နွေရာသီ စတင် ၀င်ရောက်နေတဲ့ ခုရက်ပိုင်း အတွင်း မြန်မာနိုင်ငံ တ၀န်း အပူရှိန်မြင့်တက်မှုကြောင့် ကလေးငယ်တွေ့နဲ့ သက်ကြီးရွယ်အိုတွေ ရုတ်တရတ် နေထိုင် မကောင်းမှုတွေ ဖြစ်ပေါ်နေ တဲ့ အတွက် သတိထားကြဖို့ ကျန်းမာရေး တာဝန်ရှိသူတွေက နှိုးဆော်လိုက်ပါတယ်။
အပူရှိန်မြင့်တက်မှုကြောင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ရုတ်တရက် ဖျားနာမှုတွေ နဲ့ ရေဓာတ်ခန်းခြောက်မှုတွေ ဖြစ်နေလို့ ရန်ကုန်မြို့က ရပ်ကွက်ဆေးခန်းတွေမှာ သွားရောက် ဆေး ကုသမှု ခံယူနေကြရတာပါ။
ဇီဝိတ သံဃဆေးရုံ လက်ထောက် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်စန်းဝေက အပူရှိန်ပြင်းထန်မှု ကို လေးနှစ်အောက်ကလေးငယ်တွေနဲ့ အသက် ၇၅ နှစ် အထက် သက်ကြီးရွယ်အိုတွေ့မှာ ပိုခံစား ရတယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် အပူရှိန် ကာကွယ်ပစ္စည်းတွေ အသုံးပြုကြဖို့ နဲ့ ရုတ်တရက်သေဆုံးနိုင်တဲ့ heatstroke ဖြစ်ပေါ်နိုင်တဲ့ ဘီယာသောက်ခြင်း၊ နေ့ခင်းဘက်ရေချိုးခြင်းတွေကို မပြုလုပ်ကြဖို့ လည်း ဒေါက်တာ ဒေါ်ခင်းစန်းဝေက ပြောပါတယ်။
အခုရက်ပိုင်း နေရောင်ခြည်ထဲ ခရမ်းလွန်ရောင်ခြည် မြင့်တက်နေတာကို အဆက်မပြတ် သတိပေး သတင်း ထုတ်ပြန်နေတဲ့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို လက်ရှိအခြေ အနေ မေးကြည့်တော့ မြန်မာပြည်မြောက်ပိုင်း ကလွဲပြီး တနိုင်ငံလုံးနီးပါး အပူရှိန် မြင့်တက်နေတယ် လို့ ပြောပါတယ်။
ခရမ်းလွန်ရောင်ခြည် ကျရောက်မှုကို စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ် ကလွဲပြီး ကျန် တိုင်းဒေသတွေ့မှာ အမြင့်ဆုံးကျရောက်နေပြီး မတ် ၁၂ ရက် ထုတ်ပြန်ချက်အရ ရန်ကုန်မှာ မွန်း တည့် ချိန်တွင် uv index အများဆုံးတန်ဖိုး 12.7 (extreme level) အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
By သဇင်ထွေး (ဒီဗွီဘီ)
From...Thit Htoo Lwin
No comments:
Post a Comment