*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 19 March 2014

ပျောက်ဆုံးလေယာဉ်လို့ သံသယဖြစ်ဖွယ် ခရီးသည်လေယာဉ်ကို ထိုင်းရေဒါမှာ ခြေရာခံမိ

mh370-777

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်လို့ သံသယဖြစ်ဖွယ် ခရီးသည်လေယာဉ် တစ်စင်းကို ထိုင်းနိုင်ငံ ဆူရတ်ဌာနီ လေတပ်စခန်းရဲ့ ရေဒါမှာ ခြေရာခံမိထားတယ်လို့ ထိုင်းလေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာဂျင်းက ပြောတာကို ကိုးကားပြီး နေရှင်းသတင်းစာမှာ ဖော်ပြပါတယ်။


ရေဒါ အချက်အလက်အရ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ ထွက်ခွာတဲ့ လေယာဉ်ဟာ လမ်းကြောင်းပြောင်းပြီး မလေးရှားနိုင်ငံ ဘူတာဝက်သ်ဆိပ်ကမ်းဘက်ကို ပြန်လှည့်သွားတယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ မလက္ကာရေလက်ကြားဘက်ကို ဆက်လက် ဦးတည်ပျံသန်းသွား ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းလေတပ်ရေဒါ က ခြေရာခံမိတဲ့ လေယာဉ်လမ်းကြောင်းကို ကြည့်မယ်ဆိုရင် မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ အချက်အလက်တွေကို ထပ်လောင်းအတည်ပြုလိုက်သလိုဖြစ်နေတယ် လို့ ထိုင်းလေတပ် ဦးစီးချုပ်က ပြောပါတယ်။

ဒါပေမယ့် ရေဒါက ခြေရာခံမိတဲ့ လေယာဉ်ဟာ ပျောက်ဆုံးနေတဲ့လေယာဉ်လို့ သေချာပေါက် မတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ လောလောဆယ်မှာ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို အာရှနိုင်ငံ အစိုးရတွေရဲ့အကူအညီနဲ့ ဆက်လက် ရှာဖွေနေပါတယ်။

ရှာဖွေရေးလုပ်နေတဲ့ နိုင်ငံတကာ ရေပိုင်နက်၊ ကုန်းမြေပြင်နယ်ပယ် ဟာ သြစတြေလျတိုက် တစ်ခုစာလောက် ကျယ်ဝန်းတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုအထိတော့ ရဲအဖွဲ့တွေနဲ့ ထောက်လှမ်းရေးအဖွဲ့တွေပါ ခိုင်မာတိကျတဲ့ သဲလွန်စကို မဖော်ထုတ်နိုင်သေးပါဘူး။

မတ် ၉ ရက်နေ့က ပျောက်ဆုံးသွားတဲ့ ဘိုးရင်း ၇၇၇ လေယာဉ်ပေါ်မှာ လူ ၂၃၉ ယောက် လိုက်ပါ သွားခဲ့ပါတယ်။ လေယာဉ်ဝန်ထမ်း ၁၂ ယောက်နဲ့ ခရီးသည်အများစုကတရုတ်လူမျိုးတွေ ဖြစ် ပါတယ်။

မလေးရှားဝန်ကြီးချုပ် ကတော့ လေယာဉ်ကို မူလလမ်းကြောင်းကနေ သွေဖည် သွားအောင် တယောက်ယောက်က တမင် လမ်းကြောင်းပြောင်းခဲ့တာ သေချာသလောက်ပဲလို့ ပြောထားပါ တယ်။

ထိုင်းလေတပ်ရဲ့ ရေဒါက ဖမ်းမိထားတဲ့ အချက်အလက်တွေ ကို မလေးရှားလေတပ်ကို လွှဲအပ်ပေး မယ်လို့ ထိုင်းလေတပ် ဦးစီးချုပ်က ပြောပါတယ်။


 
From...Search Myanmar 

No comments:

Post a Comment