*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 19 January 2014

လေး အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းရေတွက်ပုံ


" လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းရေတွက်ပုံ "
★★★★★★★★★★★★★★★★★★★★★★

(၁) ဒီပင်္ကရာဘုရားပွင့်ရာ ကမ္ဘာကြီးကုန်ဆုံးသောအခါ ကမ္ဘာကြီးတစ်ခုပေါ်လာသည်။
ထိုကမ္ဘာမှာ ဘုရားမပွငိ့သော သုညကမ္ဘာဖြစ်၏။
ထိုကဲ့သို့သော သုညကမ္ဘာကြီးပေါင်း
မည်မျှဟု ရေတွက်မရအောင်များလှ၏ ။
ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။
ထိုကမ္ဘာ၌ ကောဏ္ဌညဗုဒ္ဓ ပွင့်တော်မူ၏ ။
ထိုဘုရားပွင့်ရာကမ္ဘာကို အသုညကမ္ဘာဟု
ခေါ်၏ ။ ထိုဒီပင်္ကရာဗုဒ္ဓပွင့်ရာကမ္ဘာနှင့်
ကောဏ္ဌညဗုဒ္ဓပွင့်တော်မူရာ ကမ္ဘာနှစ်ခုအကြားကာလ၌
ပေါ်ခဲ့သော သုညကမ္ဘာကြီးပေါင်း အသင်္ချေသည် အလောင်းတော်ပရမီ ဖြည့်ကျင့်ရာ ဗုဒ္ဓန္တရအသင်္ချေ တစ်ခုဖြစ်၏ ။


(၂) ထိုကောဏ္ဌည ဗုဒ္ဓပွင့်ရာ ကမ္ဘာကုန်ဆုံးသောအခါ
ဘုရားမပွင့်သည့် သုည ကမ္ဘာကြီးပေါင်းအသင်္ချေ လာပြန်၏ ။ ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။ထိုကမ္ဘာ၌
မင်္ဂလာဗုဒ္ဓ ၊ သုမနဗုဒ္ဓ ၊ ရေ၀တ ဗုဒ္ဓ၊ သောဘိတ ဗုဒ္ဓ ဟူသော
ဗုဒ္ဓလေးဆူ ပွင့်တော်မူ၏။
ထိုကောဏ္ဌည ဗုဒ္ဓပွင့်ရာကမ္ဘာမှ မင်္ဂလာဗုဒ္ဓတို့ပွင့်ရာ
ကမ္ဘာတို့အကြားကာလ၌ ပေါ်ခဲ့သော
သုညကမ္ဘာကြီးပေါင်း အသင်္ချေသည်
အလောင်းတော်ပါရမီဖြည့်ကျင့်ရာ ဗုဒ္ဓန္တရအသင်္ချေ တစ်ခုဖြစ်၏ ။

(၃) ထိုဘုရားလေးဆူပွင့်တော်မူရာ ကမ္ဘာကုန်ဆုံးသောအခါ သုညကမ္ဘာကြီးပေါင်း အသင်္ချေ လာပြန်၏ ။ ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။
ထိုကမ္ဘာ၌ အနောမဒဿီ၊ ပဒုမဗုဒ္ဓ၊ နာဒရ ဗုဒ္ဓ
၊ ဟူသော ဘုရားသုံးဆူပွင့်တော်မူ၏ ။
ထို မင်္ဂလာဗုဒ္ဓ ဘုရားရှင်တို့ပွင့်ရာ ကမ္ဘာနှင့် အနောမဒဿီ ဘုရားရှင်တို့ပွင့်ရာ ကမ္ဘာအကြား၌ ဖြစ်ပေါ်ခဲ့သော
သုညကမ္ဘာကြီးပေါင်းအသင်္ချေသည် အလောင်းတော်ပါရမီဖြည့်ကျင့်ရာ
ဗုဒ္ဓန္တရအသင်္ချေ တစ်ခုဖြစ်၏ ။

(၄) နာဒရဗုဒ္ဓပွင့်ရာ ကမ္ဘာကုန်ဆုံးသောအခါ သုည
ကမ္ဘာကြီးပေါင်းအသင်္ချေ လာပြန်၏ ။
ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။
ထိုကမ္ဘာ၌ ပဒုမုတ္တရ ဗုဒ္ဓပွင့်တော်မူ၏ ။
နာဒရ ဘုရားရှင်တို့ပွင့်ရာ ကမ္ဘာနှင့် ပဒုမုတ္တရဗုဒ္ဓ ပွင့်တော်မူရာ ကမ္ဘာအကြား၌ ဖြစ်ပေါ်ခဲ့သော သုညကမ္ဘာပေါင်းသည် ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။

