*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 11 March 2014

MH 370 နှင့် ဆက်စပ်သော နောက်ဆုံးရ သတင်းများ စုစည်းချက်

10003933_553278068103362_735595422_n
Picture of the day: “Pray God, Miracles do Happen”

၁. လေယာဉ်ပျောက်ဆုံးမှုကြာမြင့်ချိန်သည် သတင်းစာရှင်းလင်းပွဲ အရ နာရီ (၆၀) ကျော် ကြာမြင့် ခဲ့ပြီဖြစ်သည်။

၂. တောင်တရုတ်ပင်လယ်ပြင် တစ်ခွင်တွင် ရှာဖွေရေးလုပ်ငန်းစဉ် များ လုပ်ဆောင်ပြီးဖြစ်သည်။

၃. ထို့အတူ လေယာဉ်သည် နောက်သို့ပြန်လှည့်သွားသည် ဟု သံသယရှိ ဖွယ်ဖြစ်သောကြောင့် မလက္ကာရေလက်ကြားနေရာအား လည်း ရှာဖွေမှုများ ပြုလုပ်ပြီး ဖြစ်သည်။


၎. တိုင်းပြည်နိုင်ငံ အသီးသီးမှ ရာနှင့်ချီသော လူများအားလည်း ရှာဖွေရေး အထောက်အကူပြု စက် ပစ္စည်းစုံလင်စွာဖြင့် ဖြန့်ကျက်ကာ ရှာဖွေနိုင်ရန် စေလွှတ်ထားပြီးဖြစ်သည်။

၅. နေ့ခင်း အချိန်တွင် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ပြီး၊ ညဘက် အချိန်တွင် သင်္ဘောများဖြင့် ရှာဖွေလျက်ရှိသည်။

၆. ယခုအချိန် အထိ လေယာဉ်အား ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။

၇. မီဒီယာများတွင် ဖော်ပြနေသော လေယာဉ်တံခါးရွက် အပိုင်းအစ မှာလည်း MH370၏ အပိုင်း အစ မဟုတ်ပါ ဟု ဗီယက်နမ်လေကြောင်း အရာရှိချုပ်မှ ပြန်လည်ဖြေကြားထားပါသည်။

၈. ယခုအချိန် အထိ တွေ့ရှိခဲ့ပါသည်ဟု ပြောကြားခဲ့သော အပျက်အစီးအပိုင်း အစများကိုလည်း မလေးရှားလေကြောင်းလိုင်း မှ ၄င်းတို့လေကြောင်းလိုင်းနှင့် သက်ဆိုင်သည့် အပိုင်းအစ များ ဖြစ်ကြောင်း အတည်ပြုပေးနိုင်ခြင်း မရှိသေးပါ။

၉ . မီဒီယာ အသီးသီးမှ သီအိုရီများ အသုံးပြုလျှက် ခန့်မှန်းတွက်ဆမှုများ စွာ ထုတ်ပြန်နေသော် လည်း မိမိတို့အနေဖြင့် အမှန်တရားမှပေးသော သက်သေများကိုသာ စောင့်ဆိုင်းရဦးမည်ဖြစ် သည်။

၁၀. MAS နှင့် အခြား အေဂျင်စီများ၏ အကူအညီများဖြင့် လေယာဉ် တည်ရှိရာနေရာကို သိရှိရရေး အတွက် မိမိတို့အနေဖြင့် အစွမ်းကုန် ကြိုးစားနေဆဲဖြစ်ပါသည်။

၁၁. ပတ်စ်ပို့အတုကိုင်ဆောင်သွားသော ခရီးသည် (၂)ဦးနှင့် ပတ်သက်၍လည်း စုံစမ်းမှုများပြု လုပ်နေဆဲဖြစ်သောကြောင့် ၄င်းတို့၏ ဓာတ်ပုံများ အား ထုတ်ပြန်ကြေငြာနိုင်ခြင်း မရှိသေးပါ။

၁၂. လေယာဉ်ပြန်ပေးဆွဲမှု ဟု ယူဆရသော်လည်း မိမိတို့အနေဖြင့် စုံစမ်းဆဲ သာဖြစ်ပြီး ခိုင်လုံသော သက်သေပြရန် မဖြစ်နိုင်သေးပေ။

