*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 26 October 2013

ရတနာပုံ တယ်လီပို့က ရောင်းချမည့် ဆင်းမ်ကတ်နှင့် ရှယ်ယာတန်ဖိုးများ နှစ်ကုန်တွင်သတ်မှတ်မည်


ရန်ကုန်၊ အောက်တိုဘာ-၆

ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သော ရတနာပုံတယ်လီပို့ ကုမ္ပဏီက ရောင်းချပေးမည့် ဆင်းမ်ကတ်ဈေးနှုန်းများနှင့် အများပိုင် ကုမ္ပဏီ ရှယ်ယာတန်ဖိုးကို ယခုနှစ်ကုန်တွင် သတ်မှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အတတ်နိုင်ဆုံးတော့ သူများထက် ဈေးနှုန်းမများအောင် လုပ်သွားမယ်။ ဈေးနှုန်းသတ်မှတ်ခြင်း၊ ရှယ်ယာတန်ဖိုး သတ်မှတ်ခြင်းတွေကိုတော့ ဒီနှစ်ကုန်လောက်တော့ လုပ်သွားမယ်”ဟု ရတနာပုံတယ်လီပို့ အမှုဆောင်အရာရှိ ဦးတင်ဝင်းကပြောသည်။


အော်ပရေတာလုပ်ငန်းများ လုပ်ကိုင်ပြီး ၀န်ဆောင်မှုပေးရာတွင် လည်း ပြည်ပမှ အော်ပရေတာ လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီများထက် ပိုမိုကောင်းမွန်အောင်လုပ်ကိုင်ရန် အာမမခံနိုင်သော်လည်း ၄င်းတို့ထက် ၀န်ဆောင်မှုမညံ့အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် ပူးတွဲလုပ်ကိုင်မည့် Supplier ကုမ္ပဏီကိုလည်း ရှာဖွေနေပြီး ရောင်းချပေးမည့် ဆင်းမ်ကတ်ဈေးနှုန်း တန်ဖိုးသတ်မှတ်ရန်နှင့် ထုတ်ပြန်ပေးမည့် အချိန်ကိုလည်း စီစဉ်ထားမှုများ ရှိပြီး ဈေးနှုန်းသတ်မှတ်ရန်သာ လိုတော့ကြောင်း ရတနာပုံတယ်လီပို့ကုမ္ပဏီမှ သတင်းရရှိသည်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီအနေဖြင့် လက်ရှိတွင် အများပိုင်ကုမ္ပဏီ အဖြစ် ပြောင်းလဲ လုပ်ကိုင်နေခြင်းဖြစ်ပြီး အော်ပရေတာလုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်သွားရန်အတွက် ခွင့်ပြုချက်ရရှိထားပြီဖြစ်သည်။    
 
ပြည်တွင်းမှ အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလည်း လက်ရှိတွင် မိုဘိုင်းဆင်းမ်ကတ်များကို ကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးနေပြီး ပြည်ပ မှ အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် ၁၅၀၀ ကျပ်ထက် လျော့နည်းသောနှုန်း ထားဖြင့် ရောင်းချပေးသွားမည်ဟု သတင်းရရှိသည်။

 ဆွေမွန်
From...7 Day News

No comments:

Post a Comment