*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 25 May 2014

ရန်ကုန်မြို့ အလှည့်အပြောင်းတစ်ခု ကို ရောက်နေပြီ

ရန်ကုန်မြို့လယ် တစ်နေရာ(ဓာတ်ပုံ−ကျော်ဇင်သန်း)

ရန်ကုန်မြို့က ကြီးမားတဲ့ မြို့ပြစီမံကိန်းဆိုင်ရာ အလှည့် အပြောင်းတစ်ခုကို ရောက်နေပါ ပြီ။ မြို့ရဲ့ အဆောက် အအုံ အမြင့် ကန့်သတ်မှု အစီအစဉ်ကို ပထမ ဆုံး အကြိမ်အဖြစ် မူကြမ်းရေးဆွဲ ထားပြီးဖြစ် သလို လာမယ့် ရက် သတ္တပတ် အနည်းငယ်အတွင်း မှာ အဲဒီ မူကြမ်းကို အများပြည်သူက တရားဝင် သုံးသပ်နိုင်တော့ မှာဖြစ် ပါတယ်။ 

ဒီ အစီအစဉ်က ရန်ကုန် မြို့တွင်း အထပ်မြင့်ဆောက်လုပ် မှုတွေ ကို မြို့ရဲ့ သင့်လျော်တဲ့နေ ရာတွေ မှာသာ ဆောက်လုပ်စေပြီး မြို့ရဲ့ မူလ ထူးခြားမှု လက္ခဏာ တွေကို မပျက် ယွင်းအောင်ထိန်း သိမ်းထားနိုင် ဖို့ဖြစ်ပါတယ်။ ရန်ကုန်ရဲ့ ထူးခြားတဲ့ သူမတူ မှုနဲ့ နေထိုင်နိုင်မှုတွေ ကို လက်ရှိနဲ့ နောင် မျိုးဆက်တွေ အထိ ထိန်း သိမ်းထားနိုင်ဖို့ အရေးပါလှ တဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။


 
ဒီလို အဆောက်အအုံ အမြင့် ကို ကန့်သတ် သတ်မှတ်တယ် ဆို တာဟာ နိုင်ငံ တကာမှာ ကျယ် ကျယ်ပြန့် ပြန့်အသုံး ချနေကြတဲ့ မြို့ပြ စီမံကိန်းရေးဆွဲခြင်း ဆိုင်ရာ အခြေခံ အချက်ပဲဖြစ်ပါတယ်။ 

သတ်မှတ်နေရာတွေ မှာဆောက် လုပ်မယ့် အဆောက်အအုံ အသစ် တွေ အတွက် အမြင့်ဆုံးဆောက် လုပ်နိုင် မယ့် သတ်မှတ်ချက်တွေ ကိုပြဋ္ဌာန်းပြီး ကျန်တဲ့နေရာတွေ မှာ မိုးမျှော် အထပ်မြင့် အဆောက် အအုံတွေ ကို လွတ်လပ်စွာဆောက် လုပ်နိုင်အောင် စီစဉ် တာပဲဖြစ်ပါ တယ်။

ရန်ကုန်မြို့လယ် အတွက် သတ်မှတ် ထားတဲ့ အမြင့် ထိန်းချုပ် မှုကိုတော့ မြို့ရဲ့ သူမတူ ထူးခြားမှု တွေကို အခြေခံ ပြီးရေးဆွဲထား တာဖြစ်ပါတယ်။ ရန်ကုန် ကို တခြားမြို့တွေနဲ့ မတူဘဲ ထူးခြား စေတဲ့ လက္ခဏာတွေ ကို မပျက် မယွင်းစေဖို့ မြို့လယ် မှာ အမြင့် လေးထပ် ကနေ ခြောက်ထပ်အထိ ပဲ ဆောက်လုပ်ခွင့်ပြုမယ် ဆိုတဲ့ ကန့်သတ်ချက် ကိုသတ်မှတ်ပြီး ကာကွယ်ထား တာဖြစ်သလို ဒီမြို့ လယ် မှာနေထိုင်တဲ့ အများပြည် သူ တိုက်ရိုက် အကျိုးခံစားနိုင်မယ့် စီးပွားရေး ပုံစံပေါ်ပေါက် လာစေဖို့ တိုက်တွန်း အားပေးတာပဲဖြစ်ပါ တယ်။

