*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 2 May 2014

မြန်မာပြည် ဈေးကွက်တွင် အဝယ်များဆုံး ကားများ

မြန်မာပြည် ဈေးကွက်တွင် အဝယ်များဆုံး ကားများ

မြန်မာပြည်တွင်း ကား အရောင်းအဝယ် ဝဘ်ဆိုဒ် အချို့ရဲ့ စစ်တမ်း အရ ရလာတဲ့ အဖြေ တစ်ခု ဖ်ြစပါတယ်။ အွန်လိုင်းမှာ တင်ထားမှုအများဆုံး၊ အသုံးပြုသူများ ရှာဖွေမှု အများဆုံး ကားအမျိုးအစားများအနက် Honda အမှတ်တံဆိပ် နဲ့ Toyota အမှတ်တံဆိပ်ကားအမျိုးအစား များကတော့ မြန်မာနိုင်ငံကား ဈေးကွက်မှာ လူဝယ်အများဆုံး ဖြစ်မယ် ဆိုတာငြင်းစရာ မရှိလောက်ပါဘူး။

(၁) Honda Fit
..................

တချို့က Honda Jazz လို သိကြတဲ့ Honda Fit ကတော့၂၀၁၀ ခုနှစ်မှာ ရောင်းအား ၃.၅ သန်း အထိရှိခဲ့ တာပါ။ မြန်မာနိုင်ငံရဲ့ ကားဈေးကွက်မှာလည်း လှုပ်ရှားမှု အများဆုံး အနေအထားရှိခဲ့ပြီး၊ အခုလာမယ့် ၂၀၁၅ အတွက် ကိုလည်း တတိယမြောက် မျိုး ဆက်ဖြစ်တဲ့ 2015 Honda Fit မော်ဒယ် အမျိုးအစား နဲ့ ဈေးကွက် ၀င်ရောက်လာဦး မှာကို Detroit Auto Show မှာပြသခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဒတ်ထရိုက် မော်တော်ယာဉ် ပြပွဲကို www.autoweek.com/detroit-auto-show  ဒီမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

(၂) Toyota Belta
......................

မြန်မာနိုင်ငံရဲ့ ကားဈေးကွက်မှာ ဒုတိယ ချိတ်နေတဲ့ Toyota Belta ကတော့ အီတလီ ဘာသာစကား ဖြစ်တဲ့ bella genta (beautiful people) ကနေဆင်းသက်လာ တာဖြစ်ပြီး၊ Yaris လို့လည်း လူသိများပါတယ်။ 

(၃) Toyota Crown
........................
ဂျပန်နဲ့ အာရှ ဈေးကွက်တွေ ရဲ့ အဓိက ဇိမ်ခံဆလွန်း ကားအမျိုး အစား ဖြစ်တဲ့ Toyota Crown ကားအမျိုးအစား ကတော့ မြန်မာနိုင်ငံမှာတော့ တတိယဈေးကွက် ၀ယ်ယူမှုအများဆုံးအနေအထားမှာရှိပါတယ်။ ၁၉၅၅ ခုနှစ်မှာစတင် ခဲ့တဲ့ Toyota Crown ရဲ့ စတုထ္ထမြောက် မျိုးဆက်ကိုတော့ ၂၀၁၂ ခုနှစ်မှာ ပြောင်းလဲ ပြင်ဆင်ခဲ့ပြီး Hybrid စနစ်သုံးပါထည့်သွင်း အသုံးခဲ့ပါတယ်။ ယနေ့မှာ ခရောင်းရဲ့ မော်ဒယ်မြင့် မော်ဒယ်နိမ့် အစုံ ဝင်လာ နေပါတယ်။ 

(၄) Toyota Caldina
..........................

Caldina ကတော့ တံခါး ၅ပေါက်၊ wagon ပုံစံနဲ့ ၁၉၉၂ ခုနှစ်မှာ စတင်ထုတ် လုပ်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ Van ၊ ကြက်တူရွှေး၊ စက်ရုပ် နာမည် များဖြင့် လူသိများပြီး ဈေးကွက်ရပ်တည်မှု အဆင့် ၄နေရာမှာ ရှိနေပါတယ်။ သူ့ကို ကြက်တူရွေး လို့လည်း ခေါ် ပါတယ်။ 

(၅) Toyota Mark II
.....................

