်း ရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီ ကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကို ကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံ  ကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင် ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျ ဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာ ပွင့်မှာပါ။ ကံ့ကော်ပင်ဆီ  ရောက်တဲ့အခါမှာ အဇိတ မင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကရစရိယာကို ခြောက်ရက် ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီ မိ ဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်း လှုလိမ့်မယ်။
သဗ္ဗညုတဥာဏ်ရသည့်အချိန်...
ညနေချမ်း အချိန်ရောက်သည့်အခါ
ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေ ထိုင်နေတော်မူလျက် အရှေ့လောကဓာတ် ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိ ဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ် ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယ ဥာဏ်တွေ ရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့ အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်။
ဘုရားပွင့်တဲ့ ကံ့ကော်ပင်ရဲ့
လုံးပတ်က အဲဒီခေတ် အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ် ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကို ဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက် ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကျတော့မှာ။ 
အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တို င်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ် ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်  ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်း အစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တစ် လောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွား ကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွား ကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။
ဓမ္မစကြာတရားဟောကြွခြင်း...
ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလ
ျှင်ပဲ ဣသိပတ္ထာန ဥယျာဉ်တော်သို့ ဓမ္မစကြာတရားဟောဖို့ရန် ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင် သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး  ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံ တိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက် ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့ အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။
ဘုရားရှင်၏တန်ခိုးတော်...
ဘုရားရှင်၏ တန်ခိုးတော်ကြောင
့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်း တို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက် သည် ဓမ္မစကြာ တရားဦးဟောသည့် နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့် တိုင်အောင် နေ့ညအမြဲပင် လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျ ဘုရား နေသန့်စင်သော အခါ နေဖို့ရာအတွက် မြေကြီးတို့ကို ခွဲပြီး ရတနာသုံးပါးနှင့် ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီး  ပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင် တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင် တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင်အိမ်ပေါက်ဝ ကျောင်းမှာ ဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင်   မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။
ရုပ်မြင်သံကြားမေတ္တေယျဘုရား
...
အရိမေတ္တေယျ ဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကို ကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်