ရန်ကုန် ရဲ့ ထူးခြား လှတဲ့ မြို့ပြ အမွေအနှစ်၊ များပြား စုံလင် တဲ့ လူမှု အသိုက်အဝန်း၊ စိမ်းလန်း လှပ တဲ့ မြေခင်း ကွက်လပ်တွေ၊ ရွှေတိဂုံ နဲ့ ဆူးလေကို ဖူးမြော်ရတဲ့ ရှုမျှော်ခင်းတွေ နဲ့ ရှည်လျား တဲ့ မြစ်ကမ်း နားတွေ ကို ပိုင်ဆိုင်ထား ခြင်းဟာ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ဝင်ငွေ ရနိုင်မယ့် ရေရှည် အကျိုးစီး ပွားဖြစ် ထွန်းနိုင်တဲ့ မြို့ပြ အခင်း အကျင်းကို ပိုင်ဆိုင်ထားတယ် ဆို တဲ့ အဓိပ္ပာယ်ပါပဲ။ 

ဒါတွေကို မှန်မှန် ကန်ကန် စီမံခန့်ခွဲနိုင်မယ် ဆိုရင် အာရှ ရဲ့နေချင့် စဖွယ်အကောင်း ဆုံးမြို့ တစ်မြို့ဖြစ်နိုင် မယ့် အလား အလာတွေလည်းဖြစ်ပါတယ်။

ဒီလို အခွင့်အရေးတွေ ကို လက်မလွှတ် ရစေဖို့ အခုလို အဆောက်အအုံ အမြင့်  ကန့်သတ် ထိန်းချုပ်ခြင်း ဆိုတဲ့ အစီအစဉ် ပေါ်ပေါက် လာတာပဲဖြစ်ပါတယ်။ အခု အဆိုပြုထားတဲ့ အစီအစဉ် က   ရန်ကုန်မြို့မှာ   အထပ်မြင့် အဆောက် အအုံတွေ  မဆောက် လုပ်နိုင်ဖို့ ပိတ်ပင် တားဆီးနေတာ မဟုတ်ပါဘူး။    

မှန်ပြတင်းတွေ၊ သံမဏိတွေနဲ့ တဖိတ်ဖိတ်လက် နေတဲ့    အထပ်မြင့် မိုးမျှော်တိုက် တွေ ရှိတဲ့ ခေတ်မီ လှပတဲ့ မြို့ရန်ကုန်ဖြစ်လာဖို့  အားလုံး က  မျှော် လင့်ကြမှာပါ။ စဉ်းစား ရမှာ ဒီ အထပ်မြင့်တွေက  ဘယ်နေရာတွေ မှာ ရှိသင့်တာလဲ။ ရန်ကုန်မြို့လယ် တစ်ခုလုံး ကို ဆာကူရာ နဲ့ စင်တာပွိုင့် လို   မိုးမျှော် တိုက်ကြီးတွေနဲ့ ပြည့်နေစေချင် တာလား။ 

မြို့ပြ အမွေအနှစ် အထပ်နိမ့် အဆောက်အအုံတွေ ကို အစားထိုး လိုက်တာ တွေနဲ့   ရန်ကုန်မြို့ရဲ့   စီးပွားရေး အကျိုးအမြတ် ရှိမယ့်  ဂုဏ်သတ္တိ ကို တကယ်ပဲ ဖျက်ဆီး လိုက်တော့ မှာလား။
အဆောက် အအုံအမြင့် ကို မှန်မှန်ကန်ကန် စနစ်တကျ ထိန်း ချုပ်တာက အဲဒီ ပတ်ဝန်းကျင်ရဲ့ စီးပွားရေး အခွင့်အလမ်းတွေ ကို တစ်မျိုး တစ်ဖုံပြောင်းလဲစေပါ တယ်။

 အရင်လို မြေတန်ဖိုး နဲ့ အထပ်အမြင့်ပေါ် မူတည်ပြီး ဈေး ကစားခြင်း မျိုးကနေ နေရာရဲ့ ထူး ခြားမှုနဲ့ တန်ဖိုး ရှိမှုတွေ ကိုအားပြု တဲ့ စီးပွားရေး ပုံစံမျိုးအဖြစ် ပြောင်း လဲလာစေပါတယ်။ 

အမွေအနှစ် ဖြစ်တယ် ဆိုတဲ့ အချက်တစ်ချက် တည်းနဲ့ တင် ရန်ကုန်ရဲ့ အမှတ် သင်္ကေတ တစ်စိတ် တစ်ပိုင်းဖြစ် လာပြီး တန်ဖိုး ရှိရှိ အကျိုးအမြတ် ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ 

