*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 8 June 2014

သမုဒ္ဒရာ ကြမ်းပြင် ထက်မှ အဖြူရောင် မိန်းမလှလေးများ




သမုဒ္ဒရာ ကြမ်းပြင်ထက်မှ အဖြူရောင် မိန်းမလှလေးများ

ဘင်ဂျမင် ဗွန်ဝေါင် သည် စိတ်ကူး ဆန်းသစ် သည့် စွယ်စုံ ရ ဓာတ်ပုံ ဆရာ တစ်ဦး အဖြစ် နာမည် ရနေသူ တစ်ဦးဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း အနီးရှိ ပင်လယ်ကြမ်းပြင်အောက် သင်္ဘော ပျက်ကြီး တစ်စင်း တွင် ဘင်ဂျမင်နှင့် ၎င်း၏ အဖွဲ့ ဖန်တီး ခဲ့သော ရေအောက် ဓာတ်ပုံများမှာ မူ ဒဏ္ဍာရီ ဆန်ဆန် ပုံရိပ်မျိုး သဖွယ် လူအများ ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ 

ဘင်ဂျမင် တို့ အဖွဲ့သည် သရုပ်ပြမော်ဒယ်လ် မိန်းကလေး များကို ရေနက် ပိုင်း သင်္ဘောပျက်ကြီး တွင် ကိုယ်ဟန်ပြစေပြီး ဆန်းကျယ် လှပသည့် ရှုထောင့်များမှ ဓာတ်ပုံကောင်းများ ရိုက်ယူခဲ့ခြင်း ဖြစ်သည်။








အဆိုပါ ရိုက်ကူးရေး လုပ်ငန်းစဉ် ကို ဘင်ဂျမင် က YouTube တွင် လွှင့်တင် ခဲ့ရာ လူအများ ၏ ချီးကျူး မှုကို ခံယူ ခွင့် ရခဲ့သည်။ အရောင် ရင့်ရင့် ပင်လယ်ရေအောက် ရှုခင်း ကို နောက်ခံ ထားကာ အဖြူရောင် ဂါဝန် ရှည်နှင့် မော်ဒယ်လ် များ၏ ပုံရိပ်ကို ဘင်ဂျမင် က အမိ အရ ကြိုးစား ရိုက်ယူခဲ့ခြင်း ဖြစ်သည်။ 


ယင်း ရိုက်ကွင်း အတွက် ရေငုပ် သမားများ ၏ အကူအညီ ကို ရယူ ခဲ့ရသလို ဓာတ်ပုံ အဖွဲ့သား အားလုံး အလွန် တရာ အားစိုက် ခဲ့ရကြောင်း သိရှိရသည်။ ဘင်ဂျမင် က ၎င်း၏ စိတ်ကူး စိတ်သန်းများ ဆန်းသစ်ခြင်းနှင့် ပတ်သက် ၍လည်း ကိုယ်ပိုင် အမြင်ကို ပြောဆိုခဲ့သေးသည်။



 


“ကျွန်တော် အချိန်တွေ အကြာကြီး လေ့လာ ခဲ့တဲ့နောက် သေချာပေါက် သိရှိ လာတာက အကောင်းဆုံး ရလဒ်တွေ ဆိုတာ က အတော်ဆုံး ဆိုတဲ့ ပညာရှင်တွေ ဆီကချည်း ထွက်ပေါ်လာတတ် တာ မဟုတ်ဘူး ဆိုတာ ပဲလေ။ 

အထိရောက်ဆုံး ရည်ရွယ်ချက် ကို ဖမ်းဆုပ်မိ လိုက်တဲ့ လူတစ်ယောက် ရဲ့ စိတ်အတွေး ကသာ တန်ဖိုး အရှိဆုံး ဖြစ်ပါတယ်”ဟု ဘင်ဂျမင် က ဆိုသည်။ ၎င်းက “ကျွန်တော့် ဓာတ်ပုံရိုက်ကွင်းတွေ မှာ ပါဝင်တဲ့ သူတွေ က တကယ့် ကို နှစ်နှစ် ကာကာ စိတ်အား ထက်ထက် သန်သန် ကူညီ ချင်ကြတာ ကလည်း ကျွန်တော့် အတွက် အားတစ်ရပ် ပါပဲ”ဟုလည်း ပြောကြား သွားခဲ့သည်။

planet

No comments:

Post a Comment