။  ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့ နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့ မရှိတော့ဘူး။ အရိမေတ္တေယျ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမော လှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ 
အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး  ခိုက်ရန်ဒေါသမရှိ  ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။  အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။
ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်း  ကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓ ဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူ ဘုရားတစ်ဆူသာ ပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်း ဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိ အသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယ ဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ 
အရိမေတ္တေယျ ဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့ သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသော ပုဂ္ဂိုလ် သရဏဂုံသီလ မပြတ်ဆောက်တည်သော ပုဂ္ဂိုလ် ဘုရားသာသနာ တည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပုဂ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်း မပြတ်လောင်းလှုသော ပုဂ္ဂိုလ် ရဟန်းတို့အား ပစ္စည်းလေးပါး တို့ဖြင့်ထောက်ပံ့လှုဒါန်းသော ပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာ ပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရား ကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။
အရိမေတ္တေယျ မြတ်စွာဘုရားလောင
်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာ ဇာတ်တော်ကို နေ့ချင်းကုန်အောင် နာကြားကြသော သူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီ အကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲ ရနိုင်ပါလိမ့်မယ်လို့  ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်း က ပြောပြတော်မူခဲ့ပါတယ်။
လူနတ်ဗြဟ္မာသတ္တဝါအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းပြီး
ရောဂါခပ်သိမ်းကင်းဝေးနိုင်ကြပါစေ...
Copy from Myawaddy News                        pyaephyo.com မှ ကူးယူဖေါ်ပြသည်...
 ***********************************
ရုပ်နာမ်သဘောကို သိကြည့်ခြင်း
လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်ရှိလာတည်းက မိခင်နဲ့ ကလေးကြားမှာ စခဲ့တာများလား ။
မိဘဖြစ်သူတွေ ရဲ့ အသိ ပညာ၊ ဗဟုသုတပညာ အနည်း အများပေါ် မူတည်ပြီး “ငါပြောတာ နားထောင်” ဆိုတဲ့ အစဉ်အလာ အယူအဆတွေ ရဲ့ ဖိနှိပ် ချုပ်နှောင် မှုတွေကြောင့် မိဘနဲ့ သားသမီးတွေ ကြားမှာ အပြန်အလှန် အမှတ်မှားခဲ့ကြ တာလား။
“စလောင်း ဖုံးနှစ်ချပ် တီးရင် ကျားကိုက် တတ်တယ်” ဆိုတဲ့ အ ထောက်အထား မသေချာ မရေရာ တဲ့ ခြိမ်းခြောက်မှုတွေ နဲ့ ဆုံးမခဲ့မိလို့လား။
တချို့ ဆိုရင် အမှတ် မှားခဲ့တာတွေက ဘဝ တစ်လျှောက်လုံး အစွဲအလမ်း တွေဖြစ်ပြီး တစ်သက်စာ သေတဲ့ အထိအမှတ် မှားသွားတာမျိုးတွေ ရှိခဲ့ကြတယ်။
စိတ် ဆင်းရဲစရာ အာရုံတွေကို မမေ့နိုင်ဘဲ အမှတ်ရတဲ့ အမှတ် မှားမှုဟာ မိမိ ကိုယ်တိုင် သိကို မသိဘဲ အကြိမ်ကြိမ် ကျူးလွန်နေတတ်တယ်။
သညာစေတသိက် သဘောကိုသိကြည့်ခြင်း
ငါဆိုသောစိတ်
ပုံအပ်သောစိတ်
အမှတ်ရတာချင်း တူပေမယ့်
သတိစေတသိက်ရဲ့ အမှတ်ရမှုနဲ့
သညာစေတသိက်ရဲ့ အမှတ်ရမှုနဲ့ မတူဘူး။
သတိရဲ့ မမေ့ခြင်း၊
အမြဲတမ်း အမှတ်ရနေခြင်း ဆိုတာရုပ်နာမ်ရဲ့သဘောကို အမှန်အတိုင်း မှတ်တာ။
ရုပ်နာမ်ရဲ့ သူ့သဘောနဲ့သူ ဖြစ်ပျက်နေတာတွေကို သိအောင် သတိဉာဏ်နဲ့ စူးစိုက်ပြီး သိမှတ်ပေးတာ။
သညာရဲ့ မှတ်သားစိတ်က အာရုံခြောက်ပါးရဲ့ပေါ်လာသမျှ အာရုံတွေကို မှတ်သားလိုက်တာ။
သဘာဝရဲ့ မှတ်သားစိတ်က မှတ်ရုံ မှတ်ပေးလိုက်တာ။
သတိရဲ့ မှတ်သားမှုက တည်ဆောက်ယူရတာ။
သညာစေတသိက်လို မွေးရာပါ မှတ်သားစိတ်မျိုး မဟုတ်ဘူး။
သိတဲ့စိတ်ရဲ့ သဘောကိုသိကြည့်ခြင်း။
လူ့လောကထဲကို လူအဖြစ်နဲ့ရောက်ရှိလာကတည်းက ခန္ဓာကိုယ်နဲ့အတူတူ ပါ လာတဲ့ စိတ်လေးခုထဲက သိတဲ့စိတ်။ပေါ်လာသမျှ အာရုံတွေကို သိရုံသိပေး
တဲ့စိတ်။
မျက်စိက မြင်ရင် မြင်သိစိတ် ဖြစ်ပေးတယ်။
