*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 October 2013

ရင်ဘတ်အောင့်ခြင်းအကြောင်း သိကောင်းစရာ


 
ရင်ဘတ်အောင့်ခြင်းသည် အရေးကြီးသောရောဂါလက္ခ္ခ္ခဏာတစ်ခုဖြစ်
ပါသည်။
· သင်၏ ရောဂါရာဇ၀င်သည် သင်ဖြစ်သောရောဂါကို အဖြေရှာရန်အတွက်
အလွန်အရေးပါသည်။
· ရောဂါ အမျိုးမျိုးပေါ်မူတည်ပြီး ရင်ဘတ်အောင့်မှုပုံစံ ကွဲပြားကြပါသည်။
·ထို့ကြောင့်ရောဂါကို သေချာစွာသိနိုင်ရန်အတွက် ဆရာဝန်ဖြင့်တိုင်ပင်ရန် အရေးကြီးသည်။




ဖြစ်နိုင်သောရောဂါများ

စူး၍ (နေရာသေချာစွာပြောနိုင်သည်) အောင့်ခြင်း
တစ်နေရာရာတွင် စူး၍ အသက်ပြင်းပြင်းရှူလိုက်လျှင် ပိုအောင့်သည်။ ချောင်းဆိုးခြင်း၊ လှုပ်ရှားခြင်းတို့ဖြင့် ပိုအောင့်သည်။

ဖြစ်နိုင်သောရောဂါများ
 

· အဆုတ်တွင်လေများ ပိတ်မိသောရောဂါ (Pneumothorax)
· အဆုတ်ရောင်ခြင်း(Pneumonia)
· အဆုတ်သွေးကြောပိတ်ခြင်း (Pulmonary embolism)
· နှလုံးအမြှေးပါးရောင်ခြင်း (Pericarditis)
· Bornholm disease (Coxakie B ဗိုင်းရပ်စ်ရောဂါ – ကူးစက်ခြင်းကြောင့်ဖြစ်သော အသက်ရှူကြွက်သားရောဂါ)

ရင်ဘတ်အလယ်တွင်( ကြပ်၍ ၊ ဖိထားသလို ၊ ညှစ်ထားသလို) အောင့်ခြင်း
· နှလုံးသွေးကြောကျဉ်းရောဂါ (Angina)
· နှလုံးကြွက်သားပျက်စီးရောဂါ (Myocardial Infarction, MI)
· သွေးလွှတ်ကြောမကြီးကွှဲပြတ်ရောဂါ (Dissecting aortic aneurysm) ဆွဲဖြဲထားသလိုနာသည်။
· အစာရေမျိုရောင်ခြင်း (ပူ၍နာသည်) (esophagitis)
· အစာရေမျိုကြွက်သားကျုံ့ခြင်း (Esophageal spasm)
· အစာရေမျိုစုတ်ပြဲခြင်း (Esophageal tear)

ရင်ဘတ်ပေါ်တွင်နာခြင်း
. နံရိုးကျိုးခြင်း
· ရေယုန်ကြီး (herpes zoster) အရေပြားအနာဦးစွာ ပေါက်မည်။
· ရင်ဘတ်အရိုးနု ရောင်ခြင်း (Tietze’s syndrome)
· အာရုံကြောပိမိခြင်း

ပုံမှန်မဟုတ်သော လက္ခ္ခ္ခဏာများ
 

စိတ်စိုးရိမ်ပူပန်ခြင်း၊ ကျောရိုးမကြီး ပျက်စီး၍ အာရုံကြောပိမိခြင်း သို့မဟုတ် ၀မ်းဗိုက်တွင်းပြဿနာ တစ်ခုခုကြောင့် (ဥပမာ – သရက်ရွက်ရောင်ခြင်း (pancreatitis), အစာအိမ်အူလမ်းကြောင်း အနာ (peptic ulcer), သည်းခြေပြွန်ရောင် ရောဂါ (biliary tree disease) တို့ကြောင့်ဖြစ်တတ်ပါသည်။