၁၃. သက်ဆိုင်သူများ အားလုံးအားလည်း မိမိတို့ အစွမ်းကုန်ကြိုးစား ရှာဖွေနေဆဲဖြစ်သောကြောင့် စိတ်ရှည်သည်းခံစောင့်ဆိုင်းပေးပါရန် တောင်းပန်အပ်ပါသည်။

၁၄. ကယ်ဆယ်ရေးနှင့် ရှာဖွေရေး သင်္ဘောများ အနေဖြင့်လည်း ယခုအချိန်အထိ လေယာဉ် အား ခြေ ရာ ခံမိခြင်း မရှိသေးပါ။

၁၅. လေယာဉ်ပေါ်တွင် တင်ဆောင်သွားသော ခရီးဆောင်အိတ် များအားလုံးမှာလည်း သံသယဖြစ် ဖွယ် ပစ္စည်းများ ပါဝင်ခြင်း မရှိကြောင်း စုံစမ်းစစ်ဆေးပြီးဖြစ်ပါသည်။

၁၆. လေယာဉ်ပေါ်တွင် စီးနင်းသွားသော တရုတ်နိုင်ငံသားများ ၏ ကျန်ရှိသော မိသားစုဝင်များအား ယနေ့နှင့် မနက်ဖြန်တွင် မလေးရှားနိုင်ငံသို့ ခေါ်ဆောင်ပြီး ကွာလာလမ်ပူမြို့တွင် နေထိုင် စောင့် ဆိုင်းစေမည်ဖြစ်ပါသည်။

၁၇. ယခုလေယာဉ်အား စုံစမ်းရှာဖွေမှု မှာ လွယ်ကူသော အလုပ် မဟုတ်သလို မျက်မြင်တွေ့ရှိနိုင် မှုများ မှာလည်း အကန့်အသတ်ဖြင့်သာ ရှိနိုင်ပါမည်။

၁၈. ယခု ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းစဉ်များအား လေယာဉ်ပြန်လည် ရှာဖွေတွေ့ရှိ သည့် အချိန်အထိ အချိန်အကန့်အသတ်မရှိပြုလုပ်သွားမည်ဖြစ်ပါသည်။

၁၉ . လေယာဉ်ပေါ်သို့ စီးနင်းလိုက်ပါသွားသော ခရီးသည်များအား လုံခြုံရေး စစ်ဆေးဆောင်ရွက် မှုမှာ လည်း နိုင်ငံတကာ စံနှုန်းစံညွှန်းများနှင့် အညီ ပြုလုပ်ထားပါသည်။

၂၀. ပင်လယ်ရေပြင် တွင် တွေ့ရှိရသော ဆီကွက်ကြီး မှာလည်း MH370 အတွက် အသုံးပြုသော ဆီများ မဟုတ်ကြောင်းနှင့် သင်္ဘောမောင်းသော ဆီများဖြစ်ကြောင်း မလေးရှားရေကြောင်းမှ အတည်ပြုပြောကြားပါသည်။

၂၁. ပတ်စ်ပို့အတုကိုင်ဆောင်သွားသော ခရီးသည် (၂)ဦးအား လေဆိပ်ရှိ CCTV ကင်မရာများမှ တဆင့် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ဖော်ထုတ်ချက်များ အရ မလေးရှား လူမျိုးများ မဟုတ်ကြောင်း မလေးရဲအရာရှိမှ ပြောကြားပါသည်။

၂၂. ဟောင်ကောင်မှ ပျံသန်းလာသော လေယာဉ်သည် ဗီယက်နမ်နိုင်ငံ ကမ်းစပ်မြို့တစ်ခုဖြစ်သော ဗန်တောင်မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၆၀ ခန့်တွင် အပျက်အစီးအပိုင်း အစမြောက် များ စွာ မြင်တွေ့ရသည်ဟုဆိုထားသောကြောင့် ယခုအခါ ထိုနေရာသို့ ရှာဖွေကယ်ဆယ်ရေး များ စေ လွှတ် ထားပြီဟု ပြောကြားပါသည်။

ကဲ … ဆက်ပြီး ဆုတောင်းခြင်းဖြင့် ကူညီဖေးမကြရအောင်ဗျာ…

ငြိမ်းချမ်းကျော်
From...Search Myanmar 


No comments:

Post a Comment