နားကကြားရင် ကြားသိစိတ် ဖြစ်ပေးတယ်။
အနံ့ရရင် နံသိစိတ် ဖြစ်ပေးတယ်။
အရသာနဲ့ ပတ်သက်ရင် အရသာသိစိတ် ဖြစ်ပေးတယ်။
ခန္ဓာကိုယ် အထိအတွေ့ဖြစ်ရင် ထိသိစိတ် ဖြစ်ပေးတယ်။
ကြံစည် တွေးတောမှုနဲ့ ပတ်သက်ရင် ကြံစည်သိစိတ် ဖြစ်ပေးတယ်။
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ပစ္စည်းခြောက်ခုရဲ့ သဘောကို သိကြည့်ခြင်း
အာရုံတစ်ခုပေါ်လာရင် ခံစားစိတ်၊ မှတ်သားစိတ်၊ သိတဲ့စိတ်၊ လှုံ့ဆော် တိုက်တွန်းစိတ် လေးခု စုပြုံရောက်လာတယ်။
ဆက်လက်ဖော်ပြပါမည်။                       popularmyanmar.com မှ ကူးယူဖေါ်ပြသည်........
ဦးကိတ္ထိသာရ
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ရုပ်နာမ်သဘောကို သိကြည့်ခြင်း
ခံစားတဲ့      အလုပ်ဟာ ခံစား စိတ်ရဲ့ အလုပ်ပဲ။                       
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်၊ ပစ္စည်းခြောက်ခုကြောင့် ဖြစ် ပေါ်လာတဲ့ အာရုံခြောက်ပါးရဲ့ အထိ အတွေ့အကုန်လုံးကိုခံစား တယ်။
ကောင်းတဲ့အရသာ၊ ကုသိုလ် အရသာတွေကို ခံစားတယ်။
မကောင်းတဲ့အရသာ၊ အကုသိုလ် အရသာတွေကို ခံစားတယ်
ကောင်းတာလည်း မဟုတ်၊
မကောင်းတာလည်း မဟုတ်တဲ့ ခံစားမှုမျိုးလည်း ရှိတယ်။
ခံစားလို့ကြိုက်ရင် ကျေနပ်တယ်။
အကြိမ်ကြိမ် ခံစားတယ်။
ခံစားလို့ မကြိုက်ရင် ဒေါသ ဖြစ်တယ်။ ခံစားတဲ့ စိတ်ရဲ့ အာရုံ ဝင်စားမှု အပြင်းထန်ဆုံး ကတော့ အာရုံခြောက်ပါးရဲ ကာမဂုဏ် ကိစ္စ တွေပါ။မွေးကတည်းက ခန္ဓာကိုယ်နဲ့ အတူတူ ပါလာတဲ့ ခံစားစိတ်ဟာ စိတ် ချင်းထိတွေ့မှုကတစ်ဆင့်ဖြစ်ပေါ် လာတဲ့ စိတ်အမျိုးအစား။
ဘယ်လိုအာရုံပဲ ပေါ်ပေါ်၊ ပေါ် လာတဲ့ အာရုံကို ဘယ်သူပဲ ဘယ်ဝါပဲလို့ စိတ်ကြိုက် သတ်မှတ်ပြီး ခံစားတယ်။
သဘာဝအရ ခံစားစိတ်က သူ့အ လုပ်သူ လုပ်တဲ့ နေရာမှာ ငါ ဆိုတာ မပါဘူး။ ငါခံစားတာကွလို့ သတ်မှတ်လိုက်တဲ့သူ ဆိုရင် စိတ် ဒုက္ခရောက်ကြတယ်။ ဒီခံစားစိတ်ဟာ လူအဖြစ် နဲ့ လူ့လောကထဲကိုရောက် လာကတည်းက မိခင်နဲ့ ကလေးကြားမှာ စခဲ့တာပဲ။ လူတွေ ဒုက္ခ ရောက်နေတယ် ဆိုတာ မိမိ စိတ်ထဲမှာ ခံစားမှုဖြစ် စေတဲ့ စိတ် တစ်ခု ရှိနေလို့ပဲ။
မိမိစိတ်ထဲဝင်လာသမျှ စိတ် တိုင်းမှာ ခံစားမှုပါတယ်။ နူးညံ့ သိမ် မွေ့တာနဲ့ ကြမ်းတာ ပြင်းထန်တာပဲ ကွာတယ်။ စိတ်ထဲမှာ ခံစားမှု မရှိမှသာ ငြိမ်းအေးသက်သာမှာ။
ခံစားမှုဟာ လောင်စာပဲ။
(လောင်စာ ရှိရင်တော့ ဒုက္ခမီးက လောင်နေမှာပဲ။) ဆိုတော့ ခံစားမှု မရှိအောင်၊ အထိအတွေ့ ဆိုတဲ့ ဖဿ စေတသိက်ကို စောင့်ကြည့် သိမှတ်ပြီး ဖယ်ထုတ်မှ သက်သာ မှာ။ 
မှတ်သားတဲ့စိတ်ရဲ့ သဘောကို သိကြည့်ခြင်း
လူ့လောကထဲကို လူအဖြစ် နဲ့ ရောက်ရှိလာတည်းက ခန္ဓာကိုယ်နဲ့ အတူတူ ပါလာတဲ့ စိတ်လေးခုထဲက မှတ်သားစိတ်။ မျက်စိနဲ့ မြင်သမျှ ဘယ်သူဘယ်ဝါလို့ မှတ်သား လိုက် တဲ့စိတ်၊
နားနဲ့ကြားသမျှ အသံတွေကို မိမိ အယူအဆနဲ့ မိမိမှတ်သားလိုက်တဲ့ စိတ်၊
နှာခေါင်းက တစ်ဆင့်ရတဲ့ အနံ့ ကိစ္စကို ဘာနံ့ညာနံ့ စသဖြင့် မှတ် သားတဲ့စိတ်၊
လျှာကတစ်ဆင့် ရတဲ့ အရသာကို မှတ်သားလိုက်တဲ့စိတ်၊
ခန္ဓာကိုယ်ကို လာထိတဲ့ အထိ အတွေ့နဲ့ ပတ်သက်ပြီး မှတ်သား စရာရှိတာကို မှတ်သားလိုက်တဲ့စိတ်၊
စိတ်အတွေးနဲ့ ပတ်သက်ပြီး မှတ်သားလိုက်တဲ့စိတ်။
အာရုံခြောက်ပါးကြောင့်ဖြစ် ပေါ်လာတာတွေကို မှတ်သားလိုက် တဲ့စိတ်
မှတ်သားတဲ့ စိတ်က မှတ်တဲ့ အလုပ်ပဲ လုပ်တယ် ။မှတ်တဲ့နေရာမှာ အမှတ်မှား တာနဲ့ အမှတ်မှန်တာ နှစ်မျိုးရှိနေတယ်။ သဘာဝ အမှန် တရားတွေကို အမှန်အ တိုင်း မှတ် တာ၊
အရာရာဟာ မတည်မြဲဘူး ဆိုတာကို အမှန်အတိုင်းမှတ်တာ
ခန္ဓာကိုယ်ရှိခြင်း၊ စိတ် စေတသိက် တွေရှိနေခြင်းဟာ ဒုက္ခဖြစ်စေ တယ်လို့ အမှန်အတိုင်း မှတ်တာ၊
 အမှတ်မှားတာ က ငါ ငါ ငါ ငါ ငါဆိုတဲ့ခေါင်းစဉ်တပ်ပြီး
ငါ့အဘိုး၊ ငါ့အဘွားး၊ ငါ့အဖေ၊ ငါ့အမေ၊ ငါ့ဘကြီး၊ ငါ့ဦးလေး၊ ငါ့အဒေါ်၊ ငါ့အစ်ကို၊ ငါ့အစ်မ၊ ငါ့ညီ၊ ငါ့ညီမ၊ ငါ့ကျောင်း၊ ငါ့သူငယ်ချင်း၊ ငါ့အတန်း၊ ငါ့စာအုပ်၊ ငါ့ခဲတံ၊ ငါ့စားပွဲ၊ ငါ့ဆရာမ၊ ငါ့ချစ်သူ၊ ငါ့မိန်းမ၊ ငါ့ယောက်ျား၊ ငါ့သား၊ ငါ့သမီး၊ငါ့အိမ်၊ ငါ့ကား၊ ငါ့ပိုက်ဆံ..
ငါ ငါ ငါ ငါ ဆိုတာတွေပဲ။
အဲဒီ ငါ ငါ ငါ ငါ ဆိုတဲ့အမှတ်မှားတာ ဘယ်တုန်းက စခဲ့တာလဲ။
ဆက်လက်ဖော်ပြပါမည်။                      popularmyanmar.com မှ ကူးယူဖေါ်ပြသည်...........
