*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 October 2013

အမျိုးသား သားဆက်ခြားနည်းများအကြောင်း တစေ့တစောင်း

ကျန်းမာရေး

7

အမျိုးသားများအတွက် သားဆက်ခြားနည်းများဟာ အမျိုးသားများရဲ့ အခြေခံဇီဝကမ္မဗေဆိုင်ရာ ကွဲပြားမှုအပေါ်မှာ အခြေခံပါတယ်။   ဈေးကွက်ထဲမှာမိမိတို့အတွက် သန္ဓေတားနည်း ကို ရွေး ချယ် လိုသူ အိမ်ထောင်ရှင် အမျိုးသားများအတွက် ရွေးစရာတွေကတော့ ရှိနေပါတယ်။




ကွန်ဒုံးအသုံးပြုခြင်းနဲ့ ကျားသုက်ပို့ ပြွန် ဖြတ်တောက်ခြင်းဟာ အမျိုးသားများအတွက် လူသိများတဲ့ သန္ဓေတားနည်း နှစ်မျိုးဖြစ်ပါတယ်။ သိပ်မအောင်မြင်တဲ့ နည်းလမ်းတစ်မျိုးကတော့ ချစ်ပွဲဝင် အပြီး ယောနိကနေ အမျိုးသားအင်္ဂါကို သုက်မလွှတ်မီ ဖယ်ရှားခြင်းပဲဖြစ်ပါတယ်။ coitus interruptus  လို့ခေါ်ပါတယ်။

ကွန်ဒုံး-ကွန်ဒုံးအမျိုးအစားတွေ အများကြီးရှိပေမယ့် ရာဘာအခြေခံကွန်ဒုံးကတော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါရော ကိုယ်ဝန်ကိုပါ ကာကွယ်ပေးနိုင်တဲ့အတွက် အသုံးအများဆုံးပါပဲ။

အားနည်းချက်- ပေါက်ပြဲနိုင်ခြင်း၊ ချော်ထွက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ (အချို့အမျိုးသားများတွင် အချစ်အရသာ ခံစားရမှုနည်းပါးသည်ဟု ခံစားရခြင်း။

ခွဲစိတ်ခြင်း- ဒီခွဲစိတ်မှုကိုတော့ vasectomy  လို့ခေါ်ပါတယ်။ သုက်ရည်လွှတ်ချိန်မှာ သုက်ပိုးပါမလာအောင် သုက်ပို့ပြွန်ကို ခွဲစိတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် ကပ်ပယ်အိတ်ထဲက သုက်ကောင်လေးတွေဟာ သုက်ရည်ထဲမှာ မပါလာနိုင်တော့ပါဘူး။

အားနည်းချက်-  HIV လို လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်နိုင်ခြင်း မရှိပါဘူး။ နောက်ပြီး တစ်သက်တာကလေးရနိုင်ခွင့် အမျိုး သားတွေမှာ ဆုံးရှုံးမှာဖြစ် လို့ သေချာစဉ်းစား ဆုံးဖြတ်ပြီးမှ လုပ်ရမယ့်လုပ်ငန်းပါ။

လေ့လာနေဆဲနည်းလမ်းများ

သန္ဓေတားဆေးသုံးစွဲခြင်း- ဒါဟာ လက်ရှိစမ်းသပ်နေဆဲ သုတေသနတွေ ဖြစ်ပါတယ်။ ဦးတည်ချက်ကတော့ ဟော်မုန်းတွေကို အသုံးပြုပြီး အမျိုးသားတွေကိုသန္ဓေတားဖို့၊ သုက်ကောင် လှုပ်ရှားမှုကို နှေးစေဖို့နဲ့ မမျိုး ဥနဲ့တွေ့တဲ့ သုက်ပိုးကောင်ရေနည်း စေဖို့ ဖြစ်ပါတယ်။
တက်စတိုစတီရုန်းဟော်မုန်းဟာ သုက်ကောင်ရေ အသစ်ဖြစ်ပေါ် ဖို့ လုပ်ဆောင်ပေးပါတယ်။ တက်စတိုစတီရုန်းရဲ့ အာနိသင်ကိုသာ ပိတ်ဆို့ နိုင်ခဲ့ရင် ဒီနည်းလမ်းဟာ အမျိုးသားတွေ အတွက် ဟော်မုန်း အခြေခံ သန္ဓေတားဖို့ အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် လိင်စိတ် နည်းပါးသွားခြင်းကိုလည်း တစ်ချိန်တည်းမှာ ခံစားရနိုင်ပါတယ်။


 အခြားဆေးဝါးများ-
  သွေးတိုးကျဆေး အဖြစ်တွေ့ရှိခဲ့တဲ့ ဆေးဝါး (PBZ,phenoxybenzamine) ကို လေ့လာနေကြပါတယ်။ ဒီဆေးမှာ ချစ်တင်းနှောနေချိန်မှာ သုက်ပို့ ပြွန်ရဲ့ လုပ်ငန်းကိုထိန်းချုပ်နိုင်ပြီး သုက်ကောင်တွေမပါဝင်အောင် တားဆီးနိုင်ပါတယ်။ ဒီဆေးဝါးမှာ ဘေးထွက်ဆိုး ကျိုးပြင်းထန်လို့ အခြားရောဂါတွေမှာ အသုံးမပြုကြတော့ပါဘူး။ 

ဒါပေမယ့် အမျိုးသားတွေရဲ့ သားဆက်ခြားနည်းလမ်းမှာ အသုံးပြုနိုင်မလား ဆိုတာတော့  လေ့လာနေကြ ပါ တယ်။သူ့ရဲ့ အားသာချက်ကတော့ ကျားဟော် မုန်း ပြောင်း လဲမှု မဖြစ်စေခြင်း၊ဆေးရပ်လိုက်လျှင် သုက်လွှတ်ခြင်းပြန်လည်   ဆောင်ရွက်နိုင် ပါတယ်။ အားနည်းချက် ကတော့ ခေါင်းမူးခြင်း ကနေ နှလုံးခုန်မြန်ခြင်း အထိ ဘေးထွက် ဆိုးကျိုး ရှိနေခြင်းပါ။

သက်ကို
ref;medindia
Health Updates Journal

No comments:

Post a Comment