*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 1 June 2014

မိတ္ထိလာမြို့ အိမ်တစ်အိမ် တွင် ပုဏ္ဏက တိုက်ပြီး ထူးဆန်းစွာ အလိုအလျှောက် မီးလောင်မှုဖြစ်ပွား


10177327_682447825126355_5780766885683480732_n


မိတ္ထီလာမြို့၊ ပြည်သာယာ(တောင်) ရပ်ကွက်၊ (၃) လမ်းရှိ ဒေါ်မြင့်မြင့်စိုး ၏ အိမ်အမှတ် (157) တွင် မေလ (၃၀) ရက်နေ့ နံနက်က အိမ် အတွင်းရှိ ဖက်လုံး၊ ခေါင်းအုံးနှင့် မွေ့ယာ များ ထူးဆန်းစွာ အလိုအလျှောက် မီးလောင်မှုဖြစ်ပွားနေ သဖြင့် ဒေါ်မြင့်မြင့်စိုး အပြင် လူအများ လာရောက် ၀ိုင်းအုံကြည့်ရှုနေကြသည်။

ဖြစ်ပွား ပုံမှာ ဒေါ်မြင့်မြင့်စိုး ၏ (၂)ထပ်တိုက် ၏ အောက်ထပ် ရှိ ၄င်း၏ မိခင်ဒေါ်စောလှ အိပ်သည့် အခန်း အတွင်းရှိ ခေါင်းအုံးနှင့် စောင်မှာ လူ မအိပ်သည့် အခန်းအတွင်း မှ ဖက်လုံးနှင့် လိုက်ကာ အလို အလျောက်လောင် ကျွမ်း သဖြင့် အိမ်နီးချင်း ဦးထွန်းငြိမ်းနှင့် အိမ်ရှင် ဒေါ်မြင့်မြင့်စိုးက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း ထံ အကြောင်းကြား ၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရောက်ရှိနေစဉ် ၁၂း၃၀ နာရီခွဲ အချိန်တွင် အိမ် အပေါ်ထပ်ရှိ ဖက်လုံးနှင့် ခေါင်းအုံး မီးလောင်ရာ အိမ်ရှင်နှင့် ရပ်ကွက် အုပ်ချုပ်ရေး မှူး တို့က ၀ိုင်းဝန်းငြိမ်းသက်လိုက်ကြရသည်။ 



အိမ်ပိုင်ရှင် ဒေါ်မြင့်မြင့်စိုး ၏ ထွက်ဆိုချက် အရ မီးလောင်ကျွမ်း ခဲ့သည့် ပစ္စည်းများသည် မည်သူ တစ်ဦး တစ်ယောက် မှ မီးရှို့ခြင်း မဟုတ်ဘဲ အလိုအလျောက် မီးစွဲတောက်လောင် ခဲ့ခြင်းဖြစ်သည်ဆို၏။
မီးလောင်သည့် အကြောင်းအရင်း အဖြစ်အမှန်အား သိရှိ ရန် မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးနေစဉ် (၃း၂၀)အချိန်တွင် အပေါ်ထပ် ကုတင်ပေါ် ရှိ စောင်နှစ် ထည်မှာ အလို အလျှောက် မီးအနည်းငယ်လောင်ကျွမ်း ခဲ့သည်။ (၃း၃၀) အချိန်တွင် ခုံတန်းလျားပေါ် တွင် တင်ထား သည့် ဖက်လုံး မှာ အလိုအလျောက် မီးအနည်းငယ် ထပ်မံလောင်ကျွမ်းခဲ့သည်။ 

(၄း၄၀)နာရီ တွင် အောက်ထပ် လူမနေသော အိပ်ခန်း ၌ အ၀တ်ထားသည့် စင်ပေါ် ရှိ လုံချည်မှာ အလို အလျောက် မီး အနည်းငယ် ထပ်မံလောင်ကျွမ်း ခဲ့သည်။ (၆း ၄၅) နာရီအချိန်တွင် အုတ်ရေကန် အနီး မီးဖို မျက်နှာကျက် မှ ဖြုတ်ချ ထားသော ပလပ်စတစ် ပီနံစ အနည်းငယ် မီးထပ်မံလောင်ကျွမ်း သဖြင့် မီးသတ်ဆေး ဘူးဖြင့် ငြိမ်းသတ်ခဲ့ရသည်။

မေလ (၃၀)ရက်နေ့ က အလို အလျောက် မီးကိုးကြိမ်လောင်ကျွမ်း ခဲ့သဖြင့် အိမ်ရှင်ဒေါ်မြင့်မြင့်စိုး က တောင်ပုလု လမ်း သစ္စာပြု ဆရာတော် အမှူးပြုသော ပင့် သံဃာငါးပါး အား ပင့်ဖိတ် ၍ နေအိမ်တွင် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ရာ ဆရာတော် များ ပဋ္ဌာန်းရွတ်ဖတ်ချိန်မှ စ၍ နောက်ပိုင်းတွင် အလို အလျောက် မီးလောင်ကျွမ်းမှု များ ဖြစ်ပွားခြင်း မရှိတော့ချေ။
 

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးလောင်မှုဖြစ်ပွားသောနေရာ သို့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ရွှေ၊ ဒုမြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်း၊ အမှတ်(၃) စခန်းမှူး ရဲအုပ်လေးအောင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။ 

မီးလောင်ကျွမ်းသည့် အိမ်တွင် မေလ (၃၀) ရက်နေ့က မီးငြိမ်း သတ်ရေးလုပ်ငန်း များ လုပ်ကိုင်ရန် သန္ဓေ မီးသတ် ၂ ဦး၊ အရန် မီးသတ် ၈ ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၂ ဦး တို့ ည လုံခြုံရေးအတွက် ကူညီစောင့်ရှောက်ပေး ခဲ့သည်။

မေလ (၃၁)ရက်နေ့ နံနက် တွင် အလို အလျောက်မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့သည်။ မီးလောင်ရာ အိမ်သို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြို့နယ် ဖွဲ့ဖြိုးတိုးတက်ရေး အထောက်အကူ အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝင်များ လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
 

မီးလောင်သည့် တိုက်အိမ်မှာ အမွေ ဆိုင်တိုက်ဖြစ်ပြီး ပုဏ္ဏက အတိုက် အခံဖြစ်ဖြစ်ကြောင်း ပြော ဆိုနေကြ သည်။ ထို့အပြင် ယခင် သုံးလခန့် ကလည်း သိန်း(၅၀)ပေးရန် ခြိမ်းခြောက် ခံရသော အိမ်ဖြစ်သည် ဆို၏။ ယခု မီးမလောင်ခင် အိမ်ရှိ ခွေးငယ် ကလေးမှာ ထူးဆန်း စွာဟောင်ပြီး မကြာမီ မီးလောင် ခဲ့ခြင်းဖြစ်သည် ဆို၏။

ဤကဲ့သို့ ထူးဆန်း အံ့သြဖွယ်မီးလောင်မှု ကို တစ်မြို့လုံး က ကားများ၊ ဆိုင်ကယ် များဖြင့် စိတ်ဝင်တစား လာရောက်ကြည့်ရှုနေကြသည်။


ဦးတင်လှိုင်(မိတ္ထီလာ)
news watch

No comments:

Post a Comment