ဦးကိတ္ထိသာရ
************************************************************************  
စိတ်ပြုပြင်ခြင်း သဘောကို သိကြည့်ခြင်း
အလုပ် သဘော အရ အတွေးနဲ့ ခံစားမှုက အစွဲဖြစ်နေတာကို ကိုယ်တိုင် သတိမထား ဖြစ်ခဲ့တာ။ နှစ်ပေါင်း ၄၁ နှစ်၊ နေ့စဉ်နေ့ တိုင်း (အချိန်တိုင်း ဆိုရင် ပိုမှန်တယ်။) ခံစားမှု ကိုပဲ အဓိက အသုံးချနေ ရတယ်။ ခံစားမှု တွေ ပီပြင်အောင် အတွေး ကို အကူ အညီယူရတယ် ဆိုတော့ ခံစားမှုနဲ့ အတွေးကို စွဲမှန်းမသိ၊ စွဲနေတာ၊ ကိုယ့်ကိုယ် ကိုယ် မသိဘူး ဖြစ်နေတယ်။ ဒီဘက် ရဟန်းဘဝ ရောက်တော့မှပဲ စိတ်လေ့ကျင့်ခန်းတွေ စနစ်တကျ တည်ဆောက် တဲ့အခါမှာ ခံစားမှု ဆိုတာ အန္တရာယ် အကြီးဆုံး အနှောင့်အယှက် စိတ် တစ်ခု ဖြစ်နေမှန်း သိရတော့တယ်။
ခံစားမှုကို အကြောင်းပြုပြီး လုပ်စားခဲ့ရတဲ့ ကျော်ဟိန်း ဆိုတဲ့ လူကြီး၊ ရဟန်းဘဝ ရောက်တော့မှ အခက်အခဲ တွေအများကြီး တွေ့ရတော့တယ်။ အားထုတ်တဲ့ အခါတွေ မှာ အတွေးကို စွဲနေတဲ့ အကျင့်က ဝင်လာပြီး အစွမ်းပြတဲ့ အကြိမ်ပေါင်း က ခဏခဏပဲ။ တရား အားထုတ်တဲ့ သူတွေကို အနှောင့်အယှက် အပေးဆုံးက အတွေးတဲ့။
ကဲ !  ရအောင်ကျင့်မယ်။ ကျင့်လို့ရအောင် ကျင့်မယ် ဆိုတဲ့ နောက်ထပ် ခလုတ် တစ်ခုကို ရွှေ့လိုက်ပြန်တယ်။ မခံစားနဲ့တော့၊ ခံစားနေတဲ့ စိတ်ကို စွန့်လွှတ် လိုက်တော့လို့ ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံး သတိပေးနေ လိုက်တယ်။ လှမ်းကြည့်ရင် မြင်နေရတဲ့ နေရာတိုင်းမှာ ခံစားနေတဲ့ စိတ်ကို စွန့်လွှတ်လိုက် ! ဆိုတဲ့ စာတန်းတွေ ကပ်လိုက် တယ်။
ရုပ်နာမ်ပစ္စယာ အာယတန။ အာယတနပစ္စယာ ဖဿ။ ဖဿ ပစ္စယာ ဝေဒနာ။ ဝေဒနာပစ္စယာ တဏှာ ဆိုတဲ့ ပဋိစ္စသမုပ္ပာဒ် ရဲ့ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးကို နားလည်အောင် လေ့လာတယ်။ ကိုယ်တိုင် လက်တွေ့ သိကြည့်တယ်။
အလုပ်သဘောအရ စိတ်မှာ လာထိတဲ့ အထိအတွေ့၊ အပြင်အာရုံ တွေကို ဆွဲယူရတဲ့ အလုပ် သဘော ဖဿပစ္စယာ ဝေဒနာ။ စိတ်မှာ လာထိတဲ့ အထိ (ဖဿ) ကြောင့် ခံစားမှု ဖြစ်စေတဲ့ သဘောကို သွားတွေ့တယ်။ ကဲ နောက် ခလုတ်တစ်ခု ထပ်ရွှေ့လိုက်တယ်။ ကိုယ်တိုင် သတိမထားမိဘဲ အကျင့်ပါတဲ့ အထိ စွဲနေတဲ့ အတွေးနဲ့ ခံစား မှုတွေ ကို ဖြတ်တောက်ပစ်လိုက်တယ်။
အရာရာကို ဖြတ်မှဖြစ်တော့မယ်ဆိုတဲ့ အသိနဲ့ ခလုတ်ကို ရွှေ့လိုက်တာ။
ရွှေ့ပြီးသား ခလုတ်ကိုလည်း ဘာ့ကြောင့်ပဲဖြစ်ဖြစ်၊ ပြန်မရွှေ့တော့ဘူးလို့ ဆုံးဖြတ် လိုက်တယ်။
လူ့ဘဝမှာ လုပ်ချင်တာ အကုန်လုံး၊ လုပ်ချင်သလို လုပ်ခဲ့ပြီးပြီ။ တော်ပြီပေါ့။ ဖြတ်။နောက်ထပ် အသက်ရှင်နေတဲ့ လက်ကျန် အချိန်မှာ နောက်ထပ် အသိ တစ်ခု ထပ်ရှာ ဦးမယ်။
ပြင်းထန်တဲ့ ဆန္ဒနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ရှိရင် စိတ်တစ်ခုက ကူညီပံ့ ပိုးပေးဖို့ အဆင်သင့် ရှိနေတယ်။ ဖြစ်ချင်တာ ဖြစ်မြောက် ပြီးစီးအောင် လှုံ့ဆော် တိုက်တွန်းပြု လုပ်ပေးနေတဲ့ စေတနာစေတသိက်ပဲ။
စိတ်ကို ပြုပြင် တဲ့နေရာမှာ အသုံးအတည့်ဆုံးက စေတနာစေတသိက်ပဲ။
စိတ်ပြုပြင်ခြင်း သဘော မှာပေးခဲ့တဲ့ ဥပမာတွေကို ပြန်သုံးသပ်ကြည့်တော့ ဘိန်းဖြူ ဖြတ်လိုက်နိုင်တာ ရအောင် ဖြတ်မယ် ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို စေတ နာစေတသိက်ရဲ့ လှုံ့ဆော် တိုက်တွန်းမှုက ကူညီလိုက်လို့ပဲ။
ယင်းထနေတဲ့ ခံစားမှုဟာ စိတ်အသိကို လာထိနေပေမယ့် ငြိမ်ဝပ်ကိန်း အောင်းနေတဲ့ စိတ်ကို ထကြွတဲ့ အဆင့်ထိ မရောက်ခဲ့ဘူး။ ဘာဖြစ်လို့လဲ?
