*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 2 November 2013

'ဇ' အဆင့်မြင့် မြို့ပတ်ရထား စတင်ပြေးဆွဲ

'ဇ' အဆင့်မြင့် မြို့ပတ်ရထား စတင်ပြေးဆွဲ

Saturday, 02 November 2013 

ရန်ကုန်မြို့ပေါ်နေ ရထားစီး ပြည်သူများ သွားလာနိုင်စေရန် မြန်မာ့မီးရထား အနေဖြင့် ''ဇ'' အဆင့်မြင့် မြို့ပတ် ရထားကို ယနေ့တွင် စတင်ပြေးဆွဲ ပေးလျက်ရှိသည်။

''ရန်ကုန်မြို့မှာ အခုဆိုရင် မြို့တွင်းရထားစီး ပြည်သူတွေဟာ ယခင်ထက် ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ အဲဒီအတွက် မြန်မာ့ မီးရထားအနေနဲ့ အဲကွန်းအထူး မြို့ပတ်ရထားနဲ့ ရိုးရိုးမြို့ပတ်ရထားတွေကို နေ့စဉ်ပြေး ဆွဲ ပေးနေတာကနေ ထပ်မံပြီးတော့ ''ဇ''အဆင့်မြင့် မြို့ပတ်ရထားတွဲဆိုင်းကို ထပ်မံပြေးဆွဲပေးသွားမှာပါ။ ဒီတွဲဆိုင်း တွေမှာ ပန်ကာတွေ၊ လျှပ်စစ်မီးတွေ၊ ထိုင်ခုံတွေ၊ စတီးလက်ကိုင် တန်းတွေနဲ့ ပြုလုပ်ထားပြီး စီးနင်းလိုက်ပါ သူတွေအတွက် အဆင်ပြေမှာပါ'' ဟု အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

အဆိုပါ ''ဇ'' အဆင့်မြင့် မြို့ပတ်ရထားအား လိုက်ပါစီးနင်းသူများ အနေဖြင့် တွဲများအားလုံးသို့ တောက်လျှောက် ကူးသန်းသွားလာနိုင်ပြီး လက်မှတ်ခနှုန်းထားမှာ ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၃ဝဝ၊ နိုင်ငံခြားသား တစ်ဦးလျှင် တစ်ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ ကုန်ပစ္စည်းများ တင်ဆောင်ခွင့်မရှိပေ။ ထိုရထားတွင် အဆိုင်းခြောက်ဆိုင်း ပါဝင်ပြီး လူဦးရေ ၆ဝဝ ခန့် လိုက်ပါစီးနင်းနိုင်သည်။ တစ်ရက်လျှင် မြို့ပတ်ခြောက်ကြောင်း ပြေးဆွဲသွားမည် ဖြစ် သည်။

ရထားထွက်ချိန်များမှာ နေ့စဉ် အင်းစိန်မှ နံနက် ၅ နာရီ စထွက်ကာ ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီ ၅၅ မိနစ်၊ အင်းစိန် ဘူတာမှ နံနက် ၇ နာရီ မိနစ် ၅ဝ၊ လှော်ကားမှ နံနက် ၈ နာရီ မိနစ် ၃ဝ၊ အင်းစိန်ဘူတာမှ နံနက် ၉ နာရီ ၂၅ မိနစ်၊ ရန်ကုန်ဘူတာမှ နံနက် ၁ဝ နာရီ ၂၅ မိနစ်များတွင် ပြေးဆွဲသွားမည်ဖြစ်သည်။ ထပ်မံ၍ ရန်ကုန် ဘူတာကြီးသို့ မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ၊ ညနေ ၄ နာရီခွဲ၊  ည ၇ နာရီ မိနစ် ၃ဝ တွင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း  သိရသည်။

http://www.myawady.net.mm/allnews/headline/item/29464-2013-11-02-08-57-20
Saturday, 02 November 2013

ရန်ကုန်မြို့ပေါ်နေ ရထားစီး ပြည်သူများ သွားလာနိုင်စေရန် မြန်မာ့မီးရထား အနေဖြင့် ''ဇ'' အဆင့်မြင့် မြို့ပတ် ရထားကို ယနေ့တွင် စတင်ပြေးဆွဲ ပေးလျက်ရှိသည်။


''ရန်ကုန်မြို့မှာ အခုဆိုရင် မြို့တွင်းရထားစီး ပြည်သူတွေဟာ ယခင်ထက် ပိုမိုများပြားလာတာ ကို တွေ့ရ ပါတယ်။ အဲဒီအတွက် မြန်မာ့ မီးရထားအနေနဲ့ အဲကွန်းအထူး မြို့ပတ်ရထားနဲ့ ရိုးရိုးမြို့ပတ်ရထားတွေ ကို နေ့စဉ်ပြေး ဆွဲ ပေးနေတာကနေ ထပ်မံပြီးတော့ ''ဇ''အဆင့်မြင့် မြို့ပတ်ရထားတွဲဆိုင်းကို ထပ်မံပြေး ဆွဲပေးသွားမှာပါ။ ဒီတွဲဆိုင်း တွေမှာ ပန်ကာတွေ၊ လျှပ်စစ်မီးတွေ၊ ထိုင်ခုံတွေ၊ စတီးလက်ကိုင် တန်းတွေ နဲ့ ပြုလုပ်ထားပြီး စီးနင်းလိုက်ပါ သူတွေအတွက် အဆင်ပြေမှာပါ'' ဟု အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

အဆိုပါ ''ဇ'' အဆင့်မြင့် မြို့ပတ်ရထားအား လိုက်ပါစီးနင်းသူများ အနေဖြင့် တွဲများအားလုံး သို့ တောက်လျှောက် ကူးသန်းသွားလာနိုင်ပြီး လက်မှတ်ခနှုန်းထားမှာ ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၃ဝဝ၊ နိုင်ငံခြားသား တစ်ဦးလျှင် တစ်ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ ကုန်ပစ္စည်းများ တင်ဆောင်ခွင့် မရှိပေ။ ထိုရထားတွင် အဆိုင်းခြောက်ဆိုင်း ပါဝင်ပြီး လူဦးရေ ၆ဝဝ ခန့် လိုက်ပါစီးနင်းနိုင်သည်။ တစ်ရက်လျှင် မြို့ပတ်ခြောက်ကြောင်း ပြေးဆွဲသွားမည် ဖြစ် သည်။

ရထားထွက်ချိန်များမှာ နေ့စဉ် အင်းစိန်မှ နံနက် ၅ နာရီ စထွက်ကာ ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီ ၅၅ မိနစ်၊ အင်းစိန် ဘူတာမှ နံနက် ၇ နာရီ မိနစ် ၅ဝ၊ လှော်ကားမှ နံနက် ၈ နာရီ မိနစ် ၃ဝ၊ အင်းစိန် ဘူတာမှ နံနက် ၉ နာရီ ၂၅ မိနစ်၊ ရန်ကုန်ဘူတာမှ နံနက် ၁ဝ နာရီ ၂၅ မိနစ်များတွင် ပြေးဆွဲ သွားမည်ဖြစ်သည်။ ထပ်မံ၍ ရန်ကုန် ဘူတာကြီးသို့ မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ၊ ညနေ ၄ နာရီခွဲ၊ ည ၇ နာရီ မိနစ် ၃ဝ တွင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/headline/item/29464-2013-11-02-08-57-20
 
From... မြ၀တီ

No comments:

Post a Comment