*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 20 September 2013

မင်းသား McQueen ရဲ့  အိမ်ကို ကန်ဒေါ်လာ ၇.၄ သန်းဖြင့်ရောင်းမည်




Photo: မင်းသား McQueen ရဲ့  အိမ်ကို ကန်ဒေါ်လာ ၇.၄ သန်းဖြင့်ရောင်းမည်
Tuesday, September 17, 2013

၁၉၈၀ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ မင်းသား McQueen ကို သိတဲ့သူလည်း သိကြမှာပါ။ တစ်ချိန်က ကမ္ဘာ့ ကြေး အများဆုံးရရှိတဲ့ မင်းသား တစ်ဦး ဖြစ်ပါတယ်။ ကြေးဆိုလို့ ရွှေ၊ငွေကြေးကို ဆိုလိုခြင်း မဟုတ်ပါဘူး။ ငွေပေးချေမှုကို ပြောတာပါ။ အသက် ၅၀ အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ မင်းသား ဖြစ်ပါတယ်။ 

ရုပ်ရှင်မှာတင်မက တကယ့်အပြင်မှာလည်း အောင်မြင်တဲ့ ပြိုင်ကားမောင်း ဒရိုင်ဘာ နဲ့ ဆိုင်ကယ် Racer တစ်ဦး ဖြစ်ခဲ့ပြီး ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေအထိတောင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ သူကွယ်လွန်ချိန် ၁၉၈၀ ခုနှစ်မှာ မော်တော်ဆိုင်ကယ် အစီးရေ ၁၀၀ ကျော်စုမိသွားပါပြီ။ ကားဆိုရင်လည်း ၁၉၇၀ မော်ဒယ် Porsche 911S, ၁၉၅၆ မော်ဒယ် Jaguar XKSS, ၁၉၆၃ မော်ဒယ် Ferrari 250 GT Berlinetta Lusso တို့ ရှိနေပြီ ဖြစ်ပါတယ်။ Ldaho ပြည်နယ်က တောင်တန်းတစ်နေရာမှာ ဧက ၅၀၀ ကျယ်တဲ့ သူ့မြေနေရာရှိပါတယ်။ ယင်း မြေနေရာမှာ အိမ်နဲ့ ဂိုဒေါင်ဆောက်ပြီး သူ့ မော်တော်ယာဉ်၊ ဆိုင်ကယ်တွေ သိမ်းထားဖို့ စိတ်ကူးခဲ့တာပါ။ သို့ပေမယ့် စီမံကိန်း အကောင်အထည် မဖော်ရသေးခင် ကွယ်လွန်ခဲ့တာပါ။ 

ဒါကို ကျန်ရှိသူများက ဆက်လက်အကောင်အထည်ဖော်ပေးပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စဆောက်ပေးတဲ့ Steve McQueen မြေပေါ်က တစ်ထပ်အိမ်ကလေးများကို ယခုလို မြင်တွေ့ ရပါတယ်။ လှပတဲ့ ရှုခင်းတွေကြားထဲ သပ်သပ်ရပ်ရပ် တည်ဆောက်ထားတဲ့ အိမ်လှလေးများ ဖြစ်ပါတယ်။ ယင်း အိမ်ကို ရန်ပုံငွေအတွက် ရောင်းချမှာပါ။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇.၄ သန်း သတ်မှတ်လို့ ဈေးဖွင့် ပေးထားပြီး ဝယ်ယူရန် ကြိုးပမ်းသူတို့ များပြားလျက် ရှိကြောင်း သိရပါတယ်။

Ref: autoblog
Aung Kham (ColayAutomobile)
Aung Kham (ColayAutomobile)

၁၉၈၀ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ မင်းသား McQueen ကို သိတဲ့သူလည်း သိကြမှာပါ။ တစ်ချိန်က ကမ္ဘာ့ ကြေး အများဆုံးရရှိတဲ့ မင်းသား တစ်ဦး ဖြစ်ပါတယ်။ ကြေး ဆိုလို့ ရွှေ၊ငွေကြေးကို ဆိုလိုခြင်း မဟုတ်ပါဘူး။ ငွေပေးချေ မှုကို ပြောတာပါ။ အသက် ၅၀ အရွယ်မှာ ကွယ်လွန်သွား ခဲ့တဲ့ မင်းသား ဖြစ်ပါတယ်။


ရုပ်ရှင် မှာတင်မက တကယ့် အပြင်မှာလည်း အောင်မြင်တဲ့ ပြိုင်ကားမောင်း ဒရိုင်ဘာ နဲ့ ဆိုင်ကယ် Racer တစ်ဦး ဖြစ်ခဲ့ပြီး ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေအထိတောင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ သူကွယ်လွန်ချိန် ၁၉၈၀ ခုနှစ်မှာ မော်တော်ဆိုင်ကယ် အစီးရေ ၁၀၀ ကျော်စုမိသွားပါပြီ။ ကားဆိုရင်လည်း ၁၉၇၀ မော်ဒယ် Porsche 911S, ၁၉၅၆ မော်ဒယ် Jaguar XKSS, ၁၉၆၃ မော်ဒယ် Ferrari 250 GT Berlinetta Lusso တို့ ရှိနေပြီ ဖြစ်ပါတယ်။ Ldaho ပြည်နယ်က တောင်တန်း တစ်နေရာမှာ ဧက ၅၀၀ ကျယ်တဲ့ သူ့မြေနေရာ ရှိပါတယ်။ ယင်း မြေနေရာမှာ အိမ်နဲ့ ဂိုဒေါင်ဆောက်ပြီး သူ့ မော်တော်ယာဉ်၊ ဆိုင်ကယ်တွေ သိမ်းထားဖို့ စိတ်ကူးခဲ့ တာပါ။ သို့ပေမယ့် စီမံကိန်း အကောင်အထည် မဖော်ရသေးခင် ကွယ်လွန်ခဲ့တာပါ။

ဒါကို ကျန်ရှိသူများက ဆက်လက် အကောင်အထည်ဖော်ပေးပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စဆောက်ပေးတဲ့ Steve McQueen မြေပေါ်က တစ်ထပ်အိမ်ကလေးများကို ယခုလို မြင်တွေ့ ရပါတယ်။ လှပတဲ့ ရှုခင်းတွေကြားထဲ သပ်သပ်ရပ်ရပ် တည်ဆောက်ထားတဲ့ အိမ်လှလေးများ ဖြစ်ပါတယ်။ ယင်း အိမ်ကို ရန်ပုံငွေအတွက် ရောင်းချမှာပါ။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇.၄ သန်း သတ်မှတ်လို့ ဈေးဖွင့် ပေးထားပြီး ဝယ်ယူရန် ကြိုးပမ်းသူတို့ များပြားလျက် ရှိကြောင်း သိရပါတယ်။


 
Tuesday, September 17, 2013


Ref: autoblog
Aung Kham (ColayAutomobile) 
       From...Facebook

No comments:

Post a Comment