အရှေ့တောင် အာရှဒေသ တစ်ခွင် က စီမံခန့်ခွဲမှု ပိုအားနည်းတဲ့ အိမ် နီးချင်းနိုင်ငံတွေ ထဲမှာ ရန်ကုန်က တစ်မူ ထူးခြားပြီး ကွဲထွက် လာမှာ ဖြစ်ပါတယ်။ ဒီလို နဲ့ စိတ်ကူး ကောင်း၊ ဖန်တီးမှု အားကောင်းတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ဒီဇိုင်း လုပ်ငန်းတွေ နဲ့ ခရီးသွားလုပ်ငန်း တွေကနေ တစ်ဆင့် ဒေသခံတွေ ရဲ့ တစ်နိုင် တစ်ပိုင်စီးပွားရေး လုပ် ငန်းလေးတွေကို ဒေါ်လာ ဘီလီယံ ပေါင်းများစွာ အကျိုး အမြတ်ရစေ မယ့် စီးပွားရေး ပုံစံသစ် တစ်ခု အုတ်မြစ် ချပေးနိုင်မှာဖြစ်ပါ တယ်။

ဒီလို အဆောက်အအုံ အမြင့် ကန့်သတ် ထိန်းချုပ်မှုတွေ သာ မရှိခဲ့ဘူး ဆိုရင် နောင်အနှစ် ၂၀ ကြာတဲ့အခါ ရန်ကုန်မြို့ က ဘယ် လို ပုံစံဖြစ်နေမလဲ။ ရှန်ဟိုင်း၊ ဟောင်ကောင်၊ ကွာလာလမ်ပူ၊ ဆစ်ဒနီနဲ့ ရီယိုဒီဂျနေးရိုး မြို့တွေ ကိုသာကြည့်ပါ။ 

ဒီမြို့တွေဟာ အထပ်မြင့် အဆောက် အအုံတွေ ကို စီမံ ခန့်ခွဲရာ မှာ အားနည်း ခဲ့လို့ လူနေ သိပ်သည်း မှုရဲ့ နောက်ဆက် တွဲပြဿနာ ကြီးတွေနဲ့ တွေ့ကြုံ နေရပါပြီ။ ယာဉ်ကြော အင်မတန် ရှုပ်ထွေးကြပ် ညပ် တာတွေ၊ ကား ရပ်စရာနေရာ ရှားပါးမှု၊ အသံနဲ့ လေထု အလွန်အမင်းညစ်ညမ်း လာမှု၊ နေရောင်ခြည် နဲ့ လေ ကောင်းလေသန့် ကို တိုက်ရိုက် မရ ရှိနိုင်တော့တာ စတဲ့ အချက်တွေ သာမက လမ်းမတွေပေါ်က သက် ဝင်လှုပ်ရှားမှုတွေ ဆိတ်သုဉ်း သွား ပြီး ပတ်ဝန်းကျင် လူမှုအသိုက် အဝန်းတွေ အတွက် လုံခြုံ စိတ်ချရ မှုလျော့နည်း လာတယ်။ 

လူမှု အသိုက်အဝန်းကို အစိတ်စိတ် အမြွှာမြွှာ ကွဲသွားစေတယ်။ ဒီနှစ် အနည်းငယ် အတောအတွင်း မှာပဲ ရန်ကုန်မှာ ဒီပြဿနာတွေ အားလုံး ကို စတင် ခံစားနေရပြီ။ သို့ပေမဲ့ အထပ်မြင့် အဆောက် အအုံစီမံ ခန့်ခွဲမှု အားနည်း လို့ ဖြစ်လာမှာ နဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်သေး ပါဘူး။

ကမ္ဘာပေါ် က မြို့တော်တော် များများဟာ အထပ်မြင့်တွေ ကို စီမံခန့်ခွဲမှု အားနည်း တာကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေ ကို ခံစား ခဲ့ရပါတယ်။ ဗန်ကူးဗား မှာ ဆိုရင် အထပ်နိမ့်တွေ ရဲ့ အခင်း အကျင်းကို အစား ထိုးနေရာ ယူခဲ့ တဲ့ မိုးမျှော်တိုက်ပေါ် က လူ့ အသိုက် အဝန်းကြားမှာ တင်းမာမှု တွေ ကြာရှည် စွာဖြစ်ပေါ် ခဲ့ပါ တယ်။ 