★ ဤသို့လျှင် အလောင်းတော်ပါရမီဖြည့်ရာ
ဗုဒ္ဓန္တရ အသင်္ချေလေးရပ်ဖြစ်သည်။ ★

"ကမ္ဘာတစ်သိန်း "

★ ထိုနောက် ပဒုမုတ္တရ ဗုဒ္ဓပွင့်ရာ ကမ္ဘာမှ သိခီဗုဒ္ဓနှင့် ဝေဿဘူဗုဒ္ဓ နှစ်ဆူပွင့်တော်မူရာ
ကမ္ဘာအထိ ကမ္ဘာပေါင်းတစ်သိန်းနှစ်ကမ္ဘာရှိ၏ ။
ကမ္ဘာတစ်သိန်း ဟူ၍အလွယ်ခေါ်ကြသည်။
ထိုကမ္ဘာများအတွင်း၌ ဘုရား ၁၂ ဆူပွင့်တော်မူကြ၏ ။ အလောင်းတော်သည် ထိုကမ္ဘာတစ်သိန်း နှစ်ကမ္ဘာကာလပတ်လုံး ပါရမီဆယ်ပါး အပြားသုံးဆယ် တို့ကို ဖြည့်ကျင့်တော် မူခဲ့၏။

ဤသည်ကား ဘုရားအလောင်းတော် ပါရမီဖြည့်ကျင့်ရာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ရေတွက်ပုံပင်ဖြစ်ပါသည်။

(အရှင်ဇ၀န မေတ္တာရှင်ရွှေပြည်သာ )

(အရှုံးမရှိသောဒဿန စာအုပ်မှ)

ဘုရားရှင်၏ ပါရမီဖြည့်ပုံကို နှလုံးသွင်း၍ ဂုဏ်တော်တွေကိုပွားများကြပါစို့
ကမျာ။

Aye Chan Mon# Credit To : နှလုံးသားအာဟာရ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

(၁) ဒီပင်္ကရာ ဘုရား ပွင့်ရာ ကမ္ဘာကြီး ကုန်ဆုံးသော အခါ ကမ္ဘာကြီး တစ်ခုပေါ်လာသည်။

ထိုကမ္ဘာ မှာ ဘုရား မပွငိ့သော သုည ကမ္ဘာဖြစ်၏။
 
ထိုကဲ့ သို့သော သုည ကမ္ဘာကြီးပေါင်း မည်မျှ ဟု ရေတွက် မရအောင် များလှ၏ ။
ထို့နောက် ကမ္ဘာတစ်ခုပေါ်လာ၏ ။ ထိုကမ္ဘာ၌ ကောဏ္ဌည ဗုဒ္ဓ ပွင့်တော်မူ၏ ။
ထို ဘုရားပွင့်ရာ ကမ္ဘာကို အသုည ကမ္ဘာဟု ခေါ်၏ ။


 ထို ဒီပင်္ကရာ ဗုဒ္ဓပွင့်ရာ ကမ္ဘာနှင့် ကောဏ္ဌညဗုဒ္ဓ ပွင့်တော် မူရာ ကမ္ဘာနှစ်ခု အကြား ကာလ၌ ပေါ်ခဲ့သော သုည ကမ္ဘာကြီးပေါင်း အသင်္ချေ သည် အလောင်းတော် ပါရမီ ဖြည့်ကျင့် ရာ ဗုဒ္ဓန္တရ အသင်္ချေ တစ်ခုဖြစ်၏ ။



(၂) ထိုကောဏ္ဌည ဗုဒ္ဓ ပွင့်ရာ ကမ္ဘာ ကုန်ဆုံးသော အခါ ဘုရား မပွင့်သည့် သုည ကမ္ဘာကြီးပေါင်း အသင်္ချေ လာပြန်၏ ။ ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။ ထိုကမ္ဘာ၌ မင်္ဂလာဗုဒ္ဓ ၊ သုမနဗုဒ္ဓ ၊ ရေ၀တ ဗုဒ္ဓ၊ သောဘိတ ဗုဒ္ဓ ဟူသော ဗုဒ္ဓလေးဆူ ပွင့်တော်မူ၏။
 
