အခါ အားလျှော်စွာ လွှတ်ချ ခဲ့တဲ့ တစုံတရာမှာ
ကြယ် အဖြူကလေးတွေ က တိုးတိုးလေးပြောတယ်
ကောင်းကင် တစ်ဖက်စွန်း မှာ မိုးတွေပြိုနေပြီတဲ့
ခက်တာပဲ ညီမလေးရယ်
ငါကလည်း ဘာကို မှ ကြီးမြတ်တယ်လို့ မထင်မိတဲ့ကောင်ပါ ....
ပန်းခင်းလမ်းတွေ မဟုတ်မှန်းတော့ သိခဲ့ပါတယ်
ရီဝေသွယ်ပြောင်း တဲ့ အမိန့် တစုံတရာမှာ
ရှတတ အပြုံးတွေ ဘာလို့ ပျော်ဝင် နစ်မူးနေခဲ့ ရသလဲ
ခါးတယ် ဆိုတာ ခံစားချက် သက်သက်ပါကွဲ့....
အေးစက်နေတဲ့ ဆောင်း ဥတုပေါက် ကလေးဟာ
၂၄ နာရီ ရဲ့ စက္ကန့်သံခြောက်ခြောက်ခြားခြား မှာပဲ
အိပ်မက်တွေ ကို ရိုက်နင်း ချိုးဖျက် သွားတယ်
ဒီလို ပါပဲကွယ် . . . ရေရေရာရာ ဆိုတာ ဘာဆို ဘာမှ မရှိပါဘူး....
သွားခဲ့ မိတဲ့ ခရီးတစ်ခု ဟာလည်း
အဆုံးလည်း မရှိ အစလည်း မရှိ အရာရာနတ္တိပေါ့ကွဲ့
အခုတော့ . . ဘာရယ် မဟုတ်ဘူး
ကိုယ့် ရင်ဘတ် ကိုယ်ပဲ ပြန်ပြန် ငုံ့ကြည့်နေခဲ့ မိတယ်
ခါးလိုက်တာ ညီမလေးရယ် . .
ငါက ပကတိ အရှိ တရား ကိုမှ မြတ်နိုး တဲ့ကောင်ပါ
ဆောင်းနှင်း ရဲ့ အေးစက်စက်နိုင်မှု ကိုလည်း
တခုတ် တယ ရင်ခွင် ထဲ ထည့်ထားချင်နေခဲ့ ရသူ
ဘာမှ မထူးခြားဘူး ဆိုရင်တောင်
ဒီ တစ်ရက်တော့ ခတ္တာ တို့ကို ဝေပါ
ပြဿဒါး မှာ ဖွား ခဲ့တဲ့ကောင်မို့
ငါ့ကို အမှောင် လို့ပဲမြင်ပါ ညီမလေးရယ်.......
ဖျော့တော့သော ရီဝေလင်းရှ ညနေခင်း အလွန်
မြို့ပျက်ညတွေ ပါ ညီမလေးရယ်
ရင်ဘတ်ထဲ က လရိပ်ညို ကလေးက ဘယ်တော့မှ မလင်းဘူး
တသော့သော့ တမောမော့
အရာရာကပဲ ငါ့ကို ခဏခဏ သတ်တယ်......
မြို့ပျက်ညတွေပါ ညီမလေးရယ်
အချစ် ဆိုတာ အ၀ါရောင် သစ်သီးတစ်လုံး ရဲ့
ချိုမြမွှေးရှတဲ့ ရီဝေ ယစ်မှုးတဲ့ ခံစားချက် တစ်ခုပါ
အခုတော့ နေမ၀င်ခင် . . .
အိပ်မက်တွေ က ခဏခဏကြွေတယ်ကွယ် ။
သက်တန့်ချို
From...Facebook
No comments:
Post a Comment