အလားတူ မဲလ်ဘုန်း မှာ လည်း မိုးမျှော်တိုက်တွေ ကြီးစိုး ရာ စီးပွားရေး အချက်အချာမြို့ လယ် ဧရိယာမှာ လူမှု အသိုက် အဝန်း အချင်းချင်း စည်းလုံးမှု မရှိ လို့ ဆယ်စုနှစ်နဲ့ ချီပြီး ပဋိပက္ခတွေ ဖြစ်ခဲ့ရပါတယ်။ အမြဲတမ်း ချဲ့ထွင် နေတဲ့ တရုတ်ပြည် မှာဆိုလည်း ကူမင်း မြို့ပြင်က ချန်းကုန်း လိုမြို့ တွေမှာ အထပ်မြင့်တွေ က ပိုင်း ခြားထား လို့ ဘေးချင်း ကပ်လျက် နေပေမယ့် အထီးကျန် ဆန်နေတဲ့ လူ့အသိုက် အဝန်းကိုမြင်ရမှာပါ။

ရန်ကုန်မြို့လယ် ရဲ့ နေရာချ ထားပုံ ကျဉ်းမြောင်း မှုကြောင့် အထပ်မြင့် အဆောက်အအုံတွေ အတွက် ပိုတိုး လာတဲ့ အခြေခံ လို အပ်ချက်တွေကို ဖြေရှင်းပေးနိုင် စွမ်း ရှိမှာမဟုတ်ပါဘူး။ မြို့ရန် ကုန်ရဲ့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူး ရေးက ပုံမှန် မရှိပါဘူး။ ရန်ကုန် မြို့လယ် ရဲ့ ရေမြောင်း စနစ်နဲ့ မိလ္လာ စနစ်က အဆောက် အအုံ တွေရဲ့ အောက်ခြေပိုင်း မှာ ရှေး ရှေးကတည်းက ရှိခဲ့တာဖြစ်လို့ ရေဆိုးရေညစ်တွေ နဲ့ မိလ္လာ လျှံတဲ့ ပြဿနာမျိုးတွေဖြစ်လာပြီး အဆောက် အအုံဖောင်ဒေးရှင်း ကို ပျက်စီးစေ သလို ကျန်းမာရေး ကို လည်း ထိခိုက်စေပါတယ်။

 ရေ ဆိုးရေညစ်တွေ နဲ့ သောက်သုံးရေ ပိုက်တွေ သွယ်တန်းပုံ ကလည်း ပုံစံ သိပ်မကျ လှတာကြောင့် ကျန်း မာရေးပြဿနာ သာမက မြို့နေ ပြည်သူတွေ အတွက် နေပျော်မှုကို လည်း ဆိုးဆိုး ရွားရွား ထိခိုက်စေ ပါတယ်။

တခြား မြို့တော် တော်တော် များများ က မြို့ရဲ့ အမွေအနှစ်တွေ ကို ထိန်းသိမ်းဖို့ အတွက် အ ဆောက် အအုံ အမြင့်ထိန်းချုပ်မှု ကို ချမှတ်ခဲ့ကြပါတယ်။ စင်ကာပူ ရဲ့ သမိုင်းဝင် ဧရိယာမှာ အဆောက် အအုံ အမြင့်တွေ လုံးဝဆောက်ခွင့် မပြုထားပါဘူး။ ဟနွိုင်းမြို့ ဆို လည်း   ပဲရစ်မြို့ ရဲ့    စံနမူနာ အ တိုင်း မြို့လယ်ကောင် မှာ အထပ် မြင့်ဆောက်တာတွေ ကို တားမြစ် ခဲ့ပြီး ပေ ၄၀ ထက် ပိုမမြင့် ဖို့ သတ် မှတ်ခဲ့ပါတယ်။ 

အထပ်မြင့် တိုက် တွေကိုတော့ မြို့အစွန်တွေ မှာပဲ ဆောက်လုပ်ကြ ဖို့ နှိုးဆော်ခဲ့ပါ တယ်။ အထပ်နိမ့် အဆောက် အအုံတွေ ရှိတဲ့ မြို့ပြ လက္ခဏာ ကြောင့် ကျော်ကြား တဲ့ ဝါရှင်တန် မှာ ဆိုရင် အမြင့်ပေ ၉၀ ကနေ ၁၃၀ အတွင်း ပဲဆောက်လုပ်ခွင့် ရှိ ပါတယ်။ 

