*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 28 September 2013

လက်မထပ်ခင် အတူတူနေခြင်း နှင့် ကိုယ်ဝန်ပြဿနာ ...

Online Photos
အခုခေတ် မှာ ယောကျာ်းလေးနဲ့ မိန်းကလေး လက်မထပ်ခင် ဟိုတယ်မှာ အတူတူ သွားနေတာမျိုး .... လူကြီးမိဘ မရှိတဲ့ အခန်း ... သူငယ်ချင်းတွေ အခန်းတွေမှာ အတူတူ နေကြတာ မျိုးတွေဟာ မဆန်းတော့ပါဘူး ... (ကြိုပွိုင့် စနစ်နဲ့ အရစ်ကျ ငွေချေပြီး တိုက်ခန်းဝယ်သလိုပေါ့)

တစ်ခုပဲ ဆန်းတာက ... လက်မထပ်ခင် ကိုယ်ဝန်ယူခြင်း .. မယူခြင်းကိစ္စ




မိန်းကလေး တစ်ယောက်ဟာ ... ကိုယ့်သဘောနဲ့ ကိုယ် ချစ်သူ နဲ့ လိုက်နေတယ် ... လက်မထပ် ဘဲ အတူ တူနေပြီ ဆို ကတည်းက .. ကိုယ်ဝန် ဆိုတဲ့ ကိစ္စကို ခေါင်းထဲ ထည့် ထားရမယ် .. အနောက်နိုင်ငံမှာ Single Mom ဆိုတာ ပြဿနာ မရှိပေမယ့် .. မြန်မာနိုင်ငံ မှာတော့ ... Single Mom ဆိုရင် ပဲ လင်ကောင် မပေါ်ဘဲ ဗိုက်ကြီး သလိုလို .. ပတ်ဝန်းကျင် က ရှုံ့ချကြတယ်။


တစ်ခါ တစ်ရံမှာ အိပ်ဖြစ်တဲ့ စုံတွဲတွေ အတွက် .. နှစ်ယောက် အတူတူနေပြီးရင် Emergency Pill ကို (၇၂)နာရီ အတွင်း သောက်လို့ ရတယ်။ မကြာမကြာ နေဖြစ်တဲ့ စုံတွဲတွေ ကတော့ ... OC pill or Injection ထိုး ထားလို့ ရပါတယ် ...

မိန်းကလေးတွေ ဘက်က တရားဝင် လက် မထပ်နိုင်သေးဘဲ အိပ်ဖို့ သက်သက် .. ဖီးလ်ကောင်း ဖို့ သက်သက်ပဲ သိပြီး .. ကိုယ်ဝန် ရသွားမှ ... ယောကျာ်းလေး ကို ဇွတ်ယူခိုင်း တာမျိုး .. ယောကျာ်းလေး ဘက်က Ready to get Married အခြေ အနေမျိုး မဖြစ်သေး လို့ အချိန်ဆွဲ တာမျိုး .. ရှောင်တာမျိုးကို ရင်ဆိုင်ရမှ ... လူယုတ်မာ လို့ မပြောကြနဲ့ ... ယောကျာ်း ဆိုတာ ... ဒီလိုမျိုး လည်း လုပ်ချင် လုပ်တတ် လိမ့်မယ် လို့ ကြိုတွေးပြီးမှ အိပ်ကြပါ။ အဲဒီလောက် အထိ အဆုံးစွန် စိတ်ဓါတ် ကို ပြင်ဆင် ထားပြီးမှ အတူတူ လိုက်အိပ်ကြပါ။

Living Together နေတုန်း ကတော့ ခေတ်မှီကြပြီး .. ဗိုက်ကြီး မှ ကိုယ့်ချစ် သူကို မျက်နှာ ငယ်လေးနဲ့ မယူခိုင်းနဲ့ ... ကိုယ့်ကို အတူတူ အိပ်ပြီး သွားတဲ့ ယောကျာ်းတိုင်း ကိုယ့်ကို ယူချင်မှ လည်း ယူလိမ့်မယ် .. ယူချင်လည်း ယူလိမ့်မယ် .. နဂို ကတည်းက စိတ်ဓါတ် မမာရင် .. Living Together မနေကြနဲ့ ... တရားဝင် လက်ထပ်ပြီး မှ အတူတူနေ ... ခေတ်မှီ ချင်တော့ LT နေတယ် .. ယောကျာ်းလေးက ထွက်ပြေး မှ .. မြန်မာ မိန်းမပီပီ ... အရှက်တွေ သိက္ခာတွေ လာမပြောနဲ့ ။။ (နားခါးတယ်။)

ယောကျာ်းလေး က ကိုယ်ဝန် မရအောင် မကာကွယ်တတ် ရင်လည်း မိန်းကလေး ဘက်က သိထားရမယ် .. ကာကွယ်တတ် ရမယ် ... ကိုယ်ဝန် ရသွားပြီးမှ လူ့လောက ထဲ ရောက်လာမယ့် ကလေးဟာ ... အဖေ အမေ မစုံ မလင် နဲ့ မျက်နှာ ငယ်ရမယ့် အဖြစ်မျိုးကို ... ဖခင်လောင်း မိခင်လောင်းတွေ အလေးထား သင့်တယ်။

မြန်မာ မလေးတွေ ခေတ်မှီ တဲ့နေရာမှာ .. ဘက်စုံ ခေတ်မီကြ ဖို့ လိုတယ် ..

(သမီးဆိုး)

(Cuttie) :D
From...Facebook

No comments:

Post a Comment