*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 9 August 2013

"၇ုပ်ကိုလည်းပြင် စိတ်လည်းပြင်"

“ ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင် ”
“ ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင် ”
••••••••••••••••••••••••••••••••
"♦ နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်....၊
အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်...။

♦ မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ မြင်စဉ်မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါ့မယ်။

♦ တန်းတူတွေ့ရင် ၊ မေတ္တာဝင်၊ မ၀င်နိုင်က၊ ပြိုင်တတ်တယ်၊
ပြိုင်မဲ့အစား မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါမယ်။

♦ ကိုယ့်အောက်တွေ့ရင်၊ ကရုဏာဝင် ၊ မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မဲ့အစား ၊ ကရုဏာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

♦ ကိုယ့်ထက်သာရင် မုဒိတာဝင်၊ မ၀င်ဣဿ ယိုင်တတ်တယ်။
ယိုင်မဲ့အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

♦ ရုပ်ကိုလည်းပြင် စိတ်လည်းပြင် ပြင်ဆင်တိုင်းရ ပြင်တိုင်းလှ၊
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ "

- ( မစိုးရိမ် ပဋ္ဌာန်းကျောင်းဆရာတော် အရှင်ဝိသုဒ္ဓါဘိဝံသ )

Photo Credit : wikimedia.org

Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm

                                မောင်{စွယ်စုံကျမ်း} မှမျှဝေဖေါ်ပြသည်......

No comments:

Post a Comment