နံပါတ် ၅ နေရာမှာရောက်ရှိနေတဲ့ Mark II ဆိုတာကတော့ ၁၉၆၀ ပြည့်နှစ် များနောက် ပိုင်းမှာ စတင်အသုံးပြုခဲ့တဲ့ Toyota ရဲ့ Sub-brand တစ်ခုပါ။ Toyota Corona Mark II (Cressida)ဆိုပြီး ၁၉၆၈ ခုနှစ် မှာစတင် ထွက်ရှိခဲ့ပြီး၊ မူလပုံစံ ဇိမ်ခံကားအမျိုးအစားဖြစ်ပြီး ဆလွန်းပိုင်းကျတဲ့ကား တစ်စီးဖြစ်ပါတယ်။

အခြား အနေနဲ့ တိုယိုတာ ပရိုဘောက်၊ နစ်ဆန်း အေဒီဗန် တို့လည်း ရောင်းသွက်ေ န ဆဲ ပါပဲ။ ဈေးနှုန်းအားဖြင့် သိန်း ၃၀၀ အောက်မှာတင် ရှိနေတဲ့ ကားများ ဖြစ်ပါတယ်။ www.motors.com.mm ထုတ်ပြန်တဲ့ စစ်တမ်း ဖြစ်ပါတယ်။ အသစ်ထက် တစ်ပတ်ရစ် ကားတွေကိုပဲ အဝယ်များနေခြင်း ဖြစ်ပါတယ်။ အဓိက ကတော့ ဈေး သက်သာ တာကြောင့်လည်း ပါဝင် ပါတယ်။ ယခု ဖော်ပြတဲ့ စာရင်းက အပြောင်းအလဲ ရှိနိုင် ပါသေးတယ်။

အောင်ခမ်း (ရိုးရာလေး)

.


မြန်မာပြည်တွင်း ကား အရောင်းအဝယ် ဝဘ်ဆိုဒ် အချို့ရဲ့ စစ်တမ်း အရ ရလာတဲ့ အဖြေ တစ်ခု ဖြစ်ပါ တယ်။ အွန်လိုင်း မှာ တင်ထားမှု အများဆုံး၊ အသုံးပြုသူ များ ရှာဖွေမှု အများဆုံး ကားအမျိုး အစားများ အနက် Honda အမှတ်တံဆိပ် နဲ့ Toyota အမှတ်တံဆိပ် ကားအမျိုးအစား များ ကတော့ မြန်မာနိုင်ငံ ကား ဈေးကွက်မှာ လူဝယ် အများဆုံး ဖြစ်မယ် ဆိုတာငြင်းစရာ မရှိလောက်ပါဘူး။

(၁) Honda Fit
*************

တချို့က Honda Jazz လို သိကြတဲ့ Honda Fit ကတော့၂၀၁၀ ခုနှစ်မှာ ရောင်းအား ၃.၅ သန်း အထိရှိခဲ့ တာပါ။


 မြန်မာနိုင်ငံရဲ့ ကားဈေးကွက်မှာလည်း လှုပ်ရှားမှု အများဆုံး အနေအထားရှိခဲ့ပြီး၊ အခုလာမယ့် ၂၀၁၅ အတွက် ကိုလည်း တတိယမြောက် မျိုး ဆက်ဖြစ်တဲ့ 2015 Honda Fit မော်ဒယ် အမျိုးအစား နဲ့ ဈေးကွက် ၀င်ရောက်လာဦး မှာကို Detroit Auto Show မှာပြသခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဒတ်ထရိုက် မော်တော် ယာဉ် ပြပွဲ ကို www.autoweek.com/detroit-auto-show ဒီမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

