*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 26 October 2013

ဆက်သွယ်ရေးလုပ်ငန်းတွင် ကြုံရမည့် လျှပ်စစ်မီးပြဿနာအတွက် ကိုယ်ပိုင်လျှပ်စစ်စွမ်းအင်များထုတ်မည်ဟု တယ်လီနောပြော


ရန်ကုန်၊ စက်တင်ဘာ-၂၈


ဆက်သွယ်ရေးလုပ်ငန်းအတွက် ကြုံတွေ့ရမည့် လျှပ်စစ်မီးပြဿနာ အတွက် တယ်လီနောမြန်မာ ကုမ္ပဏီ အနေဖြင့် ကိုယ်ပိုင်လျှပ်စစ်စွမ်းအင်များ ထုတ်လုပ်သုံးစွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
“လျှပ်စစ်နဲ့ပတ်သက်ပြီး အခြားအာရှနိုင်ငံတွေမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဘယ်လိုလျှပ်စစ်မျိုး သုံးမလဲဆိုတော့ စွမ်းအင်ပြန်လည်အသုံးပြုလို့ရမယ့် Renewable Energy မျိုး သုံးမယ်။ အများဆုံးတော့ ဒီဇယ်ကိုအခြေခံထားတဲ့ လျှပ်စစ်မျိုးသုံးမယ်”ဟု Telenor Group ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Baksaas ကပြောသည်။

 
လက်ရှိ မြန်မာနိုင်ငံမှာ တယ်လီနောကုမ္ပဏီမှ အော်ပရေတာလုပ်ငန်းများ လုပ်ကိုင်ပေးနေသည့် ပါကစ္စတန်နိုင်ငံနှင့်ဆင်တူပြီး ထိုသို့လျှပ်စစ်မီးခက်ခဲ့သည့် နိုင်ငံများတွင် အဆိုပါနည်းစနစ်များဖြင့်သာ လျှပ်စစ်မီးထုတ်လုပ်သုံးစွဲလျက်ရှိရာ အောင်မြင်အောင် လုပ်ဆောင်နိုင်ပြီး အခြားသော လျှပ်စစ်မီး ရရှိနိုင်မည့် နည်းလမ်းများကိုရရှိအောင် ဆောင်ရွက်နေကြောင်း တယ်လီနောကုမ္ပဏီမှ သိရသည်။

ထို့အပြင် ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် အဆိုပါပြန်လည် အသုံးပြုနိုင်သည့် စွမ်းအင်များနှင့် ဒီဇယ်ဖြင့် လျှပ်စစ်မီးရရှိရန် လုပ်ကိုင်မည်ဖြစ်သော်လည်း
အစိုးရထံမှ လျှပ်စစ်မီးလုံလောက်စွာရရှိပါက ပြည်တွင်းမှ လျှပ်စစ်ကိုသုံးစွဲပြီး လုပ်ငန်းဆောင်ရွက် သွားမည်ဟု ယင်းကုမ္ပဏီဥက္ကဋ္ဌကပြောသည်။

“တခြားနိုင်ငံသုံးတဲ့ Solution တွေကို ဒီမှာလာသုံးတာ။ အာရှဒေသတွေကလည်း နည်းနည်းဆင်တယ်။ အတွေ့အကြုံတွေ အားလုံးကိုမျှပြီး သုံးလို့ရတယ်။
ဒီလိုမျိုးသုံးတဲ့အခါမှာလည်း ဈေးကွက်ထဲမှာရှိတဲ့ ကိုယ်နဲ့တူတူ လျှပ်စစ်မီးလိုနေတဲ့ တခြားသူတွေကိုလည်း Share လုပ်ပြီးတော့သုံးနိုင်တဲ့ Principle ရှိတယ်”ဟု Mr.Baksaas က ပြောသည်။

ပြည်တွင်း၌ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း လုပ်ကိုင်ရန်အတွက် ပြည်တွင်းပြည်ပကုမ္ပဏီများ လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းမှာ ခက်ခဲမှုဖြစ်ပြီး စတင်လုပ်ကိုင်မည့်အချိန်တွင် ရရှိသည့်လျှပ်စစ်မီး များဖြင့်သာ သုံးစွဲနိုင်မည့် နည်းပညာများလည်း ရှာဖွေအသုံးပြုသွား မည်ဖြစ်ကြောင်း အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့်ကုမ္ပဏီများက ပြောသည်။
 
 ဆွေမွန်
 
7daynewsjournal.com 
 

No comments:

Post a Comment