ထို့အပြင် အထက်ကဖော်ပြခဲ့သော ရောဂါများသည်လည်း ပုံမှန်မဟုတ်သော လက္ခ္ခ္ခဏာများအနေဖြင့် ဖြစ်လာတတ်ပါသည်။
ဥပမာ အန္တရာယ်ရှိသော နှလုံးကြွက်သားပျက်စီးရောဂါ (MI) သည်ဗိုက်အောင့်ခြင်း မေးရိုးတွင်နာခြင်း အနေဖြင့်လည်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်တွင် လက္ခ္ခ္ခဏာတစ်ခုခု ဖြစ်ပေါ်လာလျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

ရင်ဘတ်အောင့်ခြင်း၏ ရောဂါရာဇ၀င်ပေါ်မူတည်ခြင်း

 
အဓိကကတော့ သင့်ရဲ့ ရာဇ၀င်ပေါ်မူတည်ပြီး သင့်ရဲ့ရောဂါကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ယခင်ကဖြစ်ခဲ့တဲ့ ရောဂါနှင့် လူနေမှုပုံစံ (ဥပမာ – သွေးတိုး၊ ဆေးလိပ်သောက်သုံးမှု) နဲ့ သင့်ရဲ့ယခင် ဆရာဝန်နဲ့ ပြသခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို ဆရာဝန်က မေးပါလိမ့်မယ်။ ဒါ့အပြင် လူမှုရေးအဖြစ် အပျက်များ (အလုပ်အကိုင်၊ ဆေးဝါးများသုံးစွဲနေရခြင်းနဲ့ စိတ်ခံစားမှု အခြေအနေများ – ဥပမာ- စိုးရိမ်သောကစိတ်များ၊ စိတ်ဖိစီးမှုများ) ကိုလည်းမေးမြန်းပါ လိမ့်မယ်။ ဒါတွေမေးပြီးတော့မှ အဲ့ဒီအပေါ် မူတည်ပြီး ရောဂါအရင်းအမြစ်ကို ရှာဖွေဖော်ထုတ် မှာပါ။ ဒါကြောင့် ဆရာဝန်ရဲ့ တချို့မေးခွန်းတွေကို မဆိုင်တာတွေ မေးနေတယ်လို့ မထင်စေ ချင်ပါ။

သင့်မှာ ဘယ်လိုရင်ဘတ်အောင့်မှုမျိုးရှိလဲ

စတင်အောင့်ပုံနှင့် အောင့်မှုပုံစံ

အရေးကြီးသော နှလုံးရောဂါများသည် မိနစ်အနည်းငယ်အတွင်း တဖြည်းဖြည်းအောင့်လာသည်။ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊ စိတ်ခံစားမှု၊ ရာသီဥတုအေးခြင်းတို့တွင် အောင့်လာတတ်သည်။
 

နှလုံးသွေးကြောကျဉ်းရောဂါတွင် ရင်ဘတ်အောင့်ခြင်းသည် အနားယူခြင်းနှင့် sub-lingual nitroglycerin (NTG) ဟုခေါ်သော လျှာအောက်တွင် ငုံရသည့် ဆေးနှင့်သက်သာ သွားတတ်ပါ သည်။
 

မတည်ငြိမ်သော နှလုံးသွေးကြောကျဉ်းရောဂါ (Unstable angina) တွင်မူ ရင်ဘတ်အောင့်ခြင်း သည် အနားယူနေစဉ် တွင်လည်း ဖြစ်ပေါ်လာနိုင် သည်။ အောင့်လိုက်ပျောက်လိုက်ဖြစ်နေပြီး တခါတရံပြင်းထန် လိမ့်မည်။


နှလုံးကြွက်သား ပျက်စီးရောဂါ (MI) တွင်ရင်ဘတ်အောင့်မှုသည် ပြင်းထန်လိမ့်မည်။ တခါတရံ တွင် ပျို့ခြင်း၊ အန်ခြင်း၊ ချွေးပျံခြင်းတို့နှင့် တွဲ၍ ဖြစ်တတ်ပြီး အနဲဆုံးမိနစ် သုံးဆယ် ခန့်ကြာ တတ်ပါသည်။