ထိုကောဏ္ဌည ဗုဒ္ဓပွင့် ရာ ကမ္ဘာ မှ မင်္ဂလာဗုဒ္ဓ တို့ပွင့်ရာ ကမ္ဘာတို့ အကြား ကာလ၌ ပေါ်ခဲ့သော
သုည ကမ္ဘာကြီးပေါင်း အသင်္ချေ သည် အလောင်းတော် ပါရမီဖြည့်ကျင့် ရာ ဗုဒ္ဓန္တရအသင်္ချေ တစ်ခုဖြစ်၏ ။

(၃) ထိုဘုရားလေးဆူ ပွင့်တော် မူရာ ကမ္ဘာ ကုန်ဆုံးသော အခါ သုည ကမ္ဘာကြီးပေါင်း အသင်္ချေ လာပြန်၏ ။ ထို့နောက် ကမ္ဘာတစ်ခုပေါ်လာ၏ ။
 
ထိုကမ္ဘာ၌ အနောမဒဿီ၊ ပဒုမဗုဒ္ဓ၊ နာဒရ ဗုဒ္ဓ၊ ဟူသော ဘုရားသုံးဆူ ပွင့်တော်မူ၏ ။
ထို မင်္ဂလာ ဗုဒ္ဓ ဘုရားရှင်တို့ ပွင့်ရာ ကမ္ဘာနှင့် အနောမဒဿီ ဘုရားရှင် တို့ပွင့်ရာ ကမ္ဘာ အကြား၌ ဖြစ်ပေါ် ခဲ့သော သုည ကမ္ဘာကြီးပေါင်း အသင်္ချေသည် အလောင်းတော် ပါရမီဖြည့်ကျင့်ရာ ဗုဒ္ဓန္တရအသင်္ချေ တစ်ခုဖြစ်၏။

(၄) နာဒရဗုဒ္ဓပွင့်ရာ ကမ္ဘာကုန်ဆုံးသောအခါ သုည ကမ္ဘာကြီးပေါင်းအသင်္ချေ လာပြန်၏ ။
ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။
 
ထိုကမ္ဘာ၌ ပဒုမုတ္တရ ဗုဒ္ဓပွင့်တော်မူ၏ ။ နာဒရ ဘုရားရှင်တို့ပွင့်ရာ ကမ္ဘာနှင့် ပဒုမုတ္တရဗုဒ္ဓ ပွင့်တော်မူရာ ကမ္ဘာအကြား၌ ဖြစ်ပေါ်ခဲ့သော သုညကမ္ဘာပေါင်း သည် ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။

★ ဤသို့လျှင် အလောင်းတော်ပါရမီဖြည့်ရာ
ဗုဒ္ဓန္တရ အသင်္ချေလေးရပ်ဖြစ်သည်။ ★

"ကမ္ဘာတစ်သိန်း "

★ ထိုနောက် ပဒုမုတ္တရ ဗုဒ္ဓပွင့်ရာ ကမ္ဘာမှ သိခီဗုဒ္ဓနှင့် ဝေဿဘူဗုဒ္ဓ နှစ်ဆူပွင့်တော်မူရာ ကမ္ဘာအထိ ကမ္ဘာပေါင်း တစ်သိန်းနှစ်ကမ္ဘာရှိ၏ ။
 
ကမ္ဘာတစ်သိန်း ဟူ၍အလွယ်ခေါ်ကြသည်။ ထိုကမ္ဘာများ အတွင်း၌ ဘုရား ၁၂ ဆူပွင့်တော်မူကြ၏ ။ အလောင်းတော် သည် ထိုကမ္ဘာ တစ်သိန်း နှစ်ကမ္ဘာ ကာလပတ်လုံး ပါရမီဆယ်ပါး အပြားသုံးဆယ် တို့ကို ဖြည့်ကျင့်တော် မူခဲ့၏။

ဤသည်ကား ဘုရားအလောင်းတော် ပါရမီဖြည့်ကျင့်ရာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ရေတွက်ပုံ ပင်ဖြစ်ပါသည်။

 


(အရှင်ဇ၀န မေတ္တာရှင်ရွှေပြည်သာ )(အရှုံးမရှိသောဒဿန စာအုပ်မှ)
ဘုရားရှင်၏ ပါရမီဖြည့်ပုံကို နှလုံးသွင်း၍ ဂုဏ်တော်တွေကို ပွားများကြပါစို့ ။


From...Aye Chan Mon# Credit To : နှလုံးသားအာဟာရ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments:

Post a Comment