*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 29 September 2013

၁၆ နှစ်အောက် အရွယ် အား အဓမ္မပြုကျင့် ပါက သေဒဏ် ချမှတ် သည့် ဥပဒေ လွှတ်တော်သို့ ထပ်မံတင်ပြမည်ဟု ဦးသိန်းညွန့်ပြော


                                                        Online Photo's
အသက် ၁၆ နှစ်အောက်ကလေးများ ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြု ကျင့်ပါက သေဒဏ်ထိချမှတ်နိုင် သည့်ဥပဒေကို အဋ္ဌမအကြိမ် မြောက်လွှတ်တော်တွင် ထပ်မံအ ဆို တင်သွင်းသွားမည် ဟု သင်္ဃန်း ကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

သတ္တမအကြိမ်မြောက် လွှတ် တော် တွင် အထူးဥပဒေ အဖြစ် အ ဆိုပြုခဲ့သော် လည်း ယင်းအဆိုရှုံး နိမ့်ခဲ့သောကြောင့် ယခု အဋ္ဌမအ ကြိမ်မြောက်လွှတ်တော်တွင် ထပ် မံ တင်သွင်းရခြင်းဖြစ်သည်ဟု ဦး သိန်းညွန့်က ပြောသည်။




သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''ဒါဟာ အမှန်တ ကယ်ကို လိုအပ် တဲ့ ဥပဒေဖြစ်ပါ တယ်။ လူမဆန်တဲ့ လုပ်ရပ်တွေ ကြောင့် ကလေးတွေ အနာဂတ် ပျက်စီးမယ့် အရေးကို ထိရောက် တဲ့ ဥပဒေ ချုပ်ကိုင်မှုနဲ့ ဟန့်တား ဖို့လိုအပ်နေ ပြီ။ ဒီလိုပြင်း ထန်တဲ့ ဥပဒေကြောင့် ပြစ်မှုကျူးလွန် မယ့်သူတွေကို တားဆီးရာရောက် သလို ခေတ်အခြေ အနေအရလဲ အကျည်းတန် အရုပ်ဆိုးတဲ့ ကိစ္စဖြစ်တာကြောင့် သေဒဏ်ကျင့်သုံး အောင် တိုက်တွန်းရမယ်''ဟု ပြော သည်။

မြန်မာနိုင်ငံတွင် သေဒဏ် ကို ကျင့်သုံးခြင်းနည်းပါးသွားပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ဖျက်သိမ်းခြင်း မပြုရသေးသော ကြောင့် အသက် ၁၆နှစ်အောက် ကလေးများကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ပါ က သေဒဏ်ပေး နိုင် ရန် တိုက်တွန်းရခြင်းဖြစ်သည် ဟု ဦးသိန်းညွန့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက် တာညိုညိုသင်း က ''စာရင်းဇ ယားအရ သက်ငယ် မုဒိမ်းမှုတွေက ရာခိုင်နှုန်း ရဝလောက်ရှိနေတယ် ဆိုတော့ စာရင်းမသိဘဲဖြစ်သွား တဲ့ကိစ္စတွေ ဘယ်လောက်များလဲ ဆိုတာခန့်မှန်းလို့မရပါဘူး။ ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် လက်ရှိဥပဒေက လုံလောက်မှုမရှိ ဘူးဆိုတာ ကျိန်းသေပါတယ်။ ဒါ ကြောင့် ဒီထက် ပိုမိုပြင်းထန်တဲ့ ဥပဒေနဲ့ ဟန့်တား ဖို့လိုပါတယ်'' ဟု ပြောသည်။

ခေတ်သစ် အမျိုးသမီး စည်းအရုံး (မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီရီ စံက ''လက်ရှိ သတ်မှတ်ထား တဲ့ ဥပဒေက ၁၄နှစ်အောက် ကလေး တွေ ကိုပြုကျင့်ရင် ထောင်ဒဏ် ၁၀ နှစ်လို့ သတ်မှတ် ထားတယ်။ မလုံ လောက်ပါဘူး။ ဒါကြောင့်သာ မကြားဝံ့မနာ သာတွေဖြစ် နေရ သေးတာပေါ့''ဟု ပြောသည်။

ခေတ်သစ် အမျိုးသမီးအ စည်းအရုံး(မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီ ရီစံမှာ ၁၂ နှစ်အောက် အမျိုးသ မီး ကလေး သူငယ် လိင်ပိုင်း      ဆိုင်ရာ အဓမ္မပြုကျင့် ခံရ ပါက ကျူးလွန် သူကို သေဒဏ် ချမှတ်နိုင်ရေးနှင့် ပတ်သက် ၍ လွှတ်တော် တွင် ဥပ ဒေ တစ်ရပ်ပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်နေသူ တစ် ဦးလည်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ခုနှစ်အတွင်း ဖြစ်ပွားခဲ့ သော ကလေးသူငယ်အဓမ္မပြုကျင့် ခံရမှု တရားဝင်စာရင်းများအရ လှိုင်သာယာမြို့နယ်တွင် ကလေး သူငယ် အဓမ္မပြုကျင့် ခံရမှု ရှစ်မှု၊ တိုက်ကြီး တွင် သုံးမှု၊ ထောက်ကြန့်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ အင်းစိန်တို့တွင် နှစ်မှု စီဖြစ်ပွားခဲ့ သောကြောင့် ကလေးသူငယ် လိင် ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာအ ကြမ်းဖက်မှု ကာကွယ်သည့် တပ် ဖွဲ့ကို လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ယခုနှစ် မေ ၃ဝရက် က စတင်ဖွဲ့ စည်း လိုက်ပြီဖြစ်ကြောင်း သိရ သည်။


From: Yangon Media Group

www.mmdailystar.com မှမျှဝေဖေါ်ပြသည်

1 comment:

  1. ကောင်းလိုက်တာ ဒီလိုဥပဒေမျိုးက ရှိကိုရှိသင့်တဲ့ ဥပဒေပါ
    လူမဆန်တဲ့ လူတွေကို လောကကြီးမှာဆက်လက်မထားသင့်ပါဘူး
    ဒါကြာင့် ဒီလိုဥပဒေက ရှိသင့်ပါတယ်

    ReplyDelete