*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 2 April 2014

မိခင် က စိတ်ဝေဒနာသည် သား ကို သတ်လွှစက် နဲ့ အပိုင်းပိုင်းဖြတ် ပြီး အလောင်းဖျောက်



 ဒွန်နာ(၆ဝနှစ်)နဲ့ သားဖြစ်သူ ရမ်ဆေး တို့မှာ ကောင်းမွန်တဲ့ ချစ်ခင် ရင်းနှီးမှု ဆက်ဆံရေး ရှိခဲ့ကြပါတယ်။ မိခင်ဒွန်နာ ကို သက်ဆိုင်ရာ က လူသတ် အလောင်းဖျောက် မှုနဲ့ အရေးယူ ဖမ်းဆီး ခဲ့ချိန်မှာတော့ ဒွန်နာ တို့နေထိုင်တဲ့ မြို့တစ်ခုကို အံ့သြ ထိတ်လန့်စရာ သတင်းစကား တစ်ပုဒ်ဖြစ်စေ ခဲ့ပါတယ်။

အသက် ၃၂နှစ်အရွယ်ရှိ သားဖြစ်သူ ရမ်ဆေးကို သတ်ဖြတ်ပြီး အလောင်းကို လွှစက်နဲ့ အပိုင်းပိုင်းဖြတ်ကာ အိတ်ငါး အိတ်ထဲထည့် စွန့်ပစ်ဖို့ ကြံစည်ခဲ့တဲ့ ဒွန်နာရဲ့လုပ် ရပ်အတွက် အိမ်နီးချင်းတွေက စကား မပြောနိုင်လောက်အောင် ဆွံ့အတုန်လှုပ်နေခဲ့ကြ ပါတယ်။



ရမ်ဆေး ဟာ စိတ်ဝေဒနာသည် တစ်ဦးဖြစ်ပြီး ဒွန်နာ က ဆေးရုံကခေါ်ယူ စောင့်ရှောက်ဖို့ တရားရုံး ကိုလျှောက် လဲခဲ့တာရှိတယ် လို့ သိရပါတယ်။ ဒါပေမဲ့ တရားရုံးက ငြင်းဆိုခဲ့ပြီး မိမိကိုယ်ကိုယ်အသက် အန္တရာယ်ပြုနိုင်တဲ့ သားဖြစ်သူအခြေအနေကြောင့် မိခင်ဖြစ်သူက ထိန်းသိမ်းစောင့်ရှောက်ဖို့ အမိန့်ချမှတ် ခဲ့တယ်လို့ သိရပါတယ်။


 ဒွန်နာရဲ့လူသတ်မှုကို ကားမောင်းသူအမျိုးသမီးက စပ်စုရာကနေ အိတ်ငါး အိတ်ထဲ ထည့်ထားတဲ့ လူခန္ဓာ ကိုယ်အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ရာက ရဲဌာနက လူသတ်မှုကို ဖော်ထုတ်နိုင် ခဲ့ခြင်းဖြစ်ပါတယ်။

အိမ်နီးချင်း တစ်ဦးက ဒွန်နာနေထိုင်တဲ့ ကွန်ဒိုတိုက်ခန်း က အိတ်များကို သူမ ကားထဲ ထည့်သွင်းနေ တာ တွေ့မြင်ခဲ့တယ်လို့ ထွက်ဆို ထားခဲ့ပြီး ဇန်နဝါရီ ၃၁ရက်မှာ ရဲဌာနက ဒွန်နာကိုဖမ်းဆီး ခဲ့တယ်လို့ သိရပါတယ်။


Ref: The Enquirer

Flower News Journal အတွဲ (၁၀) အမှတ် (၁၄)

Yangon Media Group
From....Search Myanmar


No comments:

Post a Comment