*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 5 April 2014

ဥာဏ်ကောင်းစေရန် နည်းလမ်းများ

ဥာဏ်ကောင်းစေရန် နည်းလမ်းများ 









ဥာဏ်ကောင်းစေရန် ရည်ရွယ် ၍ မှန်ကန်သော နေထိုင်မှု ပုံစံများကို ဘာသာပြန်ဆို ရေးသားပေး လိုက်ရ ပါတယ်။

(၁) များများတွေးပါ
မိမိလက်ရှိ လုပ်နေသော အလုပ်တွေသာ မက အခြားသော အလုပ်များ ထပ်မံပြီး ဘယ်လိုမျိုး လုပ်ဆောင် ရမလဲ ဆိုတာကို တွေးတော ကြံဆခြင်းအားဖြင့် သင်၏ ဦးနှောက်ဥာဏ်ရည် သာမန်ထက်ပိုပြီး ထက်မြက် လာပါလိမ့်မယ်။


 (၂) နေမကောင်းရင် ဦးနှောက်ကို အနားပေးပါ
ဆိုလို သည်မှာ အရမ်း ပင်ပန်းနေရင် (သို့) နေမကောင်း ဖြစ်နေချိန်မှာ တွေးတော ကြံဆမှုတွေ ကို ရှောင်ကြဉ် လိုက်ပါ။

(၃) မှုးယစ်ဆေးဝါး များကို ရှောင်ကြဉ်ပါ
မှုးယစ်ဆေးဝါးများ ကို သုံးစွဲတာက ကြာလာတာနဲ့ အမျှ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မှုးယစ်ဆေးဝါးများ ကို ရှောင်ကြဉ်လိုက်ပါ။

(၄) စကား များများပြောပါ
အမြဲတန်း မြုံစိစိ လုပ်နေတာမျိုးတွေ ကို ရှောင်ပြီး အပြောအဆို သွက်သွက်လက်လက် ရှိခြင်းဟာလည်း ဥာဏ်ကောင်းစေရန် နည်းလမ်းကောင်း ပါပဲ။

(၅) သန့်ရှင်းသော လေများကို ရှုရှိုက်ရခြင်း
မိမိနေထိုင်သော ပတ်ဝန်းကျင် မှာ သဘာဝ အလှ ရှုခင်းများနှင့် သန့်ရှင်းသော လေများကို ရှုရှိုက်ရလျှင် အတွေး အခေါ် အသစ်များ ထွက်ပေါ်လာကာ ဥာဏ်ရည် ဥာဏ်သွေးကို ထက်မြက် လာပါလိမ့်မယ်။ 

(၆) အိပ်ရေးဝဝ အိပ်စက်ပါ 
အလွန်အကျွံ အိပ်တာမျိုး ကို ဆိုလိုတာ မဟုတ်ပါဘူး။ လိုအပ် သလောက် အိပ်စက်ရလျှင် ဦးနှောက် ဖွံဖြိုး လာနိုင်ပါတယ်။


ကျော်လင်းနိုင် (ရိုးရာလေး)


ရိုးရာလေး

No comments:

Post a Comment