စေတနာ စေတသိက်ရဲ့ လှုံ့ဆော်တိုက်တွန်းမှု ခလုတ်ကိုပြင်းထန်တဲ့ ဆန္ဒနဲ့ ကောင်းတဲ့ ဘက်မှာ ရွှေ့ထားနိုင်လို့ပဲ။
ကျော်ဟိန်း ရဲ့ ဘဝကို အဆုံးသတ် လိုက်နိုင်တာ၊ စေတနာ စေတသိက်ရဲ့လှုံ့ဆော် တိုက်တွန်းမှု ခလုတ်ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတဲ့ အတိုင်း အကောင် အထည်ဖော်မယ့် ဘက်မှာ ပြင်းထန်တဲ့ ဆန္ဒနဲ့ ရွှေ့ထားနိုင်လို့ပဲ။
နှစ်ပေါင်း ၄၁နှစ် စွဲနေတဲ့ ခံစားမှုနဲ့ အတွေးကို ဖြတ်ပစ် လိုက်နိုင်တာဟာ စိတ်ကို လာထိတဲ့ ဖဿစေတသိက် သဘောကို သိသွားလို့ရယ်၊ ဒုက္ခဖြစ်စေ တဲ့ ဝေဒနာ စေတသိက် သဘောကို မြင်သွားလို့ရယ်၊ ခံစားမှုအစွဲနဲ့ အတွေး အစွဲတွေဟာ အချိန်မရွေး ထကြွသောင်းကျန်း လာရင် အသေမဖြောင့်နိုင် တဲ့ မောဟစေ တသိက် ကို သတိထား မိသွားလို့ရယ် ၊ကောင်းတဲ့ဘက်မှာရော၊ မကောင်းတဲ့ဘက်မှာရော၊ လှုံ့ဆော် တိုက်တွန်း တတ်တဲ့ စေတနာ စေတသိက်ကို ထိုက်တန်တဲ့နေရာ မှာထားပြီး အသုံးချတတ်မှ ဖြစ်မယ် ဆိုတာကို လုံးဝ (လုံးဝ) သဘော ပေါက်သွား လို့စိတ်တွေကို လိုသလိုပြုပြင်လို့  ၇တာ။
ဆက်လက်ဖော်ပြပါမည်
ဦးကိတ္ထိသာရ
popularmyanmar.com  မှကူးယူဖေါ်ပြသည်......
###################################################### 
စိတ်ပြုပြင်ခြင်း သဘောကို သိကြည့်ခြင်း
မီးခလုတ် တစ်ခုကို ဥပမာယူပြီး သိကြည့်ခဲ့တာ။ မီးခလုတ်ရဲ့ သဘောက ခလုတ်ကို ရွှေ့ရင် မီးလင်းတယ်။ ဆန့်ကျင်ဘက်ကို ခလုတ် ပြန်ရွှေ့ရင် မီးပိတ်သွားတယ်။
အဲဒီ ခလုတ်ကို ကြည့်ပြီး အာရုံသစ် တစ်ခုရခဲ့တာပဲ။ မီးခလုတ်လေး ဟိုဘက် ရွှေ့၊ ဒီဘက်ရွှေ့ လုပ်လိုက်ရုံလေးနဲ့ ဗို့အားရာ ၊ထောင်ချီပြင်းတဲ့ လျှပ်စစ် မီးအားတွေ ကိုဖြတ်တောက် တားဆီး ပိတ်ပင်နိုင်သတဲ့လား။
ငါကော
ငါကော
ငါကော
ကိုယ့်ဟာကိုယ် မေးခွန်းတွေ ထုတ်ပြီး ကိုယ့်ဟာကိုယ် ပြန်ဖြေ ကြည့်တော့ နောက်ဆုံး ထွက်လာတဲ့ အဖြေက ဆေးလိပ်စွဲနေတာ ပြတ်သွားတယ်။
ဆေးခြောက် စွဲနေတာ ပြတ်သွားတယ်။ အရက်သောက်နေတာ ပြတ်သွားတယ်။ (၆) နှစ်လောက် စွဲနေတဲ့ နံပါတ်ဖိုး (ဘိန်းဖြူ) ကို တိခနဲ နေအောင် ဖြတ်လို့ရ သွားတယ်။ ဘာဆေး မှ မသောက်ဘူး။ ဘယ်ဆရာဝန်နဲ့မှလည်း မကုဘူး။ ယင်းထနေတာကို စောင့်ကြည့်ရင်း ဖြတ်ပစ်လိုက်တာ။
(ယင်းထတယ် ဆိုတာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ၊ ဆေးသောက်ချင်လို့ ဆာလောင်တဲ့ ခံစားမှု အပြင်းစား နိမိတ်ပြပုံစံ)
တုန်တုန်ရီရီ ဖြစ်နေတဲ့ သဘောကို မခံစားဘဲ စောင့်ကြည့်တဲ့ ဘက်ကို ခလုတ်ရွှေ့ပြီး သိကြည့်တာ။ 
ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး ဆိုတဲ့ သဘောကို အစတည်းက သိထား ပြီးသား ဖြစ်နေလို့လည်း မခံမရပ်နိုင်အောင် ဖြစ်နေတဲ့ ခံစားမှုကို အရေးတယူ ရေးကြီး ခွင်ကျယ် မလုပ်တာလည်း ပါတယ်။ အပြင်းထန်ဆုံး ခံစားမှု ဆိုတာ အလွန်ဆုံး ၁ဝ မိနစ်လောက်ပဲ ကြာတယ်။
ခံစားမှု ပြန်လျော့ကျသွားတာလည်း ၁ဝ မိနစ်လောက်ပဲကြာတယ်။