မဲလ်ဘုန်းမြို့ ရဲ့ သမိုင်း ဝင်မြို့လယ် ဧရိယာမှာဆို အမြင့် ၁၃၂ ပေ ထက် မပိုဖို့ ကန့်သတ်ထား တာကြောင့် အဲဒီနေရာ ရဲ့ထိပ်တန်း သမိုင်း အမွေအနှစ် အဆောက် အအုံတွေ ကို ကာကွယ်နိုင် ခဲ့ပြီး ယခင် ကတည်းက ရှိခဲ့တဲ့ လမ်း ကျဉ်း ကွန်ရက်လေး အတွင်း မှာပဲ တီထွင် ဆန်းသစ်တဲ့ စက်မှုလုပ် ငန်းတွေ၊ လက်လီအရောင်းဆိုင် တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ကို မြေတောင်မြှောက်ပေးနိုင်ခဲ့ပါ တယ်။ 

ဒါပေမဲ့ ဒီလို အမြင့်ထိန်း ချုပ်မှုတွေ မရှိခဲ့တဲ့ မဲလ်ဘုန်း ရဲ့ စီးပွားရေး အချက်အချာနေရာ မှာ တော့ သက်ဝင် လှုပ်ရှားမှု မရှိတဲ့ အဆောက် အအုံအမြင့်ကြီးတွေ နဲ့ သာမန်ကာ လျှံကာ စီးပွားရေး လုပ်ငန်းတွေ ကပဲ ကြီးစိုးနေပါတယ်။

တခြားမြို့တွေ မှားခဲ့တဲ့ အမှားတွေ ကို ရန်ကုန်မှာ ထပ်မှား ဖို့ မသင့်ပါဘူး။ ရန်ကုန်ဟာ အိမ် နီးချင်းမြို့တွေ ရဲ့ အမှားတွေ ကို သင်ခန်းစာ ယူပြီးအားလုံး ကို ခုန် ပျံကျော်လွှား သွားမယ်ဆို ပိုမို တောက်ပပြီး စနစ် တကျ ရှိလှတဲ့ အနာဂတ် ကို ရရှိ ပိုင်ဆိုင်ရမှာပါ။ ဒီ့ထက် ပိုတဲ့ စည်းမျဉ်း စည်းကမ်း တွေနဲ့ အားပေး အားမြှောက်ပြု မှု တွေ ရှိလာမယ် ဆိုရင် အခု အဆိုပြု ထားတဲ့ အဆောက်အအုံ အမြင့် ထိန်းချုပ်မှု အစီ အစဉ်ကြောင့် ရန်ကုန်မြို့ ဟာ ၂၀၃၀ မှာ အာရှ ရဲ့ နေပျော်ဖွယ် အကောင်းဆုံးမြို့ တစ်မြို့ဖြစ်လာနိုင် ပါတယ်။

ယာဉ်ကြော ပိတ်ဆို့မှုတွေ နဲ့ မွန်းကျပ်ပြီး မိုးမျှော် တိုက်တာကြီး တွေ အတိနဲ့ နဂို ရှိရင်းစွဲ လက္ခဏာ တွေ ကနေ သွေဖည်နေတဲ့ မြို့မှာ မနေချင်ဘူး ဆိုရင် မကြာမီ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရဲ့ ဇုန် သတ်မှတ်မှုကော်မတီ ကပြုလုပ်မယ့် အများပြည်သူ ဆွေးနွေးပွဲ မှာ မိမိရဲ့ထင်မြင်ချက် ကို ပါဝင်ဆွေးနွေးနိုင် ပါတယ်။ 

ဒါမှ ရန်ကုန်မြို့ကြီး ကမ္ဘာ့တန်း ဝင်မြို့ကြီး တစ်မြို့ဖြစ်လာ ဖို့နဲ့ မြို့ နေပြည်သူတွေ ရဲ့ ဘဝတွေကို လည်း ပြောင်းလဲ ဖွံ့ဖြိုးလာဖို့ အကောင်းဆုံး ပါဝင်ကူညီနိုင်မယ့် အခွင့် အလမ်းပဲဖြစ်ပါတယ်။

(မောင်ရူပသည်     ရန်ကုန်မြို့ မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ် သည်။)
7day
From...Search Myanmar
 

No comments:

Post a Comment