ခိုးယူထားတဲ့ ပါစ်ပို့တွေနဲ့ ပါသွားတဲ့ခရီးသည် ၂ ယောက်ဟာ အီရန်တွေဖြစ်တယ် လို့ Today Online ကဖော်ပြထားပါတယ် ။
အခိုးခံထားရတဲ့ ပါ့စ်ပို့ပိုင်ရှင်တွေ ကတော့ အသက်သုံးဆယ် အရွယ် Austrian
လူမျိုး Mr Christian Kozel နဲ့ အီတလီ လူမျိုး အသက် ၃၇ နှစ်အရွယ် Mr Luigi
Maraldi တို့ဖြစ်ပါတယ် ။
Financial Times ရဲ့ အဆိုပြုချက် အရတော့
ဒီလက်မှတ်တွေကို ၀ယ်ယူ သူတွေက အီရန် လူမျိုး တွေဖြစ်ပြီး Pattaya ရဲ့ Thai
Resort town မှာ ၀ယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ် ။
Travel agent တစ်ဦးဖြစ်သူ Benjaporn Krutnait က
လုပ်ငန်းရှင် အဆက်အသွယ်လို့သိရတဲ့ Mr Ali ဆိုသူဆီက တစ်ဆင့် ဒီလက်မှတ်တင်တွေကို
ဘွတ်ကင်လုပ်ပေးခဲ့တယ်လို့သိရတယ် ။
သူမအပြောအရတော့ ဒီလူနှစ်ယောက်အတွက်
မာခ်ျလ ၁ ရက်နေ့မှာ ဈေးသက်သာတဲ့လက်မှတ် ၂ စောင်ကို
အရင်လုပ်ခိုင်းခဲ့တာလို့သိရပါတယ် ။
Mr Ali ဟာ သူ့ခရီးသည် တွေအတွက်
ဥရောပကိုအသက်သာဆုံး လမ်းကြောင်းကို မေးခဲ့တယ်လို့ ဆိုပါတယ်
ကွာလာလမ်ပူကို သီးခြား ဘွတ်ကင်တင်ခဲ့ခြင်း မရှိပါဘူး
ဒါကြောင့်သူမထွက်ဆိုတာ ကတော့ ဒါဟာ
အကြမ်းဖက်သမားတွေလုပ်ရပ်နဲ့တော့ မတူကြောင်းဆိုပါတယ် ။
သတင်းက ဘာတွေပဲဖော်ပြထားခဲ့ပေမယ့် အီရန် ၂ ယောက်က
ပါ့စ်ပို့ခိုးပြီးပါသွားတယ် ဆိုကတည်း က Hijack
များဖြစ်နေမလားဆိုတဲ့မေးခွန်းကတော့ စိတ်ဝင်စားဖွယ်ရာမြင့်တက်လျှက်ရှိပါတယ် ။
အသေခံ ဗုံးခွဲတာ မဖြစ်ပါစေနဲ့ လေယာဉ် ပြန်ပေးဆွဲတာလောက်ပဲဖြစ်ပြီး
မကြာခင် ဆိုင်ရာတွေကို ဆက်သွယ်ပြီး Deal
လုပ်ကြရင်ကောင်းမှာပဲလို့တွေးနေယုံမှ တစ်ပါး ....။
သက်တန့်ချို
Photo : A Thai police officer showing a copy of Luigi Maraldi’s stolen
passport to the media in Pattaya, Chonburi province Thailand on Monday
,March 10, 2014. Photo: AP
No comments:
Post a Comment