အဲဒီလို ပေါ်လိုက်၊ လျော့ကျသွားလိုက်နဲ့ ငါးခါလောက် ဖြစ်ပြီးတဲ့ အခါမှာ ယင်းထတဲ့ ခံစားမှုရဲ့ အရှိန်တွေဟာ ပထမ အကြိမ်တွေ တုန်းကလောက် မပြင်းထန်တော့ တာကို သိလာတယ်။ ပထမဆုံး အကြိမ် အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ဟာ ဘဝအတွက် အနက်ရှိုင်းဆုံး အမှတ်တရ ဖြစ်သွားစေတယ် ဆိုတဲ့ စကား ဟာ မှန်တယ်။ ပထမဆုံး ဒုက္ခကို ကျော်ဖြတ်ခဲ့ ပြီးရင် နောက်ထပ်တွေ့တဲ့ ဒုက္ခတွေဟာ သေးငယ်သွားပြီး မပြင်းထန်တော့ဘူး။ ဒီလို ခံနိုင်ရည် ရှိလာတာဟာ ပထမဆုံး အကြိမ် ရဲ့ ခံစားမှုကို အတွေ့အကြုံ ရရှိ ထားခဲ့လို့ပဲ။ ခလုတ်ကို ဟိုဘက်၊ ဒီဘက်ရွှေ့ပြီး ကမ္ဘာကျော် ဟီးရိုးအင်းလို့ ခေါ်တဲ့ ဘိန်းဖြူ အစွဲကို ဖြတ်ပစ်နိုင်ခဲ့တယ်။ မူးယစ်ဆေးဝါး နဲ့ ပတ်သက်တဲ့ အရက်သောက်တာ၊ ဆေးလိပ် သောက်တာ၊ ကွမ်းစားတာ အပါအဝင် ဖြတ်လို့ မရအောင် စွဲနေတယ် ဆိုတာတွေဟာ မူးယစ်ဆေးဝါး ဆာလောင်တဲ့ အချိန်မှာ ဆာလောင်တဲ့ ဒဏ်ကို မခံစားချင်လို့ အစာကို ချက်ချင်း ကျွေးမိတာ နဲ့ အစာကို စွဲသွားတဲ့ သဘောပဲ။ ဆာလောင်နေတဲ့ အချိန်မှာ ဆာလောင်နေ တဲ့ စိတ်ကို ခလုတ်ရွှေ့ပြီး တခြား အာရုံ တစ်ခုဘက်ကို ပြောင်းထားနိုင်ရင် တစ်ကြိမ်မှာ တစ်ခုပဲ ရှိခွင့်ရတဲ့ စိတ်သဘာဝ အရ ဆာလောင်တဲ့ စိတ်နေရာ မှာ အစားထိုး ဝင် လာတဲ့ စိတ်က အလုပ်လုပ်နေလို့ ဆာလောင်တဲ့ စိတ်က ခံစားခွင့် မရတော့တဲ့ စိတ်သဘာဝ အရ ဆာလောင်မှု အရှိန် လျော့ကျပြီး ပြတ်တောက် သွားနိုင်တယ်။
ခလုတ်ရွှေ့ပြီး ပြောင်းလဲခဲ့တဲ့ နောက်တစ်ခု။ ကျော်ဟိန်း မဟုတ်တဲ့ တခြား ဘဝထဲက လူတွေရဲ့ အကြောင်း ကို၁၉၆၇ ကနေ ၂ဝဝ၈ ခုနှစ် ထိ နှစ်ပေါင်း ၄၁နှစ်။ လှုပ်ရှား လုပ်စားခဲ့တဲ့ အလုပ်ကို ထောက်ခနဲ ဖြတ်ပစ်လိုက်တာပဲ။ ၂ဝဝဝ ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နေ့တုန်းက တိုင်းပြည်ကို ကြေညာတယ်။
၂ဝဝ၈ ခုနှစ်၊ နိုဝင်လာ (၄) ရက်နေ့ကျရင် အနုပညာလောက ကနေ နုတ်ထွက်ပြီး ဘုန်းကြီး ဝတ်မယ်လို့။ ကြေညာပြီး ရှစ်နှစ်ပြည့်တဲ့ နေ့၊၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာ (၅) ရက်နေ့ မနက်၊ အိပ်ရာက ထထချင်း၊ “ကဲ ဒီနေ့ဟာ တိုင်းပြည် ကို ကြေညာခဲ့တဲ့နေ့ရောက်ပြီ။ အနုပညာ အလုပ်က ထွက်ပြီး ရဟန်းဘဝ ရောက်တော့မယ်။
ဒီအခန်းထဲက ဒီအိပ်ရာပေါ်မှာ နှစ်ပေါင်း များစွာ ဇိမ်နဲ့အိပ်ခဲ့တာ ဒီနေ့ နောက်ဆုံးပဲ။  နောင်ကိုဘယ်တော့မှ ဒီအခန်း၊ ဒီအိမ်၊ ဒီခြံဝင်းထဲ ကို ပြန်လာခွင့် မရှိတော့ဘူး ဆိုတာ သိတယ်နော်။ ဘယ့်နှယ်လဲ၊ဖြစ်ရဲ့လား လို့ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်တယ်။ ဖြစ်တယ်လို့ ကိုယ့်ဟာကိုယ် ပြန်ဖြေတယ်။ ဒီနေ့ ကျော်ဟိန်းကို အသုဘ ချတဲ့နေ့ လို့ သဘောထားပြီး ထွက်ခဲ့တယ်။ ဒါဟာ ခလုတ်ကို အပေါ်တင်ပြီး ကျော်ဟိန်းဆိုတဲ့ မီးလုံးကြီးကို လုံးဝ ပိတ်ပစ်လိုက်တာပဲ။ နောက်ထပ် ခလုတ် တစ်ခု ကတော့ ရွှေ့ရတာ တော်တော် ခက်ခဲ့တယ်။ ရအောင်ဖြတ်နိုင်ပေမယ့် အကျင့်ပါနေတဲ့ စိတ်ချေးတက်နေလို့ တော့်တော့်ကို ခက်ခက်ခဲခဲဖြတ်ခဲ့ရတယ်။ လုံးဝပြတ်တောက် သွားအောင် ခလုတ်ကိုရွှေ့တဲ့ နေရာမှာ စိတ်ကိုစောင့်ကြည့် သိမှတ်တဲ့ နည်းကို အသုံးချလိုက်တယ်။ နှစ်ပေါင်း ၄၁နှစ် လှုပ်ရှား လုပ်စားခဲ့ရတဲ့ ခံစားမှုနဲ့ အတွေး ကိုဖြတ်ပစ် ရတဲ့အလုပ်ပဲ။
ဆက်လက်ဖော်ပြပါမည်။                 popularmyanmar.com  မှ ကူးယူဖေါ်ပြသည်.........
