*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 19 April 2014

သွေးတိုး အတွက် သဘာဝ ဆေးနည်း


harbel-products14

လူ အတော်များများ မှာ အသက်အရွယ် ရလာတဲ့ အခါ များသော အားဖြင့် သွေးတိုးရောဂါ ဖြစ်လေ့ ရှိ တတ် ကြပါတယ်။ စာရေးသူ ကိုယ်တိုင် ခေါင်းတွေ ကိုက်ပြီး ဇက်ကြောတွေ တက်လို့ ဆေးခန်း သွားပြတဲ့ အခါ သွေးတိုး ရှိနေကြောင်းကို ပထမဆုံး သိရပါတယ်။
 

သွေးတိုးဝေဒနာရှင် များအနေ နဲ့ မိမိ ကိုယ်တိုင် အလွယ်တကူ ဖော်စပ်ပြီး စားသုံးနိုင် တဲ့ ဆေးနည်း တစ်ဖုံ ကို စာရေးသူ ကိုယ်တိုင် ဖော်စပ် စားသုံး ခဲ့ပြီးမို့ သွေးတိုးဝေဒနာရှင်များ အတွက် ကိုယ်ချင်းစာ စိတ် ထားပြီး ဖော်ပြပေးလိုက်ပါတယ်။ 


ဆေးနည်း မှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဘုမ္မရာဇာမြစ် ဥနှဲမြစ် ငုမြစ် နနွင်းစိမ်း ဆင်တုံးမနွယ်
 

၎င်းဆေး အမည် ၅-မျိုး ကို ဆတူယူ ၍ ညက်အောင် အမှုန့်ကြိတ်ပြီး ပျားရည် နဲ့ တေပါ။ ပြီး လျှင် ရွေးစေ့ ခန့် အရွယ် အလုံးကလေးများ လုံးထားပါ။
 

သွေ့သွားအောင် ဆေးလုံး များကို နေရောင်ပြပြီး ပုလင်းထဲ ထည့်ပြီး လေလုံအောင် ပိတ်ထားပါ။ 

နံနက်-တစ်လုံး၊ ညပိုင်း-တစ်လုံး နေ့စဉ်သောက်သွား ပါက သွေးတိုးရောဂါ သက်သာပျောက်ကင်း သွားပါ လိမ့်မယ်။
ကိုယ် တစ်ခြမ်း သေခြင်းနှင့် အထိုင် အထ ခက်ခဲတဲ့ ဝေဒနာရှင်များ လည်း စွဲစွဲမြဲမြဲ စားသုံးပေးပါက သက် သာပျောက်ကင်းပါတယ်။ ရောဂါပျောက်တဲ့ အခါ နေ့စဉ် စားသုံး ဖို့ မလိုအပ်တော့ဘဲ တစ်ခါ တစ်ရံမှ သာ စားပေး ဖို့ လိုပါတယ်။
သွေးတိုး အတွက် နောက် တစ်နည်း—
သွေးတိုးရောဂါကြောင့် သွေးတက်ပြီး အခံ ရခက်နေတဲ့ အချိန် မှာ ဒန့်သလွန်ပင် မှ တမာစေး လိုထွက်နေ တဲ့ အစေး ကို မန်းကျည်းစေ့ (၂-ပဲသား) ခန့် စားပေး ပါကလည်း သွေးပေါင်ကျပြီး သက်သာပျောက် ကင်းသွား ပါတယ်။
 

ဒန့်သလွန် အစေးကို အပင် မှ ချက်ချင်း ခွါယူတဲ့ အစေးက သာ ပိုပြီး အာနိသင် ကောင်းပါတယ်။ အစေးကို ခွါယူပြီး ဆောင်ထားရင် လဲ ရပါတယ်။
မိမိ အိမ်မှ ဒန့်သလွန်ပင် ကိုဖြစ်စေ၊ မိမိအိမ် မှာ မရှိခဲ့ရင် အိမ်နီးဝန်းကျင် မှ ဒန့်သလွန်ပင် များကို ဖြစ်စေ၊ ပိုင်ရှင် ကို ပြောပြခွင့်တောင်းပြီး အစေး များ ထွက်လာအောင် ပင်စည် ကို ဓားနဲ့ အနည်းငယ် ထစ်ထားဖို့ လိုပါတယ်။
 

ဒါမှ သာ လိုအပ်တဲ့ အချိန်မှာ ဒန့်သလွန် အစေးကို အလွယ် တကူ ရနိုင်မှာဖြစ်ပါတယ်။
ဒန့်သလွန် အရွက် နဲ့ အသီး များကို စားသုံးပေးခြင်းဖြင့် သွေးတိုး ကျစေတဲ့ အစွမ်း သတ္တိရှိကြောင်း ကိုတော့ အားလုံး သိရှိကြပါတယ်။ ဒါပေမယ့် ဒန့်သလွန် အစေးရဲ့ အကျိုးအာနိသင် ထူးကိုတော့ လူသိ နည်းကြ ပါသေးတယ်။
 

ဒါကြောင့် အလွယ် တကူရရှိနိုင်တဲ့ ဒန့်သလွန် အစေးက အသီးနဲ့ အရွက်များ ထက် ပိုပြီး အစွမ်း ထက်ကြောင်း ကောင်းမွန်ကြောင်း ကို ဘဝတူသွေးတိုးဝေဒနာရှင်များ အတွက် တင်ပြပေးလိုက်ပါတယ်။

မင်းတပ် ဦးအောင်ခင်
credit:စိမ့်စမ်းရေ


From... LY's HealthCare Collection

 

No comments:

Post a Comment