အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင် သူတွေက အကြံပြုထားပါတယ် ။
တလည်း သီးဖျော်ရည် ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့
နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ
အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။
အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ
အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။
တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆%
နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့
ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။
တလည်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် တလည်းသီးဟာ
နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း
ကာကွယ်ပေးတယ်လို့ သိရပါတယ်။
Good Health ( ZKO )
Good Health ( ZKO )
No comments:
Post a Comment