ဦးကိတ္ထိသာရ
************************************************************************
အစွဲအလမ်း ဖြစ်တဲ့ စိတ်သဘောကို သိကြည့်ခြင်း
မေးခွန်းတွေ မေးတဲ့နေရာမှာ တစ်ခါတလေ သိသလိုလို လူနဲ့တွေ့ပြီး အဖြေ အစစ် မရခဲ့တာတွေ ရှိတယ်။
တစ်ခါတလေ သိချင်ယောင်ဆောင်တဲ့ သူနဲ့ တွေ့ပြီး အငြင်းအခုံဖြစ်၊ စကားတွေများ၊ မိတ်ပျက်ပြီး မခေါ်မပြော ဖြစ်ကုန်တာတွေ ရှိတယ်။ တချို့ ကျတော့လည်း ပြောနိုင် တာကို သိတယ်လို့ ထင်နေတာ မျိုးလည်း ရှိတယ်။
မေး – သိသလိုလိုလူ၊ သိတယ်လို့ ထင်တဲ့လူ၊ သိချင်ယောင်ဆောင်တဲ့ လူလို့ ဘယ်လိုခွဲခြားပြီး သတ်မှတ် လိုက်လို့လဲ။
ဖြေ – သိချင်လို့ မေးတယ်ဆိုတဲ့ သဘောက ငြင်းဖို့ မဟုတ်ဘူးလေ။ အဖြေ အစစ်ကို သိချင်လို့ မေးတာ။ မေးရင်း မေးရင်းနဲ့ မဖြေနိုင်တော့တဲ့ အခါမှာ ဒီပုဂ္ဂိုလ် ဒီအထိပဲ သိတာလို့ သိတာပေါ့။ ကိုယ်တိုင် လက်တွေ့ အားထုတ်တဲ့သူ မဟုတ်ရင်၊ ပြောတာကို နားထောင်ရင်၊ စာဖတ်ပြီး သိတာတွေ ရွတ်ပြနေတာ လား။ ကြားဖူးနားဝတွေ ကို သိတယ် ထင်ပြီး ပြန်ပြောပြနေတာလား။ ကိုယ်တိုင်လက်တွေ့ အသိကို ပြောတာလား ဆိုတာ သိလို့ရတယ်။ တကယ် သိတဲ့သူက ကိုယ်တွေ့ အားထုတ်ထားတာ ဆိုတော့ မေးတဲ့မေးခွန်း ရဲ့အဖြေကို သဘောပေါက် နားလည် သွားအောင် အတိအကျ ရှင်းပြ ပြောဆိုနိုင်တယ်။ ဥပမာ – ငြိမ်းအေးတယ်။ လွတ်မြောက်တယ် ဆိုတဲ့ လမ်းကြောင်းက စိတ် တစ်ခုတည်းကို ဘယ်လို အသိနဲ့၊ သတိနဲ့ ထိန်းသိမ်း စောင့်ကြည့် သိမှတ်နေရတယ် ဆိုတာမျိုးပေါ့။ နားထောင်တဲ့ သူကလည်း အဖြေအစစ် ကို လက်ခံနိုင်တဲ့ အခြေခံအသိနဲ့ နားထောင်တာ ဆိုတော့ မေးသူနဲ့ ဖြေသူရဲ့ စိတ်အသိဥာဏ်က ကွက်တိဖြစ်နေရမယ်။
မေး – ဆက်ပါဦး . . .
ဖြေ – ပတ်ဝန်းကျင်မျိုးစုံ၊ နေရာမျိုးစုံ၊ ဘဝမျိုးစုံ၊ လူမျိုးစုံ၊ မေးခွန်းမျိုးစုံ၊ အဖြေ မျိုးစုံတွေကို အပြန်အလှန် စဉ်းစားရင်း လူတွေအကြောင်း၊ စိတ်တွေ အကြောင်း၊ စိတ်ဝင်စားတဲ့စိတ်ကို ထပ်ပြီး စွဲလမ်းသွားပြန်တယ်
မေး – အတန်းပညာကို ပြည့်ပြည့်စုံစုံ မတက်ခဲ့ဘူး ဆိုတဲ့သူက ဒီလိုသိရမယ့် အသိတွေကို မှားတယ်၊ မှန်တယ် ဘယ်လို ခွဲခြားလဲ။
ဖြေ – စာထဲမှာ ဖတ်ရလို့ သိရတဲ့ အသိတွေ၊ သူများပြောပြလို့ နားထောင်ပြီး သိတာတွေကို လက်တွေ့ သိကြည့်တဲ့အခါမှာ စာထဲမှာ ဖော်ပြလို့မရအောင် အသေးစိတ် လွန်းနေတဲ့ လူတွေရဲ့ စိတ်တွေ၊ ဘဝအဖြစ် အပျက်တွေ က လုံးဝ မတူ ကွဲပြားပြီး၊ ထင်တာ ထက် အများကြီး အံ့သြစရာ၊ စိတ်ဝင်စားစရာ ကောင်းနေတယ်။ သိစရာတွေ ထဲက သိသင့်တာကို လက်တွေ့ သိကြည့်ရင် ကွဲပြားနေတာတွေ အများကြီးပဲ။ ကိုယ်တိုင် လက်တွေ့သိကြည့်မှုကို စွဲလမ်းလာတယ်။ သိချင်မှု အပေါ်မှာ စွဲလမ်းသလို၊ သိချင်တာကို စနစ်တကျ ရှာဖွေပြီး အလုပ်လုပ်တဲ့ နည်းကိုလည်း ကြိုက်ပြီး စွဲလမ်းပြန်ရော။ ပြောပြီးသား စကားကို မပြင်ဘူး။ ဘာ့ကြောင့် ပဲဖြစ်ဖြစ် မပြင်ဘူး။ ပြောတဲ့ အတိုင်း မလုပ်နိုင်မှာ ကို ရှက်ပြီး ရှက်တဲ့ စိတ်ကို စွဲတယ်။ ပြီးစီးဖြစ်မြောက်အောင် လုပ်နိုင်တဲ့ စိတ်တွေကို ကြိုက် ပြီး ကိုယ့်စိတ် ကိုယ် စွဲလာတယ်။ အဟောင်းတွေထဲမှာ အာရုံ အကြာကြီး မြှုပ်မထားချင်တဲ့ စိတ်ကိုစွဲတယ်။ အာရုံအသစ် ဖြစ်စေမယ့် နေရာမှာ ဆိုရင် နေချင်သလောက် နေနေချင်တဲ့ စိတ်ကိုလည်း ကိုယ့်ဟာ ကိုယ် ကျေနပ် ပြီးစွဲတယ်။
မေး -ကိုယ့်ဟာကိုယ် ကျေနပ် တယ်ဆိုတာ ဘဝင်မြင့်တာလား။
ဖြေ – မဟုတ်ဘူး။ လွတ်လပ်မှုကို ကြိုက်တာ။ ဘဝင်မြင့်တဲ့ စိတ်ကို မကြိုက်ဘူး။ စိတ်တွေထဲမှာ ဘဝင်မြင့်တဲ့စိတ်ကို မကြိုက်တဲ့ စိတ်က အစွဲဖြစ်ပြီး မုန်းတာ။ ဘဝင်မြင့် တဲ့ လူနဲ့ ခင်ရမှာ သိရမှာကို မလိုလားဘူး။ အဲဒီစိတ်ကို စွဲတာ။
မေး – ဘာဖြစ်လို့ အဲဒီလောက်ထိ အစွဲတွေ များသွားတာလဲ။ ဘာဖြစ်လို့ အရာရာကို အစွဲတွေ ဖြစ်ဖြစ်သွားတာလဲ။
ဖြေ – သိစရာတွေကို သိချင်လို့ ရှာ ရင်း၊ ရှာဖွေတာကို အစွဲဖြစ်ပြီး သိပြီးရင်း သိချင်တာကို စွဲတာ။ ဒီဘဝ လူဖြစ်ခွင့်ရနေတုန်း တန်အောင်နေမယ် ဆိုတဲ့ အသိကို အစွဲဖြစ်ပြီး၊ စိတ်တိုင်းကျ စွဲလမ်းတာမျိုး။ အမြဲတမ်း ငြိတွယ်ပြီး ခံစား ချင်နေတာမျိုး။ ခံစားချင်သလို ခံစားခွင့် ရှိတာကို သိသွားပြီး အလွတ်လပ်ဆုံး ခံစားတဲ့ စိတ်ကို စွဲသွားရင်း အစွဲတွေ များသွားတာ ထင်တယ်။ အတားအဆီးမရှိ အလွတ်လပ်ဆုံး တွေးနေတာ ကိုတော့ အစွဲထဲမှာ အကြိုက်ဆုံး အစွဲပဲ။
မေး – မြင်သမျှ၊ ကြားသမျှတွေ အားလုံးကို အတွေးအဖြစ် ချက်ချင်း ဆွဲယူပြီး အကျင့်ဖြစ်သွားတဲ့ အစွဲတွေဟာ မိမိအတွက် ဒုက္ခတွေ ဖြစ်နေတာကို ဘယ် အချိန်မှာ အတိ အကျသိသွားတာလဲ။
ဖြေ – ရဟန်း ဘဝရောက်မှ အတိအကျ အကျယ်တဝင့် သိသွားတာ။ လူ့ဘဝ တုန်းက ဒုက္ခအဖြစ် သိခဲ့တာ မဟုတ်ဘူး။ အရာရာဟာ ခဏလေး ပါလားလို့ပဲ သိတာ။ အသုံးလို တဲ့ စိတ်ကိုသာရွေးပြီး အဆက်မပြတ် ဖြစ်အောင် စုစည်းဖော် ထုတ်ပြီး အသုံးမလိုတဲ့ စိတ်တွေကျတော့ ဆက်တိုက် ဖယ်ထုတ်ရင်း ခဏလေးရဲ့ သဘောကို အလုပ် လုပ်ရင်း သိသွားတာ။
မေး – ဘယ်လိုအလုပ်လုပ်ရင်း သိတာမျိုးလဲ။
ဖြေ – ဘဝ ရပ်တည်ရေး အတွက် လှုပ်ရှားရုန်းကန် ရှာဖွေတဲ့ အလုပ်ကကိုယ် မဟုတ်တဲ့ တခြားလူတွေရဲ့ ဘဝတွေ၊ စိတ်တွေကို အငှားယူပြီး နောက်ထပ် လူတစ်ယောက် အဖြစ် ဖန်တီးတဲ့ အလုပ်။ ခုရယ်၊ ခုငို၊ ခုဒေါသထွက်၊ ခုဝမ်းနည်း၊ တစ်နေ့ တည်းတည်းမှာ အဖြစ်အပျက် မျိုးစုံကို အစစ် လို့ထင်အောင် အတု လုပ်ပြရတာတွေ အားလုံး ဟာ ခဏလေးတွေချည်းပဲ။
ဆက်လက်ဖော်ပြပါမည်။
ဦးကိတ္ထိသာရ                             popularmyanmar.com   မှ ကူးယူဖေါ်ပြသည်.......
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
No comments:
Post a Comment