(၂) Toyota Belta
***************

မြန်မာနိုင်ငံရဲ့ ကားဈေးကွက်မှာ ဒုတိယ ချိတ်နေတဲ့ Toyota Belta ကတော့ အီတလီ ဘာသာ စကား ဖြစ် တဲ့ bella genta (beautiful people) ကနေဆင်းသက်လာ တာဖြစ်ပြီး၊ Yaris လို့လည်း လူသိများပါ တယ်။

(၃) Toyota Crown
***************
ဂျပန်နဲ့ အာရှ ဈေးကွက်တွေ ရဲ့ အဓိက ဇိမ်ခံ ဆလွန်း ကား အမျိုး အစား ဖြစ်တဲ့ Toyota Crown ကား အမျိုး အစား ကတော့ မြန်မာနိုင်ငံ မှာတော့ တတိယဈေးကွက် ၀ယ်ယူမှု အများဆုံး အနေအထားမှာ ရှိပါ တယ်။ ၁၉၅၅ ခုနှစ်မှာ စတင် ခဲ့တဲ့ Toyota Crown ရဲ့ စတုထ္ထမြောက် မျိုးဆက် ကိုတော့ ၂၀၁၂ ခုနှစ် မှာ ပြောင်း လဲ ပြင်ဆင်ခဲ့ပြီး Hybrid စနစ်သုံး ပါထည့်သွင်း အသုံးခဲ့ပါတယ်။ ယနေ့မှာ ခရောင်း ရဲ့ မော် ဒယ်မြင့် မော်ဒယ်နိမ့် အစုံ ဝင်လာ နေပါတယ်။


(၄) Toyota Caldina
*****************

Caldina ကတော့ တံခါး ၅ပေါက်၊ wagon ပုံစံ နဲ့ ၁၉၉၂ ခုနှစ်မှာ စတင်ထုတ် လုပ်ခဲ့ပြီး မြန်မာနိုင်ငံ မှာတော့ Van ၊ ကြက်တူရွှေး၊ စက်ရုပ် နာမည် များဖြင့် လူသိများပြီး ဈေးကွက် ရပ်တည်မှု အဆင့် ၄နေ ရာမှာ ရှိနေပါတယ်။ သူ့ကို ကြက်တူရွေး လို့လည်း ခေါ် ပါတယ်။

(၅) Toyota Mark II
*****************

နံပါတ် ၅ နေရာ မှာရောက်ရှိနေ တဲ့ Mark II ဆိုတာ ကတော့ ၁၉၆၀ ပြည့်နှစ် များနောက် ပိုင်းမှာ စတင် အသုံးပြု ခဲ့တဲ့ Toyota ရဲ့ Sub-brand တစ်ခုပါ။ Toyota Corona Mark II (Cressida) ဆိုပြီး ၁၉၆၈ ခုနှစ် မှာ စတင် ထွက်ရှိ ခဲ့ပြီး၊ မူလပုံစံ ဇိမ်ခံကား အမျိုးအစားဖြစ်ပြီး ဆလွန်းပိုင်း ကျတဲ့ကား တစ်စီးဖြစ်ပါတယ်။

အခြား အနေနဲ့ တိုယိုတာ ပရိုဘောက်၊ နစ်ဆန်း အေဒီဗန် တို့လည်း ရောင်းသွက်ေ န ဆဲ ပါပဲ။ ဈေးနှုန်း အားဖြင့် သိန်း ၃၀၀ အောက်မှာ တင် ရှိနေတဲ့ ကားများ ဖြစ်ပါတယ်။

 www.motors.com.mm ထုတ်ပြန်တဲ့ စစ်တမ်း ဖြစ်ပါတယ်။ အသစ်ထက် တစ်ပတ်ရစ် ကားတွေကိုပဲ အဝယ် များနေခြင်း ဖြစ်ပါတယ်။ အဓိက ကတော့ ဈေး သက်သာ တာကြောင့်လည်း ပါဝင် ပါတယ်။ ယခု ဖော်ပြတဲ့ စာရင်းက အပြောင်းအလဲ ရှိနိုင် ပါသေးတယ်။

အောင်ခမ်း (ရိုးရာလေး)



No comments:

Post a Comment