အဆုတ်တွင်လေပိတ်မိသောရောဂါ (pneumothorax) နှင့် အဆုတ်သွေးကြောပိတ်ခြင်း (pulmonary embolism) တွင်မူ နာကြင်မှုသည် ရုတ်တရက်ဖြစ်ပေါ်လာသည်။

ရင်ဘတ်အောင့်ခြင်းသည် အန်ခြင်းနောက်တွင်မှ ဖြစ်ပေါ်ခြင်းနှင့် အထူး သဖြင့် တွင် သွေးအန်ခြင်းနှင့် အတူ ဖြစ်ပါ က အစာရေမျိုရောဂါကြောင့် (esophageal disease) ဖြစ်တတ် ပါသည်။

သင်ရင်ဘတ်အောင့်ခြင်းသည် သင်ဘာလုပ်နေစဉ်တွင် အောင့်သည်ဆိုခြင်းသည် အရေးကြီး သည်။ ထိုအချက်မှ သင်သည် ဆရာဝန်အား တန်ဖိုးရှိသော အချက် ကိုပြောပြနိုင် ပါလိမ့်မည်။

အောင့်သောနေရာနှင့် ပျံ့နှံ့သွားပုံ

နှလုံးရောဂါများသည် 
 
 ရင်ညွန့်အလယ်အောက်တွင် အောင့်တတ်ပါသည်။ နှလုံးကြွက်သားရောဂါတွင် နာကျင်
မှုသည် မေးရိုး၊ လည်ပင်း၊ လက်မောင်းတို့ကို ပျံ့နှံ့သွားတတ် သည်။ နှလုံးသွေး လွှတ်ကြော မကြီး လွှဲပြတ်ရောဂါ (dissecting aortic aneurysm) တွင် နာကျင်မှုသည် လက်ပြင်ရိုးကြားတွင် ဆွဲဖြဲထားသလို နာတတ်သည်။
 
အဆုတ်နှင့်သက်ဆိုင်သောရောဂါတွင် တဖက်တည်းတွင် နာတတ်ပြီး သင်သည်ထိုနေရာကို အတိအကျထောက်ပြနိုင်လိမ့်မည်။
 
အစာရေမျိုရောဂါသည်လည်း ရင်ညွန့်အလယ်အောက်တွင် အောင့်တတ်ပြီး နှလုံးအောင့်ခြင်းနှင့် ဆင်တူ ပါသည်။
ကျောရိုး ပျက်စီးရောဂါနှင့် ရေယုန်ကြီးတို့တွင် နာကျင်မှုသည် သက်ဆိုင်ရာ အာရုံကြောထောက်ပံ့သော နေရာ တွင် ဖြစ်လိမ့်မည်။

နာကျင်မှုအခြေအနေ
 
သင်၏ နာကျင်မှုအခြေအနေသည် ရောဂါအရင်းအမြစ်ရှာဖွေခြင်းအတွက် အရေးကြီးသော သဲလွန်စလည်း ဖြစ်သည်။ (ဥပမာ – ကွဲပြတ်သလို၊ စူးစူးရှရှ ပူပြီးအောင့်ခြင်း၊ စူးဖြင့်ထိုးထား သလို)

သင့်တွင်တခြားဘာလက္ခ္ခ္ခဏာတွေ ရှိသေးသလဲ

အရေးကြီးတဲ့ ပူးတွဲလက္ခ္ခ္ခဏာတွေကတော့

· မောခြင်း – အဆုတ်သွေးကြောပိတ်ခြင်း (pulmonary embolism)၊ အဆုတ်ရောင်ရောဂါ(pneumonia)၊ အဆုတ် လေပိတ်မိသော ရောဂါ(pneumothorax)၊ နှလုံးရောဂါမှ အဆုတ်ရေမွန်းရောဂါ(pulmonary edema)ဖြစ်ခြင်း၊ စိုးရိမ်ပူပန်စိတ် များကြောင့် ဖြစ်သော အသက်ရှူမြန်ခြင်း။

