*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 16 April 2014

မြန်မာ အမျိုးသမီး များ ဒေါ်စုလို ၀တ်စား ဆင်ယင် သင့်သည် ဟု ပြောဆိုလိုက်သည့် ရောခ်ကာကြီး ဇော်ဝင်းထွဋ်

Zaw-Win-Htut-3
















 မြန်မာ အမျိုးသမီးများ ၏ ဝတ်စားဆင်ယင်မှု ကို အကြံပေးပြောဆိုနေသည့် ဇော်ဝင်းထွဋ်။
 ဓာတ်ပုံ - ဖြိုးမမမောင်


မြန်မာ အမျိုးသမီးများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၀တ်စား ဆင်ယင်နေသည့် မြန်မာ ဆန်ဆန် ၀တ်စား ဆင်ယင်မှု ပုံစံ မျိုး ကဲ့သို့ ၀တ်ဆင်သင့်သည် ဟု ရော့ခ်ဂီတ သီဆိုမှု များကို နှစ်ပေါင်းကြာရှည် စွာ ဖြတ်သန်းနေသော ဇော်ဝင်းထွဋ် က ဧပြီ ၁၅ ရက် တွင် မြိုင်ဟေ၀န် ပန်းခြံ သင်္ကြန်ဖျော်ဖြေရေး ၌ မဇ္စျိမသို့ ပြောကြားလိုက်သည်။



"မြန်မာ မိန်းကလေးတွေ ၀တ်စား ဆင်ယင်မှုတွေ ကို အခုခေတ် မှာ တွေ့နေရတာ က အမျိုးသားနဲ့ အမျိုး သမီးပြောင်းပြန်တွေဖြစ်နေကြတာ။ အမျိုးသားတွေက လုံခြုံမှု ရှိပြီး အမျိုးသမီး တချို့ ကတော့ ခေတ်ဆန် တဲ့ အ၀တ် အစားမျိုးတွေ ၀တ်ဆင် လာကြတာကို တွေ့နေရလို့ ပါပဲ။ 

အနောက်တိုင်း က ၀တ်ဆင်ကြတဲ့ အတို အပြတ်တွေကို အတု ယူ ၀တ်ဆင် လာကြတာ များလာ တယ် ။ မြန်မာ လူမျိုးတွေ ရဲ့ ရိုးရာ ယဉ်ကျေးမှု ကို ထိန်းသိမ်း သင့်တယ်လို့ ထင်ပါတယ်။ အနောက်နိုင်ငံတွေ က သူတို့ ရဲ့ ယဉ်ကျေးမှု အရ ၀တ်ဆင်ကြပေမယ့် ကိုယ်တွေ အနေနဲ့ကတော့ အတု မယူသင့်ဘူး။ "ဟု ၄င်းက ပြောသည်။

မြန်မာ ကို ကမ္ဘာက ယဉ်ကျေး သည့် နိုင်ငံ အဖြစ် သတ်မှတ်ထားခြင်းကြောင့် ယခု လို အနောက်တိုင်း က ၀တ်စား ဆင်ယင်မှုကို အတုယူ ၀တ်ဆင်ကြ သည့် သရုပ်ပျက် ၀တ်စား ဆင်ယင်မှု မျိုး မ၀တ်သင့် ဟု ၄င်းက ဆိုသည်။ 

ကမ္ဘာ့နိုင်ငံ များက သိကြသည့် ဒေါ်အောင်ဆန်းစုကြည် ၏ ၀တ်စားဆင်ယင်မှုမျိုး သည် မြန်မာ့ ရိုးရာ ၀တ်စား ဆင်ယင်မှုမျိုး ဖြစ်ခြင်းကြောင့် မြန်မာတို့ အတွက် ဂုဏ်ယူ စရာ တစ်ခုအဖြစ် တည်ရှိနေသည် ဟု ပြောသည်။ 

ကမ္ဘာ့ နိုင်ငံများ သည် မြန်မာ နိုင်ငံ ကို ယဉ်ကျေး သည့် နိုင်ငံ အဖြစ်သိကြသည့် အတွက် မြန်မာ အမျိုးသမီး များ၏ ၀တ်စား ဆင်ယင်မှုကို အစဉ် စောင့်ကြည့်နေခြင်း ဖြစ်သည်။
 
အဆိုတော် ဇော်ဝင်းထွဋ် သည် မြန်မာ နိုင်ငံ ၏ ရောခ့်ဂီတ အနုပညာ နယ်ပယ် တွင် နှစ်ပေါင်းကြာမြင့် စွာ ဖြတ် သန်းခဲ့ သူဖြစ်ပြီး ယနေ့ချိန် အထိ အောင်မြင်လျက် ရှိသူဖြစ်သည်။ 

၎င်းသည် ရှိုးပွဲ ပေါင်းများစွာ ကို သီဆို ဖျော်ဖြေ ခဲ့သူဖြစ်ကာ စီးရီးများစွာ ကိုလည်း ထွက်ရှိ ခဲ့သူဖြစ်သည်။
အဆိုတော် ဇော်ဝင်းထွဋ် သည် ၄င်း၏ ယခုနောက်ပိုင်း ဂီတဖြတ်သန်း မှု တွင် မျိုးဆက်သစ် အနုပညာရှင် များစွာ ကို လက်တွဲကာ စင်မြင့်ထက် သို့ တင်ပေးနေသူ တစ်ဦးဖြစ်သည်။

 Written by  နိုင်ရာ 
From...



No comments:

Post a Comment