· ချောင်းဆိုးခြင်း
o အဆုတ်ရောဂါကြောင့်ဖြစ်သော သလိပ်ကပ်ခြင်း၊
o အဆုတ်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော ချောင်းဆိုးသွေးပါခြင်း
o အဆုတ်ရေမွန်းခြင်းကြောင့်
· Rigors – အဆုတ်ရောင်ခြင်း
· ခြေသလုံးရောင်ခြင်း
o အဆုတ်သွေးကြောပိတ်ရောဂါသည် သွေးပြန်ကြောသွေးခဲကြောင့် ဖြစ်ခြင်း
o နှစ်ဖက်လုံးရောင်ခြင်းသည် နှလုံးမောခြင်း(Heart failure) ကြောင့်ဖြစ်နိုင်သည်။

· ရင်တုန်ခြင်း
o နှလုံးစည်းချက်မမှန်ခြင်းသည် နှလုံးသွေးကြောရောဂါ ဖြစ်စေသည်။
o နှလုံးကြွက်သားရောဂါကြောင့်လည်း ဖြစ်နိုင်သည်။
o အဆုတ်သွေးကြောပိတ်ခြင်း(PE) ၊ အဆုတ်ရောင်ခြင်း(pneumonia) ကြောင့်လည်း ဖြစ်နိုင်ပါသည်။
o အေးခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် ချွေးစေးပျံခြင်းတို့သည် နှလုံးကြွက်သား ပျက်စီးရောဂါ(MI) သို့မဟုတ် ပြင်းထန်သောအဆုတ်သွေးကြောပိတ်ရောဂါကြောင့် ဖြစ်နိုင်ပါသည်။

ရောဂါဖြစ်ခြင်းကို အားပေးစေသောအချက်များ သင့်တွင်ရှိလား

နှလုံးကြွက်သားရောဂါ – ဆေးလိပ်သောက်ခြင်း၊ မျိုးရိုးတွင်ထိုရောဂါ ရှိခြင်း၊ (cholesterol) များခြင်း၊ သွေးတိုးရောဂါ (hypertension)၊ ဆီးချိုသွေးချိုရောဂါ (Diabetes)၊ အမျိုးသားဖြစ်ခြင်း၊

အသက်ငါးဆယ်ကျော်ခြင်း။
 
အဆုတ်သွေးကြောပိတ်ရောဂါတွင် – လတ်တလောတွင်ခရီးသွားလာခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ ခွဲစိတ်မှုခံထားရဖူးခြင်း၊ မျိုးရိုးရာဇ၀င်ရှိခြင်း၊

ကိုယ်ဝန်ဆောင်ခြင်း။
 
အဆုတ်တွင်းလေပိတ်မိခြင်းတွင် – လူငယ် ပိန်ပိန်ပါးပါးအမျိုးသားများ ထိခိုက်မှုရှိခြင်း၊ အဆုတ်လေအိတ်ငယ်များ ဖောင်းပွခြင်းရောဂါ (emphysema) ရှိခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သော အဆုတ်သလိပ်များသောရောဂါတစ်မျိုး (cystic fibrosis)

ရောဂါရှာဖွေခြင်း
ရင်ဘတ်အောင့်သူများသည် ECG (Electrocardiogram)ဆွဲသင့်ပါသည်။ ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်း၊ နှလုံးအင်ဇိုင်းစစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်သင့်ပါသည်။
ထိုအဖြေများပေါ်မူတည်၍ တခြားစစ်ဆေးခြင်းနည်းစနစ်များ ပြုလုပ်သင့်မသင့်ကို သင့်အား စမ်း သပ် စစ်ဆေးပြီး ဆရာဝန်ကဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။

drsoepaing
ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု
From_Myanmar Online News

No comments:

Post a Comment